Tuesday, December 25, 2012

မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ အကြောင်းကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌထံ KIO အကြောင်းပြန်

PDF Print
Monday, 24 December 2012 23:43
AddThis Social Bookmark Button
မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက်နေ့နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ၂၃ ရက်နေ့တွင် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
''မနေ့က (ဒီဇင်ဘာလ ၂၃ ရက်နေ့) ညမှာ တိုင်းမှူးက ကျွန်တော့်ကို ပြောတယ်။ မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့အတွက်၊ ရုပ်သိမ်းပေးဖို့အတွက် စာကို တရားဝင်အကြောင်းကြားပေးပါ ဆိုပြီး ပြောလာတယ်” ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၂၄ ရက်နေ့ည ၁၀ နာရီတွင် ပြောကြားခဲ့သည်။
ဦးလမိုင်ဂွမ်ဂျာက “အဲဒါကို ကျွန်တော်တို့ အဖွဲ့က ဒီကနေ့ (ဒီဇင်ဘာလ ၂၄ ရက်နေ့) မှာ KIA ကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ဘက်က တုံ့ပြန်တာကတော့ ဒီနေ့  KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆလွတ်ခမ်ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းထံ အကြောင်းပြန်လိုက်ပါတယ်။ တိုင်းမှူးပေးပို့တဲ့စာသည် KIA ကို ရာဇသံချတဲ့အနေနဲ့ အမိန့်ပေးတယ်။ ဒီလိုလုပ်တယ် ဆိုတာကို KIO အနေနဲ့ ကန့်ကွက်ပါတယ်ဆိုတဲ့ အကြောင်းပြန်စာကို ဒီနေ့ (ဒီဇင်ဘာလ ၂၄ရက်နေ့) ပဲ အကြောင်းပြန်လိုက်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=16997:---kia--------------kio-&catid=42:2009-11-10-07-36-59&Itemid=112

0 ကွန်မန့်ရေးရန်:

Post a Comment