Friday, July 19, 2013

အရင်းရှင်စံနစ်အသက်သွင်းနေပြီလော


by Phay Khaing Than (Notes) on Sunday, 12 May 2013 at 14:10
         သဘာဝလောကြီး၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုလာသည်နှင့်အမျှ သတ္တလောကကြီးသည်လည်း အဆင့်မြင့်မားဥာဏ်ရည်တိုးတက်လာခဲ့သည်။ထိုထဲတွင် လူသားသည်ဥာဏ်ရည်အမြင့်မားဆုံးနှင့် အဆင့်မြင့်ဆုံးသောသတ္တ၀ါဖြစ်သည်။လူများ၏ တိုးတက်ပြောင်းလဲမှုအရ ပဒေသာပင်စံနစ်၊ကျေးပိုင်ကျွန်ပိုင်စံနစ်၊ပဒေသာပင်စံနစ်၊အရင်းရှင်စံနစ်၊နယ်ချဲ စံနစ်၊ဓနရှင်စံနစ်၊ဖက်ဆစ်စံနစ်၊အာဏာရှင်စံနစ် စသည်ဖြင့် အဆင့်ဆင့်တိုးတက်လာပြီး ယခုအခါကမ္ဘာကြီးတွင် ဒီမိုကရေစီ စံနစ်ရေပန်းစားကျင့်သုံးလာခဲ့သည်။ကျွှန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း တနိုင်ငံအပါအ၀င်ဖြစ်လာခဲ့ပြီး ကမ္ဘာတွင်ပြုပြင်ပြောင်းလဲရေးကြွေးကြော်သောနိုင်ငံပေါင်း(၁၂၁)နိုင်ငံမြောက်ဖြစ်လာသည်။ထိုနိုင်ငံများတွင် အမှန်ပြုပြင်ပြောင်းလဲသောနိုင်ငံမှာ (၂၀)မျှသာ အောင်မြင်ခဲ့သည်။
      
လက်ရှိကျွှန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲမှု စိတ်ထောင်းအားရသူ ရှိသကဲ့သို့ ယုံကြည်မှု မရှိသောအင်အားစုလည်းရှိမည်ဟုကျွှန်တော်ထင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်တခုတွင်  လက်ရှိပြုပြင်ပြောင်းလဲရေးမှာ စည်းစံနစ်မကျဟုဝေဖန်ပြောဆိုခဲ့သည်က အထင်အရှားပင်။သိန်းစိန်ဦးဆောင်သောကြံဖွံ့အစိုးရ စစ်တပိုင်းအစိုးရ ၏လုပ်ရပ်များသည် အခြေခံလူတန်းစားကို ကိုယ်စားပြုမှု တစိုးတစိမျှမရှိဘဲ အရင်းရှင်စံနစ်ကိုအသက်သွင်းနေသလားဟု ဒိဟဖြစ်နေခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော် အရင် ကျော်ငြိမ်းဗဆွေ မောင်နု မဆလ နေ၀င်း ၊န၀တ စောမောင် ၊နအဖ သန်းရွှေ တို့ထက်အဆပေါင်းမြောက်မြားစွာ လယ်ယာမြေသိမ်းဆည်းမှုအရေအတွက်များပြားလာပြီး ကမ္ဘာ့ရင်းနှီးမြှပ်နှံမှု ကိုလက်ယပ်ခေါ်ငင်နေခဲ့သည်။ဓါးမဦးချ လုပ်ကိုင်ရာကျေးဇူးရှင်တောင်သူလယ်သမားများသည် ဒီမိုကရေစီနည်းအရ ဆန္ဒပြတောင်းဆိုရာတွင် နည်းဥပဒေကန့်သတ်၊ခွင့်ပြုချက်မပေးခဲ့သည်ကိုငြင်းချက်ထုတ်လို့ ရမည်မထင်ပါ။
      
