Tuesday, December 4, 2012

မလေးရှားရောက် ဆိုင်ကယ် စီးသူများ မော်တော်ယာဉ်မောင်းသူများ အားလုံးအတွက်


မလေးရှားလိုင်စင်ဥပဒေအရ နိုင်ငံ 32 နိုင်ငံအား JPJ တွင်လိုင်စင်မလျှောက်ပဲ အလိုလျှောက် ယဉ်မောင်ခွင့်သတ်မှတ်ပေး တယ်လို့ ပြီးခဲ့တဲ့ အပတ်က JPJ့  ပို့ဆောင်ရေးဝန်ကြီးရဲ့ အမိန့်ကြော်ငြာစာ အပြီးမှာ မြန်မာနိုင်ငံသား ယာဉ်မောင်းနှင်သူတွေအတွက် သတိထားစရာ အချက်တစ်ချက်ကို ပြောပြဖို့ လိုအပ်လာပါပြီ ။
Deputy Transport Minister Jelaing Mersat က နိုင်ငံပေါင်း 32 နိုင်ငံမှ ထုတ်ပေးသော ယဉ်မောင်းလိုင်စင်များ မလေးရှားတွင် အလိုလျှောက် မှတ်ပုံတင်ပြီးဖြစ်ကြောင်းနှင့် တရားဝင် မောင်းနှင်နိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါတာကိုတွေ့ရသလို ။
ဂျနီဗာ တွင် 1949 နဲ့ 1968 ခုနှစ်များက ကျင်းပခဲ့သော အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်များ အရ အတည်ပြုခြင်းခံထားရတဲ့ နိုင်ငံအားလုံး ပါဝင်ပါတယ်လို့ ပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ် ။ ဒီလို ဆိုတော့ အဆိုပါ 32 နိုင်ငံထဲမပါတဲ့ မြန်မာနိုင်ငံသားများအဖို့ ယာဉ်မောင်းနှင်ရေးမှာ သတိထားစရာဖြစ်လာတာက မြန်မာနိုင်ငံက ထုတ်ပေးတဲ့ နိုင်ငံတကာ ယာဉ်မောင်းလိုင်စင် ပြလို့မရတော့တာကို သတိထားရတော့မည်ဖြစ်ပါတယ် ။
ပို့ဆောင်ရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အဆိုပါ သတင်းကြော်ငြာချက်မှာ အခြား 115 နိုင်ငံအတွက်တော့ ယခု အတည်ပြုပေးတဲ့ အလိုလျှောက် လိုင်စင်မှတ်ပုံတင်ပြီးစနစ်မှာ မပါဝင်ကြောင်း သို့သော် အဆိုပါနိုင်ငံသားများအနေဖြင့်ပို့ဆောင်ရေးဝန်ကြီးရုံးများမှာ လိုင်စင်တရားဝင်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း JPJ ဒါရိုက်တာ ကဖြေကြားသွားခဲ့တာကို လည်းသိခဲ့ရပါတယ် ။
ထိုသို့တရားဝင်လိုက်စင်လျှောက်ဖို့မြန်မာနိုင်ငံသားတွေ အဆင်ပြေပါ့မလားဆိုတဲ့ စဉ်းစားချက်အရ အောက်ပါ အချက်လက်များကို တတ်နိုင်သလောက်မေးမြန်းစုံစမ်းပြီး ရွှေမြန်မာတို့သိစေရန် အတတ်နိုင်ဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။
 ဘယ်လိုလိုင်စင်လျှောက်ကြမလဲ ?
သတင်းထောက် အာမက် ရဲ့မေးခွန်းဖြစ်တစ်ခုဖြစ်တဲ့ အခြားနိုင်ငံတွေအတွက် ကော ဘယ်လို ဥပဒေအရ တရားဝင်လျှောက်ထားနို်င်မည်လဲ ဆိုတဲ့မေးခွန်းကို ဖြေကြားတဲ့နေရာမှာ နိုင်ငံခြားသား တွေအတွက် တရားဝင်လိုင်စင်ထုတ်ပေးတဲ့နေရာမှာ Reject ဖြစ်ရတဲ့ အကြောင်းအရင်းက JPJ ရဲ့ လိုအပ်ချက် စည်းကမ်းများနဲ့ မကိုက်ညီလို့ဖြစ်ကြောင်း ။
These requirements involve visa and passport validity period, valid driving licence, a translation of the driving licence if it is not written in English, verification of the driving licence from the embassy of the issuing country or verfication from the licence's issuing authority, as well as completing the JPJ form with supporting doc**ents including coloured photo.
