တူးဖော်ရေး၊
စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လမ်းတံတား စီမံကိန်း များကြောင့်
တရုတ် လယ်သမားများ ၏မြေ များဖော်ရေး၊ စက်မှု ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်
လမ်းတံတား စီမံကိန်းများကြောင့် တရုတ်လယ်သမားများ၏မြေများ
အသိမ်းဆည်းခံရပါက လျော်ကြေးကို ဆယ်ဆ အထိ တိုးပေးမည်ဖြစ်ကြောင်း
တရုတ်အစိုးရမီဒီယာအသိမ်းဆည်းခံရပါက လျော်ကြေးကို
ဆယ်ဆအထိတိုးပေးမည်ဖြစ်ကြောင်း တရုတ် အစိုးရ မီဒီယာChina Daily က
ရေးသားဖော်ပြထားသည်က ရေးသားဖော်ပြထားသည်။မြေသိမ်းခံရပါက လျော်ကြေးကို တန်ဖိုးထက် ဆယ်ဆပေးမည့်အစီ အစဉ်ကို နိုင်ငံတော်ကောင်စီ အမှု ဆောင်အစည်းအဝေးမှ မြေယာစီမံ ခန့်ခွဲရေးဥပဒေပြင်ဆင်ချက်မူကြမ်း တွင် ဖော်ပြထားခြင်းဖြစ်သည်။ ယခု အချိန်အထိ အဆိုပါမြေယာလျော်ကြေး ပေါ်လစီကို တရားဝင်အတည်မပြုသေး သော်လည်း ပြန်လည်သုံးသပ်ပြင်ဆင် နေခြင်းသည် ကျေးလက်မြေယာများ သိမ်းလျှင် လျော်ကြေးဆယ်ဆထပ်တိုး ပေးမည့် အစီအစဉ်အတွက်ဖြစ်ကြောင်း ပညာရှင်များက အတည်ပြုကြသည်ဟု Bejing Timers သတင်းစာကလည်း ရေးသားဖော်ပြထားသည်။
လက်ရှိမြေယာလျော်ကြေး ပေါ်လစီအရ လယ်ယာ၏ သုံးနှစ် ထွက်ကုန်တန်ဖိုးထက် အဆ ၃၀ မပိုစေရဟု ပါရှိကာ အဆိုပါဥပဒေအရ လယ်သိမ်းခံရလျှင် စတုရန်းမီတာ တစ်ကွက်အတွက် ၁၆ ဒေါ်လာကျော် ခန့်သာရရှိပေတော့သည်။ သို့သော် ဒေသအာဏာပိုင်က မြေယာအိမ်၊ ခြံ၊ မြေသမားများကို ပြန်ရောင်းရာ၌ တစ် စတုရန်းမီတာလျှင် ဒေါ်လာ ၁၆၀ဝ ခန့် ရနိုင်ပေသည်။ ထိုသို့လျော်ကြေးနှင့် ရောင်းဈေးတို့ အဆမတန်ကွာဟနေ ခြင်းကြောင့် လယ်သမားများနှင့် ဒေသ အာဏာပိုင်တို့အကြား တင်းမာမှုများ ကြီးမားလာရခြင်းဖြစ်ကြောင်း ပီကင်း တက္ကသိုလ်မှ ဥပဒေပါမောက္ခကျန်အန်မင်း က ပြောကြားသည်။ လျော်ကြေးကို ဤသို့တိုးမြှင့်ပေး လိုက်ခြင်းဖြင့် တင်းမာမှုများ လျော့ကျ သွားမည်ဟု China Dailyက ရေးသား ထားသည်။
မြေယာ ဝင်ငွေအားလုံးသည် လယ်သမားများဆီသို့ သွားမည်ဖြစ် သော်လည်း ယင်းမှအခွန်ငွေကို ဒေသ အစိုးရ ရရှိနေဦးမည်ဟု အဆိုပါ ပါမောက္ခက ထောက်ပြသည်။ မြို့ပြများ ထူထောင်မှုကျယ်ပြန့် လာခြင်းကြောင့် လယ်သမားများ အခက်အခဲကြုံရရာ ၄င်းတို့နှင့် ကောင်း မွန်စွာ ညှိနှိုင်းရမည်ဟု တရုတ်နိုင်ငံတော် ကောင်စီက ဆိုထားသည်။











0 ကွန်မန့်ရေးရန်:
Post a Comment