အရင်းရှင်စံနစ်၏သမိုင်းဖြစ်စဉ်အရ ကေဒါရပ်တည်ချက်ထားရှိခဲ့စမြဲပင်။ထို့အတူ သိန်းစိန်ဦးဆောင်သောစစ်တပိုင်းအစိုးရ ကြံ့ဖွံ့အစိုးရ သည် စစ်တပ်အငြိမ်းစားရံ့ပုံ့ငွေ အမည်ခံဦးပိုင်(ခရိုနီတမျိုး/ခေတ်ပျက်သူဌေး)ကိုထွင်ထားသည်အထင်ရှားပင်။ဦးပိုင်စစ်ခရိုနီများသည် အသားထဲကလောက်ထွက်ကျော်ငြိမ်း တို့အုပ်စုတောင်မလုပ်ဝံ့သော လုပ်ရပ်များကိုလက်ရှိစစ်တပိုင်းအစိုးရ ကြံဖွံ့အစိုးရလုပ်ဆောင်နေသည်မှာ ရွံ့ရှာနာကြည်းစရာကောင်းလှပါသည်။သမိုင်းတရားခံတွေဘယ်လိုပဲမိုက်ခဲ့ မိုက်ခဲ့ အဏာဘယ်လိုပဲရုးခဲ့ ရုးခဲ့ လက်စစ်ခရိုနီ ဦးပိုင်လောက်လက်ရဲဇက်ရဲ နိုင်ပုံနှင့်နှိုင်းယှဉ်လျှင် မည်မျှပင်ရှိပါတော့သနည်း။လူထုဆန္ဒကိုဆန့်ကျင် ထင်ရာစိုင်းတဲ့ နွားရိုင်းတအုပ်ကြောင့် တိုင်းပြည်အနာဂတ်မတွေးရဲစရာ သူတို့ပြောတဲ့ ပြုပြင်ပြောင်းလဲရေးဟာ အိပ်ယာဝင်ပုံပြင်လောက်တောင် အိပ်ပျော်နိုင်ပါ့မလားတွေးတောနေမိပါသည်။
      
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများအား ဂတိလွယ်လွယ်နှင့်ပေးခဲ့ပြီး လုပ်ကွက်များကို ၀ကွက်အပ်ခဲ့ပြီးမှ ဂတိပေးပြီးလွယ်လွယ်နှင့်ဖျက်မရကြောင်းပြောသော ကော်မရှင်ကိုလည်းအံ့သြရင်နာမိပါသည်။မျှော်လင့်ချက်ကြီးကြီးထားခဲ့သောကြောင့်လည်း နောင်တရမိပါသည်။လက်ရှိတရုတ်ကုမ္ပဏီနှင့်ဂတိပျက်လျှင် အခြားမည်သည့်ရင်းနှီးမြှပ်နှံမှု မ၀င်သည်ဆိုးသည့်အဖြေမှာ လွဲချော်နေပါသည်။တရုတ်ကုမ္ပဏီမထွင်သေးရ်ျ ရင်နှီးမြှပ်နှံမှု ဥပဒေမထွက်သေးရ်ျ အမေရိကန်လိုနိုင်ငံကြီးမှ ၀င်မလာသေးခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ သည် မည်သည့်နိုင်ငံကိုမျှလစ်လျူရှုလေ့မရှိ အမြဲစောင့်ကြည့်ခြောင်းမြောင်းနေသည်ကို ၁၉၆၆ခန့်က ဦးနေ၀င်းအား အမေရိကန်ကိုခေါ်ယူမိန့်ခွန့်ပြောကြားခြင်းသက်သေခံလျက်ရှိပါသည်။ထို့ကြောင့်ဂတိလွယ်လွယ်နှင့်ပေးခဲ့လျှင် လွယ်လွယ်နှင့်ပဲဖျက်ရမည်ဖြစ်သည်။
     
