Wednesday, April 10, 2013

ဒီမယ် ဒီမယ်...

ဒီမယ် ဒီမယ်...
မှီခိုဆိုတာနဲ့ အိမ်မှာအလကားအားအားယားယား စားလိုက်အိပ်လိုက် ဖြဲကားနေနေရတယ်လို့တော့ အဆင်ခြင်မယ့် မထင်လိုက်နဲ့.....

တစ်အိမ်သားလုံး ၀တ်သမျှ အနှီးကအစ လျော်ဖွတ် မီးပူ ..တိုက်ရသေးတယ်....

ထမင်းနဲ့ဟင်းကို ရုံးသွားအမှီ စောစောစီးစီးထ နေ့စဉ်နှင့်အမျှ ဂျိုင့်ထဲအဆင်သင့်ရောက်နေရအောင် ချက်ရပြုတ်ရ လုပ်ရသေးတယ်.......

အိမ်မှုကိစ္စအ၀၀ကို လစ်ဟာမှုလည်းမရှိရအောင် ဆေးကြောတိုက်ချွတ် လှည်းရကျင်းရ သန့်ရှင်းရေးလည်း လုပ်ရသေးတယ်

အကြီးကောင်နဲ့ အလတ်မကို ကျောင်းကြို ကျောင်းပို့အချိန်မှီအောင် ဒရောသောပါးတောင်ပြေးမြောက်ပြေး ပြေးရသေးတယ်

အငယ်ကောင်အတွက် နို့ဗူးဖျော်ပြီး အငိုတိတ်အောင် ချော့ကာမြူကာ သိပ်ရသေးတယ်

သူတို့ကမှ တစ်ပါတ်မှာတစ်ရက် ရုံးပိတ်ရက်မို့ အနားယူပြီးအိမ်ကဟာတွေကို နင်းပါဦး
နှိပ်ပါဦး မညှာမတာ ခိုင်ချင်သေးတယ်

ဒီမှာလာကြည့် တစ်လ ရက်သုံးဆယ်၊ တစ်ပါတ် ခုနှစ်ရက်မှာ တစ်ရက်တစ်လေ အနားနေရတယ်
ဆိုတာ ရှားပါတယ်ဟယ် ရှားပါတယ် ။

အိမ်ကမိန်းမပါဗျာ...........................
ပိုက်ဆံရှာရတယ်ဆိုပြီး ပူညံပူညံလုပ်လွန်လွန်းလို့.....:P

by -Nay Myoo Aung Lan

* N M A L*
ပလီပလာ ထွေကာလီကာ

@[148980878505812:274:ပလီပလာ ထွေကာလီကာ]

0 ကွန်မန့်ရေးရန်:

Post a Comment