Tuesday, August 27, 2013

ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့

နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ် အထက ၅ တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက  ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သည်။




လဆန်းပိုင်းက ရန်ကုန်တွင် ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အစီအစဉ်သို့ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူ အများအပြား တက်ရောက်ကြသည် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)


ထိုသို့ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး  တက္ကသိုလ် ဆရာ/ဆရာမများ အသင်း (ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ) က တနင်္လာနေ့တွင်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။

ယင်း ကြေညာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကိစ္စရပ်အား အပြည့်အ၀ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဖြစ်စဉ်တရပ်လုံးအား ပုဂ္ဂိုလ်ရေး အာဃာတ၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်သုံးသပ်ရန်၊ အများပြည်သူမား ယနေ့မှ စ၍ ၁၅ ရက်အတွင်း ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပြန်လည် ရှင်းလင်းချက် ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့် အညီ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြောလည်အောင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း စသည့်အချက်များပါဝင်သည်။

တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ ကြေညာချက်

ဆက်စပ်သတင်း -
၈လေးလုံး ငွေရတု တက်သည့် ဆရာမအား ထုတ်ပယ်သဖြင့် ပညာရေး ဝန်ကြီးဌာန ရှုတ်ချခံရ
http://burma.irrawaddy.org/archives/47042

0 ကွန်မန့်ရေးရန်:

Post a Comment