Tuesday, December 4, 2012

လူမှုရေးဖောက်ပြန်မှု ၊ ငါးပါးသီလ နှင့် အပျိုစင် လူပျိုစင် .....


သတင်းနှစ်ပုဒ်ကို ဆက်စပ်ပြီးတော့ ဖတ်လိုက်ရပါတယ်လေ.။ စိတ်မကောင်းခြင်းကြီးစွာနဲ့ ဆင်ခြင်ဥာဏ်လေး သတိတရားလေး ရရန်အတွက် မျှဝေလိုက်ပါတယ်.။

လူမှုရေးဖောက်ပြန်ပြီး စကားများရာမှ လူသတ်မှု ဖြစ်ပွား
ရန်ကုန် ဒီဇင်ဘာ ၂
         လူမှုရေးဖောက်ပြန်ပြီး မခံချင်အောင် စကားပြောဆိုရာမှ ရန်ဖြစ်ပြီး ဓားချက်ပေါင်းများစွာဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ခု နိုဝင်ဘာ ၂၅ ရက်က ဒေါပုံမြို့နယ် ဟိုတယ် တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်.။
               ပြစ်မှုကျူးလွန်သူ မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် (၄၇)နှစ် သင်္ဃန်းကျွန်းမြို့နယ်နှင့် သေဆုံးသူ မစမ်းစိမ့်ယဉ် (ခ)မစိမ့်ဆန်းရင် (၃၁) နှစ်မှာ လှိုင်သာယာမြို့နယ်တွင် နေထိင်သူများဖြစ်ကာ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်နှစ်က တွေ့ဆုံရင်းနှီးချစ်ကြိုက်၍ လူမှုရေးဖောက်ပြန်ကာ  ဟိုတယ်တည်းခိုခန်း များတွင် မကြာခဏ တွေ့ဆုံလေ့ရှိကြောင်း သိရသည်.။
             အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့နှစ်ဦးမှာ စကားများပြီး မောင်မောင်လေးက ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခဲ့ရာမှ မစိမ့်စမ်းယဉ်မှာ သေဆုံးသွားကြောင်း သိရသည်.။            
ယနေ့ထုတ်ကြေးမုံ သတင်းစာ..


နောက်ဆက်စပ်သတင်းတစ်ခု..

ဒေါပုံလူသတ်မှု သံသယရှိသူ ၁၄ နာရီအတွင်းဖမ်းမိ
ရန်ကုန် နိုဝင်ဘာ ၂၉

           ဒေါပုံမြို့နယ်ရှိ သီရိစံအိမ် ဟိုတယ်တွင် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့သော အမျိုးသမီးကို သတ်ခဲ့သည်ဟု သံသယရှိသူကို ၁၄ နာရီအကြာတွင် ဖမ်းမိခဲ့ပြီး စစ်ဆေးဖော်ထုတ်နေပြီးဖြစ်ကြောင်း ဒေါပုံမြို့နယ် ရဲတပ်ဖွဲစခန်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်.။
      ယင်းသံသယရှိသူကို နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင်  ပခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ၎င်း၏ဆွေမျိုးတော်စပ်သူ   နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်.။ 
       ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းမိထားသူကို ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဆက်လက်စစ်ဆေးနေပြီး အကြောင်းရင်းကို မသိရှိရသေးကြောင်း ယင်းရဲစခန်းထံမှ သိရသည်.။သီရိစံအိမ် ဟိုတယ်တွင် နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ  ၆နာရီကျော်၌ လှိုင်သာယာ မြို့နယ်နေထိုင်သူ အသက် (၃၁)အရွယ် ဒေါ်စိမ့်ဆန်းရင် နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင်   နေထိုင်သူ အသက် (၄၆) နှစ်အရွယ် မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် တို့လာရောက်ခဲ့ကြောင်း  အမျိုးသားဖြစ်သူသည် ညပိုင်းတွင် မုန့်သွားဝယ်မည်ဟု ဟိုတယ်ဝန်ထမ်းကို ပြောပြီး ထွက်သွားရာမှ ပြန်မရောက်၍ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် အခန်းငှား မငှားကို ဖုန်းဖြင့်မေးမြန်းရာမှ ပြန်မဖြေသဖြင့် ဟိုတယ် မန်နေဂျာနှင့်  သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက အခန်းကိုသော့ဖွင့်ကြည့်ရာ ခုတင်အောက်၌ သေဆုံးနေသည့် အမျိုးသမီးကိုတွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရသည်.။
           သေဆုံးသူ အမျိုးသမီးကို ပက်လက်ပုံစံ၊ စောင်ဖြင့်အုပ်ထားပြီး ယင်းအမျိုးသမီးတွင် ရင်ဘတ်နှင့် ၀မ်းဗိုက်များတွင် ထိုးသွင်းဒဏ်ရာ ၁၁ ချက်နှင့် နောက်ကျော    ထိုးသွင်းဒဏ်ရာ သုံးချက် ၊ ယာလက်ဖျံပွန်းရှဒဏ်ရာများ အပါအ၀င် ဒဏ်ရာ ၁၅ ချက်ဖြင့် တွေ့ရှိကြောင်း ဒေါပုံမြို့နယ် ရဲစခန်းထံမှ သိရသည်။ သေဆုံးသူအမျိုးသမီးမှာ လှိုင်သာယာမြို့နယ်တွင် ၎င်း၏အမျိုးသားနှင့် အတူတကွနေထိုင်ကာ ကလေးငယ် တစ်ဦးရှိကြောင်း သေဆုံးသူအမျိုးသမီးမှာ ရပ်ကွက်ထဲ၌ နာမည်ပျက်မရှိကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက  The Voice Weekely သို့ပြောကြားသည်.။
              တရားခံဟု ယူဆရသော မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် (၄၆) ကို ဒေါပုံရဲစခန်းက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် (ပ) ၄၆၇/၁၂ ၊ ပုဒ်မ ၃၀၂ ဖြင့်  အမှုဖွင့်ထားကြောင်း ဟိုတယ်တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စံစမ်းသိရှိရသည်..
The Voice Weekely

