Wednesday, April 16, 2014

Facebook App တွင် Chat စွမ်းဆောင်ချက် ကို ဖယ်ရှားမည်............









Facebook က သူ့ရဲ့ Mobile App များမှာ Chat စွမ်းဆောင်ချက် ကို ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။ Face
book က Chat စွမ်းဆောင်ချက် အတွက် Messenger App ကို အသုံးပြုစေချင်တဲ့ပုံပေါ်ပါတယ်။ ဥရောပ
နိုင်ငံအချို့မှ Facebook အသုံးပြုသူများ ဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ Chat စွမ်း
ဆောင်ချက်ကို Mobile App ကနေ ဖယ်ရှားမှာ ဖြစ်တဲ့အတွက် Messenger ကို အသုံးပြုဖို့ Notification
တွေ ရရှိတယ်လို့ သိရပါတယ်။

Facebook မှ ပြောရေးဆိုခွင့်ရှိသူက Messenger ကနေ စာပေးပို့တာဟာ Facebook Mobile App ကနေ
ပေးပို့တာထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တယ်လို့ The Next Web ကို ပြောပါတယ်။ ထို့အပြင် Messen
ger App မှာ စွမ်းဆောင်ချက် အသစ်တွေ အမြဲ ထည့်သွင်းပေးနေတဲ့ အတွက် Chat စွမ်းဆောင်ချက် ကို
Messenger မှာပဲ အသုံးပြု သင့်တယ်လို့ဆိုပါတယ်။ Facebook က Messenger မှာ Group Chat ပြုလုပ်
နိုင်ပြီး Groups တွေကို လျှင်မြန် စွာ အသုံးပြုနိုင်ဖို့ Pin လုပ်နိုင်တဲ့ စွမ်းဆောင်ချက် တွေကို မကြာ မှီ က ထည့်သွင်းပေးလိုက်ပါတယ်။

Facebook Messenger ကို အောက်က လင့် ကနေ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.facebook.orca

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

0 ကွန်မန့်ရေးရန်:

Post a Comment