Wednesday, April 16, 2014

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်မိသားစု စကားများ ရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး (၄င်းသတင်းအား ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ )

ရေပတ်စဉ် ပါးနမ်းမှု ခဲတံချွန် ဓါးနှင့် လူသတ်မှု ဖြစ်ပြီးနောက် မီးရှို့ မှု ထပ်ဖြစ်

16 April 2014 01:01(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၄၅ အချိန်တွင် ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းရှိ ဦးမောင်ဦး(ခ)တင်မောင်ဦး၏ နေအိမ် မီးဖိုဝါးထရံနှင့် အိမ်ချင်းကပ်လျက်နေ မဇင်မီမီထွန်း(ခ)ဇင်မီလေး၏ နေအိမ် နောက်ဖေး မီးဖိုဝါးထရံတို့ကို မီးကူးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်တို့မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၇၅၀ အချိန်တွင်မီးငြိမ်းသွား ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါသည်။

ဖြစ်စဉ်အား စုံစမ်းရာမှာ ဧပြလ(၁၄)ရက်နေ့ ညနေ (၄)နာရီ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများ ရန်ဖြစ်ခဲ့ကြရာ မဇင်မီမီထွန်း (ခ)ဇင်မီလေးမှ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့၍ ဒေါ်တင်တင်မော် သေဆုံးခဲ့ရပါသည်။

အဆိုပါ လူသေဆုံးမှုကို နှစ်ဘက်အပြန်အလှန် အမှုဖွင့် တိုင်ကြားခဲ့ကြသဖြင့် မဇင်မီမီထွန်း(ခ) ဇင်မီလေးကို အမှုဖြင့် ဖမ်းဆီးထားရှိသည့် ကိစ္စအား မဇင်မီမီထွန်း(ခ) ဇင်မီလေး၏ ဆွေမျိုးများဖြစ်သည့် ဦးမောင်ဦး(ခ)တင်မောင်ဦးနှင့် သားဖြစ်သူ ရဲလင်းထက်တို့မှ မကျေနပ်၍ တစ်ရပ်ကွက်လုံးအား မီးရှို့ပစ်မည်ဟု ကြိမ်းမောင်းပြီး နေအိမ်ကိုမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဦးမောင်ဦး(ခ)တင်မောင်ဦး၊ (၄၁)နှစ်၊ (ဘ)ဦးကျော်ငွေနှင့် သားဖြစ်သူ ရဲလင်းထက်၊ (၁၉)နှစ်တို့(၂)ဦးကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါသည်။

BY THIT HTOO LWIN



0 ကွန်မန့်ရေးရန်:

Post a Comment