Friday, July 19, 2013

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား Telenor Myanmar ကုမ္ပဏီအနေဖြင့် ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုခများကို တစ်မိနစ်၂၅ ကျပ်ဈေးနှုန်းအောက် လျှောချပေးမည်ဟု အမူဆောင်အရာရှိချုပ် (CEO) Petter Furberg က ပြောသည်။ အများပြည်သူများ အသုံးပြုရာတွင်အဆင်ပြေစေရန် မိုဘိုင်းဖုန်းအသုံးပြုခများကို ၂၅ ကျပ်အောက် လျှောချ ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် စတင်လုပ်ဆောင်သည့် အခါတွင်လည်း 2G နှင့် 3G ကွန်ယက်ကိုပါ တခါတည်း လုပ်ဆောင်သွားမည်ဟု သိရသည်။ “ 2G နဲ့ 3G နှစ်ခုလုံးကိုတော့ တစ်ခါတည်းအသုံးပြုလိုရအောင်ပြုလုပ်သွားမှာပါ၊ 2G အများဆုံးသုံးတဲ့နေရာမှာ 2G ကိုအသုံးပြုလိုရအောင်၊ 3G အများသုံးပြုလိုရတဲ့နေရမှာ 3G ကိုဦးစားပေးချထားပေးမယ်၊ နှစ်ခုလုံးကိုတော့ နောင် ကို နေရာတိုင်မှာ အသုံးပြုလိုရအောင် ပြုလုပ်သွားမယ်” ဟု Telenor Myanmar မှ Mr. Petter Furberg က ပြောသည်။ Telenor သည်ပြည်သူ ဗဟိုပြုလုပ်ငန်းသဘောထားကို အခြေခံပြီး လုပ်ကိုင်သွားမည်ဖြစ်ပြီး ပြည်တွင်း၌ မြန်မာ ၀န်ထမ်းများ ဖွံ့ဖြိုးတိုးတက်မူအတွက် ရင်းနှီးမြှုပ်နှံ့ခြင်းဖြစ်သည်ဟု ဆိုသည်။ Telenor Group သည် နိုင်ငံတကာတွင် တယ်လီဖုန်း၊ သတင်းအချက်အလတ်၊ မီဒီယာဆက်သွယ်ရေး ၀န်ဆောင်မူများ ပေးနေသော လုပ်ငန်းအဖွဲ့ဖြစ်သည်။ နော်ဝေးနိုင်ငံတွင် ရုံးချုပ်ရှိသော Telenor Group သည် ၂၀၁၃ ခုနှစ် ပထမလေးလပတ်အထိ စုစုပေါင်း လုပ်ငန်းများအရ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၄၈ သန်းရှိသော မိုဘိုင်းအော်ပရေတာဖြစ်ပြီး ၂၀၁၂နှစ်၏ လုပ်ငန်းတွင်တည်ရှိငွေ (revenues) မှ နော်ဝေးငွေကြေး Norwegian Kroner (NOK) ၁၀၂ ဘီလီယံရှိသည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment