Saturday, March 29, 2014

တပ်မတော်နေ့မှာ တပ်မတော်က ဘာလက်နက်တွေ ပြသသွား လဲ ?...................


Bookmark and Share [ ]


Myanmar Daily Star by Myanmar Daily Star Group



မင်္ဂလာပါခင်ဗျာ....။

အားလုံးနည်းတူ စစ်လက်နက် စိတ်ဝင်စားတဲ့ ကျွန်တော့် အတွက်တော့ ဒီကနေ့ဟာ ရင်ခုန်စရာ အ
ကောင်းဆုံးနှင့် ဂုဏ် အယူ ရဆုံးသော နေ့တစ်နေ့ပဲ ဖြစ်ပါတယ်...။

(၆၈)နှစ်မြောက် တပ်မတော်နေ့ ကနေစပြီး စစ်လက်နက်များ ပါဝင်ပြသ ခဲ့တာဟာ အခုဆိုရင် (၂) တိတိ ပြည့်မြောက်သွားပြီး ဖြစ်သလို မြန်မာ့ တပ်မတော်ရဲ့ လက်နက် စွမ်းရည် များ အကြောင်းကို
လည်း ထပ်မံ သိခွင့်တဲ့နေ့ လည်းဖြစ်ပါတယ်...။

တပ်မတော်နေ့ အောင်ဆန်း စစ်ကြောင်းနှင့် ပါဝင် ချီတက် ခဲ့ကြတဲ့ လက်နက် စနစ်များရဲ့ ပုံများကို
ဖော်ပြပေး ချင်ပါတယ်...။

ဒီကနေ့ ထုတ်ဖော်ပြသခဲ့တဲ့ လက်နက်စနစ်များကတော့--

  1. Type-59M ပင်မတိုက်ပွဲဝင် တင့်ကားများ
  2. EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ
  3. PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ
  4. SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ
  5. Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ
  6. D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ
  7. Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ
  8. ၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ
  9. TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ
  10. MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ ဘဲဖြစ်ပါတယ်...။

အထက်ပါ စာရင်း များရှိ လက်နက် စနစ်များကို အရင်ကလည်း ဖော်ပြ ဘူးပြီးမို့ ပုံများသာ အဓိက
တင်ပြပေးသွားပါ့မယ်...။

Type - 59M ပင်မ တိုက်ပွဲဝင် တင့်ကားများ

EE-9 Cascavel ခေါ် သံချပ်ကာယာဉ်/အပေါ့စားတင့်များ




PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်များ




SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ




Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်များ




D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက်များ




Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးများ




၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်များ




TWL (Smart Hunter Radar) ခေါ် တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါများ




MADV-1 ခေါ် Igla ပခုံထမ်းဒုံးတင်ယာဉ်များ


ဖော်ပြပါ လက်နက် စနစ်များ အကြောင်းကို အတော်များများလည်း သိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်...။ အကြမ်းအားဖြင့် လက်နက်စနစ် (၁၀)မျိုး ပြသခဲ့တာဖြစ်ပြီးတော့ အများစုဟာ ပြည်တွင်းထုတ် နည်းပညာ
များဖြစ်တာရယ်၊ အချို့လက်နက်စနစ်များကိုပင် ပြည်ပနိုင်ငံများမှ ဝယ်ယူအသုံးပြုနေပြီးဆိုတာ သိရတဲ့အ
တွက် ကျွှန်တော့်အတွက်တော့ အထူးဂုဏ်ယူဝမ်းသာမိသလို တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမို
ယုံကြည်စိတ်ချမှု အမှန်တကယ်ကိုဖြစ်စေခဲ့မိပါတယ်....။

စစ်သည်များရဲ့ ချေမှုန်းရေးရိုင်ဖယ်များနှင့် လေတပ်ပုံများလည်း အလျှင်းသင့်သလို စုစည်းတင်ပြပေးပါဦးမယ်...။

(ပုံအသုံးပြုခွင့်ပြုသည့် ညီ၊အစ်ကိုများအား အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။)

အားလုံးကိုလေးစားလျှက်- KoMM

by Myanmar Daily Star Group

From: http://mmmilitary.blogspot.com

ဒီဆိုဒ်ပေါ်မှာ တင်သမျှ ပိုစ့်တွေကို Facebook ကနေ ရယူ ချင်တယ် ဆိုရင် ဒီမှာ like ပေး ခဲ့ပါနော်။

မန်ဘာဝင် ခဲ့ခြင်းဖြင့် ပိုစ့် အသစ် တင်တိုင်း မိမိ Gmail ထဲကို တိုက်ရိုက် ရောက်ရှိမည် ဖြစ်ပါသည်။

ထို့ကြောင့် မန်ဘာ ၀င်ခဲ့ဖို့ ဖိတ်ခေါ် ပါတယ်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: တပ်မတော်နေ့မှာ တပ်မတော်က ဘာလက်နက်တွေ ပြသသွား လဲ ? http://www.simon-vlog.com/2014/03/blog-post_4434.html#ixzz2xHhM044n
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment