Tuesday, December 4, 2012

ကမ္ဘောဒီးယားရှိ တရုတ်ဆောက် ဆည် ပြိုကျ၊ အလုပ်သမား လေးဦး ပျောက်ဆုံး


hlyothwetuyin | 12/03/2012 05:47:00 AM
ဖနွမ်းပင်၊ နိုဝင်ဘာ(၂)

ကမ္ဘောဒီးယား နိုင်ငံတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက တာဝန်ယူ တည်ဆောက် ပေးလျက် ရှိသော ဆည် ဆောက်လုပ် နေစဉ် ပြိုကျ ပျက်စီးသဖြင့် အလုပ်သမား လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားပြီး အလုပ်သမား လေးဦး ပျောက်ဆုံးလျက် ရှိကြောင်း Strait Times သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

ထိုကဲ့သို့ ဆည်ကြီး ပြိုကျ ပျက်စီး ရခြင်းမှာ ယင်းဆည်က တောင့်ထားရသော ရေပမာဏ အလွန် များပြားပြီး၊ ရေများ စိမ့်လျက်ရှိ သောကြောင့် ဖြစ်ကြောင်း အဆိုပါ ဆည်ကြီး တည်ရှိရာ အတေးမြစ်ကမ်း ဒေသရှိ ရဲတပ်ဖွဲ့မှူး သန်လန် က ပြောကြား သည်။

ကျွမ်းကျင်သူ များက အဆိုပါ ဆည် ပျက်စီး ရခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေစဉ် အတွင်း ဆည် လုပ်ငန်းခွင် ကို ရပ်တန့် ထားမည် ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ အရာရှိကပင် ပြောကြားသည်။

ကမ္ဘောဒီးယား နိုင်ငံတွင် လျှပ်စစ် ဓါတ်အား လိုအပ်ချက် ရှိနေသည်မှာ မှန်သော်လည်း မြစ်ကြောင်း များကို ဆည်ဆောက်လုပ်မှု များကို သဘာဝ ပတ်ဝန်းကျင် အရေး၊ လူမှုရေး ရှုထောင့် များမှ ဝေဖန်လျက် ရှိကြသည်။

The Voice Weekly

မြန်မာနိုင်ငံမှာ ပြည်သူလူထု ကန့် ကွက်မှုကြောင့် ရပ်ဆိုင်းထားတဲ့ တရုတ်နိုင်ငံက ဆောက်လုပ်မယ့် မြစ်ဆုံစီမံကိန်း
ဖနွမ်းပင်၊ နိုဝင်ဘာ(၂)

0 ကွန်မန့်ရေးရန်:

Post a Comment