အထက်ပါ သတင်းနှစ်ပုဒ်ကို မူရင်းအတိုင်းကူးယူဖော်ပြခြင်းဖြစ်ပါသည်.။





             သူငယ်ချင်းတို့ရေ အစကတော့ သတင်းနှစ်ပုဒ်ကို မဆက်စပ်မိဘူး.။ နောက် ဆက်စပ်မိသွားတော့ စိတ်ထဲမှာ တော်တော်သံဝေဂ ရသွားတယ်ဗျာ.။
ဖောက်ပြန်မှုလေ..။ ရင်ထဲမကောင်းဘူးဗျာ..။

          သူငယ်ချင်းတို့လည်း ဘယ်လိုအကြောင်း မျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ဝေးနေဝေးနေ ဘယ်လိုအခြေနေတွေပဲပေးပေး  ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း  မိမိဇနီးမယားအပေါ်မှာ သစ္စာထားနိုင်ကြပါစေလို့ သတိပေးလိုပါတယ်.။

အကောင်းနဲ့အဆိုးဒွန်တွဲနေသလို.. ယနေ့ခေတ်မှာ လူသူတော်ကောင်းတွေလည်း ရှိပါသေးတယ်.။
ငါးပါးသော သီလတော်မြတ်ကို လုံခြုံစွာစောင့်ထိန်းနိုင်ဖို့ ကြိုးစားကြစေချင်တယ်.။ ငါးပါးသီလ လုံရင် မိမိ အလိုရှိရာ ဖြစ်လာတယ်.။ သောတာပန်တစ်ယောက်လိုတော့ ဘယ်လုံနိုင်မလဲဗျာ သတိထားပြီး ဆင်ခြင်ရတာပေါ့လေ..။ သစ္စာပြုပြီး ဆုတောင်းပေါ့ .။ မယုံမရှိနဲ့ ကိုယ်တွေ့ပါ.။

အနည်းဆုံးတော့ ကာမေသုနဲ့ သူရာကို အကြောင်းပြချက်မရှိစောင့်ထိန်းစေချင်တယ်ဗျာ..။ ဘာလို့လဲဆိုတော့ အဲ့ဒီကံနှစ်ပါးကို ကျူးလွန်မိတာနဲ့ ကျန်တယ့် ကံတွေ အားလုံး ကျွဲကူးရေပါ ပါလာတယ်လေ.။ အထက်ပါ သတင်းလေးကိုပဲ ဖတ်ပြီး ဆင်ခြင်ကြည့်ကြနော်.။

ချစ်သူတွေလည်း နှစ်ဦးသဘောတူဆိုတယ့် ခေါင်းစဉ်တပ်ပြီးတော့ ကျူးလွန်မနေကြနဲ့နော်.။ ကာမေသုကံဟာ ကာမေသုပါပဲ.။


ဒီခေတ်ကြီးမှာ အပျိုစင် လူပျိုစင်ဆိုတာ တော်တော်ရှားသွားပါပြီ.။ နောက်ဆေးပညာ သဘောအရ ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေမှာ
အကာကွယ်မဲ့ ဆက်ဆံဖူးသူ( အပျိုရည် ပျက်ပြီးသား လူပျိုရည်ပျက်ပြီးသား ) များဟာ ရာခိုင်နှုန်းများကြောင်းပါ .။
တစ်ကြိမ်တစ်ခါမှ မဆက်ဆံဖူးသူ.. အပျိုစင် လူပျိုစင် တို့မှာ ကူးစက်ရောဂါကူးနှုန်းဟာ မရှိသလောက်ကို တော်တော်ကြီးကို ရှားလွန်းပါတယ်.။
ဒါကြောင့် တစ်သက်မှာ တစ်ခါသာရတယ့် အပျို ဆိုတယ့် ဂုဏ်လေး လူပျိုဆိုတယ့် ဂုဏ်လေးကို မက်မောနိုင်ကြပါစေလို့လည်း ပြောလိုပါတယ်.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အခုချိန်မှာ living logether တွေနေကြ  ဖောက်ပြန်ကြ ရူပ်ကြတယ့် သူတွေ နောက်လေးငါးဆယ်နှစ်ဆိုရင် တဖြုတ်ဖြုတ် ဘယ်လောက်ကြွေမလဲဆိုတာ မသိနိုင်ဘူးနော်......................။ ကျောချမ်းစရာ..................။


အထက်ပါ လူမှုရေးဖောက်ပြန်မှု့ သတင်းလေးကို ဖတ်ပြီးရင် မိမိစိတ်ထဲပေါ်သမျှ မှတ်ချက်ပြုခဲ့ကြနော်..။

အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။


0 ကွန်မန့်ရေးရန်:

Post a Comment