သမိုင်းတွင်လည်းအရင်းရှင်စံနစ်သည် မိမိတို့ဘ၀ချမ်းသာရေးအတွက် လယ်သမား၊အလုပ်သမား ဂုတ်သွေးစုပ်မော်မကြည့်ရဲအောင်ဖိနှိပ်ခဲ့ပြီး မိမိတို့အကျိုးစီးပွားထိပါးလာခဲ့ပါက ခွင့်လွှတ်သည်းခံမှု သနားညှာတာမှုမရှိသတ်ဖြတ်ချေမှုန်းတတ်သည်ကိုအားလုံးအသိပင်။ယင်းကဲ့သို့ပင် လက်ရှိစစ်တပိုင်းအစိုးရ ကြံ့ဖွံ့အစိုးရသည် ၄င်းတို့အကျိုးစီးပွားထိပါးသောအခါ မီးလောင်ဗုံး လူသတ်လက်နက်အမျိုးမျိုးနှင့်ဖြိုခွင်းလာသည်က သက်သေခံလျက်ရှိသည်။ဥပမာ-လက်ပံတောင်းတောင်ဖြိုခွင်းမှု ။မအူပင် မလက်တိုလယ်သမားအဓိကရုဏ်း၊ကချင်စစ်မီး အခြားသောဆန္ဒပြသူများကို မတရားဖမ်းဆီးရိုက်နှက် တရားစွဲဆိုမှုများက အထင်အရှားပင်။မကြာသေးခင်ကဖြစ်ပွားခဲ့သော မိထ္တီလာအကြမ်းဖက်မှု၊ပဲခူးအနောက်ခြမ်းအကြမ်းဖက်မှု များသည်၎င်းတို့အကျိုးစီးပွားမထိခိုက်သောကြောင့် ထိရောက်သောအရေးယူမှု ဖြိုခွင်းမှု ဖမ်းဆီးမှု မရှိဘဲ အကြမ်းဖက်နေစဉ်ဝင်ရောက်တားမြစ်ခြင်းမရှိဘဲ စောင့်ကြပ်ပေးနေသောအမူအကျင့်ကို အားလုံးအသိပင်။အရင်းရှင်စံနစိကုအသက်သွင်းနေသည်လောဟု ကျွှန်တော်ဒိဟဖြစ်မှုသည် မှားမည်မထင်ပါ။
     
လူတိုင်းတွင် အမြင်ကိုယ်စီရှိပါသည်။ထိုအမြင်များကို တင်ပြဆွေးနွေးနိုင်ပြီး အများလက်ခံနိုင်ဖို့ဆိုလျှင် အကြောင်းပြချက်ပေးခြင်းကဆုံးဖြတ်ပေးလိမ့်မည်ဟုထင်ပါသည်။ကျွှန်တော်သည် လက်ရှိစစ်တပိုင်းအစိုးရကြံဖွံ့အစိုးရသည် အရင်းရှင်စံနစ်ကိုပြန်လည်အသက်သွင်းနေသည်ဟုထင်မြင်ပါသည်ယူဆပါသည်။အဘယ်ကြောင့်ဆိုသော် ၄င်းတို့အကျိုးစီးပွားထိပါးလာလျှင် ညှာတာမှုမရှိအစွန်းရောက်ဖြိုခွင်းပြီး  သူတို့၏အကျိုးစီးပွားမထိခိုက်သော oicဆန္ဒပြမှု ရခိုင်ပြည်သိန်းစိန်ထောက်ခံပွဲ၊အကြမ်းဖက်မှုများကို ထိရောက်သောဖြေရှင်းပေးမှု မရှိခြင်းက သက်သေခံလျက်ရှိနေသည်ကိုတင်ပြဆွေးနွေးလျက်။    
                                                            
ဖေခိုင်သန်း(မြို့နီလေး)
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/935683_155525051291806_474442028_n.jpghttps://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/224197_155525094625135_1192552769_n.jpg
Top of Form
3Unlike · · Unfollow Post · Share
Dore Jee အရင်းရှင်စနစ်သေတယ် မကြားသိရသေးပါ။ အခုက အရင်းရှင်စနစ်ရဲ့ နှစ်များစွာအတွေ့အကြုံကို စစ်အုပ်စုက သင်ခန်းစာယူပီး သင်ခန်းစာအသစ်နဲ့ အရင်းရှင်စနစ်ကို ဆက်လက်ဖွံ့ဖြိုးနေတာ။ ဂျာမန်၊ ဂျပန် နာဇီဖက်ဆစ်တို့တောင် သင်ခန်းစာယူနေကြတယ်၊။ အီယူ နဲ့ဆက်ဆံရေး ကောင်းနေတာကြည့်၊ နိပွန်များ ဗမာပြည် ကယ်တင်ရေး ပေါက်ဖော်ထက်နောက်မကျဖို့ လိုက်လုပ်နေတာကြည် ...
  • https://fbcdn-profile-a.akamaihd.net/hprofile-ak-frc1/s32x32/370018_100005029363344_1554302232_q.jpg
Bottom of Form

0 ကွန်မန့်ရေးရန်:

Post a Comment