Tuesday, December 4, 2012

အိုက်စလန် မီးတောင်များမှ ဘူမိ အပူ စွမ်းအင်ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲပေးနိုင်





အိုက်စလန် မီးတောင်များမှ ဘူမိ အပူစွမ်းအင်ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲပေးနိုင်ဆယ်စုနှစ် တစ်ခု အတွင်း အိုက်စလန် ကျွန်းနိုင်ငံ မီးတောင် များ၏ အပူဓာတ်ကို ဗြိတိန်
လူနေအိမ် များအတွက် လျှပ်စစ် စွမ်းအား အဖြစ် ပြောင်းလဲ ဖန်တီး ပေးလာနိုင်ကြောင်း ကျွမ်းကျင်သူ တစ်ဦး၏ အဆိုအား ကိုးကား၍ နိုဝင်ဘာ ၁၃ရက် သတင်းများတွင် ဖော်ပြသည်။

အိုက်စလန်ကျွန်း မီးတောင်များ၏ ဘူမိစွမ်းအင် များကို ကမ္ဘာ့ အရှည်ဆုံး ရေအောက်ကေဘယ်ကြိုးဖြင့် ဗြိတိန်နိုငငံသို့ ပို့လွှတ်ပေးရမည်ဖြစ်သော်လည်း ကုန်ကျစရိတ်အားဖြင့် မျိုးဆက်သစ် နျူကလီးယား ဓာတ်ပေါင်း ဖိုများထက် ပိုမိုသုံးစွဲရလိမ့်မည် မဟုတ်ကြောင်း သိရသည်။
အိုက်စလန်ကျွန်း မီးတောင်များမှ ဘူမိအပူစွမ်းအင်ကို ဗြိတိန်နိုင်ငံသို့ ပို့လွှတ်ရေး စီမံချက်အား ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ် နိုင်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို ဦးဆောင်သော အိုက်စလန်ကျွန်း၏ နိုင်ငံပိုင်စွမ်း အင်ထုတ်လုပ်ရေး ကုမ္ပဏီ အကြီးအကဲ ကပြောကြားသည်။
ဘူမိအပူစွမ်းအင်များ ပို့လွှတ်နိုင် ရေး အတွက် အသုံးပြုရမည့် ရေအောက် ကေဘယ်လိုင်းသည် အနည်းဆုံး ကီလိုမီတာ ၁၀ဝ၀ ရှည်လျားမည် ဖြစ်ရာ ကမ္ဘာ့ အရှည်ဆုံး ရေအောက် ကေဘယ်လိုင်း ဖြစ်လာလိမ့်မည်ဟု သိရသည်။
SHADE Journal

0 ကွန်မန့်ရေးရန်:

Post a Comment