အစ္စရေးနှင့်
ဟားမတ်စ် တို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ အရှိန်အဟုန်
မြင့်တက်လာသည့် နောက် သောကြာနေ့ ကဂျေရုဆလင် မြို့အနီးသို့ ဟားမတ်စ် တို့၏
ဒုံးကျည်နှစ်စင်း ကျရောက် ပေါက်ကွဲ ခဲ့သည်။မြို့ခံများသည် လေကြောင်း အန္တရာယ် သတိပေးချက် ဥဩဆွဲ သံ ထွက်ပေါ်လာပြီးနောက် အကာအကွယ်များ ရှိရာသို့ အပြေးအလွှား နေရာ ယူခဲ့ကြသည်။ သို့သော်လည်း ဒုံးကျည်များသည် မြို့ထဲသို့ မကျရောက်ဘဲ မြို့မြောက်ဘက်ရှိကွင်းပြင်တွင်သာပေါက်ကွဲခဲ့သည်။
ယခု ပဋိပက္ခများ တင်းမာ မြင့်တက် လာသည့် အချိန်တွင် ဘာသာရေးအရ မြင့်မြတ် သော နေရာတစ်ခု အဖြစ် သတ်မှတ်ခံရသည့်မြို့တော်သို့ ပထမဆုံး အကြိမ် ဒုံးကျည် အန္တရာယ် ခြိမ်းခြောက် လာခြင်းလည်းဖြစ်သည်။
ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွတို့ ပစ်လွှတ်လိုက်သည့် ယင်းဒုံးကျည် များကြောင့် အပျက်အစီးနှင့် အသေအပျောက် မရှိကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ကပြောကြားခဲ့သည်။
Posted in: တိုက်ပွဲသတင်း











0 ကွန်မန့်ရေးရန်:
Post a Comment