Wednesday, April 10, 2013

ဖောက်ထွင်းဝိဇ္ဇာ ခေါင်းစွပ်မေ့ကျန်ခဲ့



အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဈေးဆိုင်တစ်ဆိုင်ကို နှင်းများထူထပ်နေသော ညဥ့်အချိန်၌ ဖောက်ထွင်းရန်ကြံစည်သူ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးသည် ဆိုင်ခန်းအတွင်း မ၀င်ရောက်မီ ခေါင်းစွပ်မေ့ကျန်ခဲ့သော ကြောင့်တစ်ခေါက် ပြန်လည်ယူဆောင်နေ ပုံ ကိုဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် တွေ့ရှိရသည်။
၎င်းသည် ပုံဖျက်ထားသော ဂျာကင်အင်္ကျီနှင့် ဘောင်ဘီပွများ ၀တ်ဆင်ကာ ထိုဈေးဆိုင်ရှေ့သို့ ရောက်ရှိပြီး နောက်တစ်ဖန် နောက်ကြောင်းပြန်လှည့်ပြီး ခေါင်းစွပ်ဝတ်ဆင်ကာ
 ပြန်လည် ရောက်ရှိလာခဲ့သည်။ ထို့နောက် ဈေးဆိုင်မှန်တံခါးကို မာကျောသော အရာဝတ္ထုတစ်ခုနှင့် ရိုက်နှက်ပြီး ဆိုင်အတွင်းဝင်ရောက်ရန် ကြိုးပမ်းစဉ်အတွင်း၌ တပ်ဆင်ထားသော အလိုအလျောက်သတိပေး ခေါင်းလောင်းသံကြောင့် ပြန်လည်ထွက်ပြေး သွားသည်ကို တွေ့ရသည်။  
ref:ပြည်မြန်မာ

0 ကွန်မန့်ရေးရန်:

Post a Comment