လိုအပ်သောစည်းကမ်းများအနေဖြင့်
  1. သက်တမ်းအပြည့်ရှိသော ပတ်စပို့ နှင့် နေထိုင်ခွင့်ဗီဇာ 
  2. မူရင်း မိခင်နိုင်ငံမှ လိုင်စင် အား အင်္ဂလိပ်လို ဘာသာပြန်ထားသော ဘာသာပြန်နိုထရီ ( အင်္ဂလိပ်ဘာသာဖြင့်မဟုတ်ပါက)
  3. သက်ဆိုင်ရာ သံရုံးများ (သို့) နိုင်ငံမှ ထုတ်ပေးသည့်လိုင်စင်မှာ အစစ်အမှန်ဖြစ်ကြောင်းထောက်ခံစာ
  4. JPJ မှ ထုတ်ဝေသည့် ဖောင်ဖြည့်စွက်မှု့နှင့် ကာလာလိုင်စင်ပုံ စသည့် အချက်များသည်  နိုင်ငံခြားသားများအား လိုင်စင်ထုတ်ပေးရာတွင် အဓိကလိုအပ်ချက်များဖြစ်ကြောင်း
 ဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။ မြန်မာတွေအတွက်တော့ ထူးခြားချက်များရှိပါကဆက်လက်စုံစမ်းပြီး သိရှိသည်နှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။
"For the conversion, applications will be imposed an annual fee of RM30 for the licence and a processing fee of RM20," said Jelaing.
လိုင်စင်အတွက် ကုန်ကျစရိတ်မှာ လိုင်စင်ကြေး 30 ရင်းဂစ်နှင့် ဆောင်ရွက်မှု့ အဆင့်ဆင့်အတွက် ကုန်ကျစရိတ် 20 စုစုပေါင်း 50 သာ လိုအပ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြသွားခဲ့ပါတယ်။
He added that JPJ records show that of 13,252 applications, 8,469 were approved between 2010 and Oct 30 this year.
ဆက်လက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ 30 ရက်နေ့ 2012 ခုနှစ်မှ ယနေ့ထိတိုင် နိုင်ငံခြားသား 13252 ဦးလျှောက်ထားရာမှ တရားဝင်သော လူ 8469 ဦးအား လိုင်းစင်ထုတ်ပေးနိုင်ခဲ့ကြောင်းကိုလည်းဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။
အလိုလျှောက် မောင်းနှင်ခွင့်ရရှိသော နိုင်ငံများ အနေဖြင့် Australia, Iraq, Papua New Guniea, Belgium, Italy, France, Holland, Japan, Poland Brunei, German, Russia, China, Korea, Spain, Denmark, Laos, Singapore, Fiji, Libya, Switzerland, Philippines, Mauritius, Thailand, Finland, Egypt, Turky, Hong Kong, New Zealand, Taiwan, Iran and Nigeria နိုင်ငံများ ဖြစ်ကြောင်း ရွှေမြန်မာတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ် ။
အထက်ပါ ကြော်ငြာချက်ကြောင့် ယခင်ကဲ့သို့ နိုင်ငံတကာ လိုင်စင်ပြပြီးမောင်းနှင်နေကြသော ရွှေတို့အတွက် သတိထားရန် လိုကြောင်း မလေးရှား ဧဒင်ရဲ့ မြန်မာတို့အတွက် အထူးသတင်းများကို ဆက်တိုက်တင်ဆက်နေကျအတိုင်း တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။
Editor Group
www.edinooyin.com

0 ကွန်မန့်ရေးရန်:

Post a Comment