Wednesday, April 10, 2013

အင်တာနက်ဂိမ်းဆိုင်တွင် တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးက ခြောက်နှစ်ကျော် နေ့ရောညပါ ဂိမ်းကစားခဲ့



တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ် ချောင်ချန်မြို့မှ တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးသည် ခြောက်နှစ်ကျော်ကြာအောင် အင်တာနက်ဂိမ်းဆိုင်တွင် နေ့ရောညပါ ဂိမ်းကစားခဲ့သည်။ ၎င်းသည် စားချိန်နှင့် ရေချိုးချိန်များတွင် ပြင်ပသို့ ခဏတဖြုတ် ထွက်ချိန်မှလွဲ၍ ဂိမ်းကစားရင်း အိပ်ချိန်များကိုပင်  ၎င်းဂိမ်းဆိုင်အတွင်း၌သာ ခဏတဖြုတ်အိပ်စက် အနားယူလေ့ရှိသည်။
 လီမောင်အမည်ရှိ အဆိုပါဂိမ်းဝါသနာရှင်သည် ၎င်းဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကို ၀န်ထမ်းများနှင့် လွှဲအပ်ထားပြီး ယင်းကော်ဖီဆိုင်မှာ တစ်လလျှင် ပေါင်၂၁၁ပေါင်နှင့် ညီမျှသောယွမ်ငွေ ၂၀၀၀၀င်ငွေရှိပြီး အင်တာနက် ဂိမ်းကစားခအဖြစ် တစ်လလျှင် ၅၃ပေါင်ခန့်သာ ပေးဆောင်ရသောကြောင့် ၎င်းအတွက် စိုးရိမ်စရာမရှိကြောင်း လီမောင်က ပေကျင်းတိုင်းစ် သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။ တရုတ်နိုင်ငံရှိ လူငယ်အများစုသည် ဂိမ်းကစားခြင်းအပေါ် ၀ါသနာထုံလျက်ရှိပြီး လူငယ်အများစုသည် အင်တာနက် ဂိမ်းဆိုင်များတွင်သာ အချိန်ကုန်လွန်နေသောကြောင့် တိုင်းပြည်လူငယ် မျိုးဆက်သစ်များအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း အဆိုပါပေကျင်း တိုင်းမ်သတင်းတစ်ရပ် တွင်ဖော်ပြထားခဲ့သည်။
ref:ပြည်မြန်မာ

0 ကွန်မန့်ရေးရန်:

Post a Comment