Friday, May 25, 2012

မျက်စိမမြင်သောသူနှင့် ဦးနှောက်မကောင်းသူအား သရဲ မခြောက်ရ ပုံ သရဲများဧ။် အကြီး အကဲ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မျက်စိမမြင်တဲ့လူနဲ့ ဦးနှောက်မကောင်း တဲ့ လူနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေ တဲ့
ဘယ်သွားသွား ဘယ်လာလာ အတူတူ သွား အတူတူလာ နေကြသတဲ့ တစ်နေ့တော့ သူတို့နှစ်ယောက်ဟာ ရွာတစ်ရွာကို သွားလည်ရင်းနဲ့
အပြန်မှာ နေစောင်းသွား တယ် ပြန်လာရင်းနဲ့ လမ်းမှာ သရဲတစ်ကောင်က သူတို့ ချောက်လှန့်တယ် ဦးနှောက်မကောင်းတဲ့
လူကတွေ့တော့
မျက်စိမမြင်တဲ့ လူကိုပြောတယ် သူငယ်ချင်း ဟိုရှေ့မှာ ဘယ်ကကောင်လဲမသိဘူး ငါတို့ကို လျှာထုတ်ပြလိုက် မျက်လုံးပြူးပြလိုက် နဲ့
လုပ်ပြနေတယ် လို့ပြောတော့ မျက်စိမမြင်တဲ့ လူက သွားမေးကွာ မင်းဘာကောင်တုန်းလို့ ပြောလိုက်တော့
ဦးနှောက်မကောင်းတဲ့ကောင်က သွားမေးတာပေါ့ သရဲ ကလည်း ငါသရဲကွ အခုမင်းတို့ကို ခြောက်နေတာ လို့ပြန်ပြောလိုက်တယ်
ဦးနှောက်မကောင်းတဲ့လူကလည်း သူ့သူငယ်ချင်းကို သွား ပြန်ပြောတာပေါ့ ဟိုကောင်က သူ့ကိုယ်သူ သရဲလို့ပြောနေတယ် လို့ပြောတော့
မျက်စိမမြင်တဲ့လူက သရဲဆိုရင် မှတ်ပုံတင်ပါလားလို့ မေးလိုက် မပါရင် အဲဒီကောင်လိမ်နေတာ မှတ်လောက်သားလောက်အောင်
ဆုံးမလွှတ်လိုက် လို့ ပြောလိုက်တယ် ဦးနှောက်မကောင်းတဲ့ လူကလည်း သရဲကို သွားပြောတာပေါ့ တကယ်သရဲမှန်ရင် သရဲဖြစ်ကြောင်း
မှတ်ပုံတင် ဖြစ်ဖြစ် ထောက်ခံစာဖြစ်ဖြစ် ပြပါဆိုတော့ သရဲက မပါဘူး လည်းဆိုရော သူတို့နှစ်ယောက် လည်း သရဲကို
ထိုးကြိတ် ပြီးတော့ပြောလိုက်သေးတယ် နောက်တစ်ခါ ခြောက်ရင် မှတ်ပုံတင် ပြရမယ်လို့ သရဲလည်း ငိုယိုပြီးတော့ သရဲမင်းကြီး ဆီကို
သွားပြီးတော့ သူတို့ကို မှတ်ပုံတင်လုပ်ပေးပါလို့တောင်း ဆိုလိုက်တယ် သရဲမင်းကြီးက ဘာဖြစ်လို့လဲမေးတော့ သရဲက သူ မျက်စိမမြင်တဲ့
လူနဲ့ ဦးနှောက်မကောင်းတဲ့လူနှစ်ယောက်ကို သွားခြောက်တာ ဟိုနှစ်ယောက်က မှတ်ပုံတင် ပြလို့ ပြောတယ် မပြနိုင်တော့ သူတို့
ကျွန်တော် မျိုးကြီးကို ထိုးကြိတ်လွှတ်လိုက် အဲဒါ မင်းကြီးက မှတ်ပုံတင်လုပ်ပေးပါလို့ ပြန်ပြောတယ် သရဲမင်းကြီးမလည်း စဉ်းစားတာပေါ့
အခုချိန်မှ မှတ်ပုံတင်လုပ်ပေးရင် စာရွက်ဈေးနဲ့ ကွန်ပျူတာစာစီ ခနဲ့ မကိုက်ဘူးဆိုပြီးတော့ အဲဒီထဲက သရဲမင်းကြီးက
အမိန့်ထုတ်လိုက်တယ် မျက်စိမမြင်တဲ့လူနဲ့ ဦးနှောက်မကောင်းတဲ့ လူကို သရဲများ မခြောက်လှန့် ရ ခြောက် လှန့်လို့ ထိုးကြိတ်တာ ခံရပါက
ကိုယ့်အပြစ်နဲ့ ကိုယ်ခံရမည် ပုံ သရဲများ၏ အကြီးအကဲ သရဲမင်းကြီး ဆိုပြီး အမိန့်ထုတ်လိုက်သတဲ့ကွယ်

0 ကွန်မန့်ရေးရန်:

Post a Comment