Tuesday, December 4, 2012

ပဋိပက္ခနှင့် လိုအပ်နေသည့် နိုင်ငံတည်ဆောက်ပုံ





Editor Voiceဒီတစ်ပတ်ရဲ့ သတင်းတွေ အားလုံးထဲမှာ ရခိုင်ပဋိပက္ခ သတင်းတွေဟာ မြန်မာပြည်သူအား လုံးကို လွှမ်းမိုးသွားခဲ့ပါတယ်။ သတင်း ထုတ်ပြန် ချက်အသီးသီးကလဲ လူထုအတွက် အားတက် စရာ၊ တာဝန်ခံတဲ့ အရာတွေမပါခြင်းကြောင့် လူထု ကလဲတွေဝေနေခဲ့ရပါတယ်။ အုပ်ချုပ်ရေး ပိုင်းက သတင်းစာမှာ သတင်းထုတ်ပြန်စာနဲ့၊ သမ္မတရုံး ထုတ်ပြန်ချက်၊ မှူးဇော်ရဲ့ ဖေ့ဘုစ် ထုတ် ပြန်ချက်တွေသာရှိပြီး တာဝန်ခံထွက်ပြောတာမျိုး၊ သတင်းစာ ရှင်းလင်းပွဲ လုပ်တာမျိုးမရှိသေးပါဘူး။ တုန်လှုပ်ခြောက်ချားစေတဲ့ အဖြစ်အပျက် ကြီးမှာ အမြင်အမျိုးမျိုးတွေကို ပြည်တွင်း ဂျာနယ်အသီးသီးနဲ့ ပြည်ပမီဒီယာအသီးသီး ကလည်း တင်ပြခဲ့ကြပြီးဖြစ်လို့ လူထုကတစ်စုံ တစ်ရာ တွေးဆလို့ရကြမှာဖြစ်ပါတယ်။ တာဝန်ရှိ သူများအပိုင်းနဲ့ နိုင်ငံရေးအင်အားစု အသီးသီး ကလည်း ဒီကိစ္စမှာ တစ်စုံတစ်ရာ ထိထိရောက် ရောက်ထုတ်ဖော်ပြောဖို့ အကန့်အသတ်ရှိနေပုံရပါ တယ်။ ပြည်တွင်းစစ် နှစ် ၆၀ ခရီးမှာ လူထုတွေ ဒုက္ခခါးစည်းခံခဲ့ရတာတောင် တစ်ကမ္ဘာလုံး ဆိုင်ရာ စိတ်ဝင်စားခြင်းမခံရတဲ့၊ ယေဘုယျငြိမ်း ချမ်းပါတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာပြည်ဟာ အခုတော့ မတည်ငြိမ်မလုံခြုံတဲ့ဒေသ (့သအျစသအျ) အဖြစ် ကျုံးသွင်းဖို့ ကြိုးစားခံနေရပါပြီ။ ဒီဖြစ်ရပ်ဖြစ်စဉ်တွေဟာ ဘာကိုဦးတည်တာ လဲ၊ ဘာဖြစ်လာနိုင်လဲ၊ ဘယ်လိုလုပ်ကိုင် ဆောင် ရွက်စီမံကြမှာလဲ စသဖြင့် မေးခွန်းပေါင်းများစွာ ဟာ ပြည်သူလူထုကလည်း ရှင်းရှင်းလင်းလင်း သိချင်ကြသလို၊ မီဒီယာသမားများကလည်း တိတိ ကျကျမတင်ပြနိုင်ပါဘူး၊ အနီးစပ်ဆုံး ရိပ်သံ၊ဖမ်း သံလောက်တော့ တင်ပြနေကြတာပါ၊ ခက်ထန်ကြမ်းတမ်းတဲ့ ဖြစ်စဉ်ဖြစ်ရပ်နဲ့ သိမ်မွေ့နက်နဲ ရှုပ်ထွေးနေတဲ့အခြေအနေမှာ တစ်ခုခု တာဝန် ခံဖို့ အခက်တွေ့နေရတာအမှန်ပါ၊ မီဒီယာတွေကတော့ တိတိကျကျသိရှိမှသာ လူထုကို ရှင်းလင်းတင်ပြလို့ရမှာပါ။ ဒီကိစ္စမှာ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ထိန်း ထိန်းသိမ်းသိမ်းပြောဆိုချက်လောက်သာ တင်ပြ နိုင်မှာဖြစ်ပါတယ်။ လူထုရော၊ မီဒီယာတွေရော သက်ဆိုင်သူတွေရဲ့ ရှင်းလင်းပြောဆိုတာကို စောင့်မျှော်နေတဲ့ အခြေအနေပါ။ မှူးဇော်ရဲ့ င်္ခေနဘသသု မှာ နောက်ကွယ်က ကြိုးကိုင်တဲ့သူ တွေရှိတယ်ဆိုတာက လူထုရဲ့စိတ်မှာ ပိုပြီး မအေးမချမ်းဖြစ်စေပါတယ်။ လူထုကို ကြိမ်မီးအုံး သလိုဖြစ်စေပါတယ်။ လူထုက မည်သို့ပင် သဘောထားသည်ဖြစ် စေ နိုင်ငံတော်အာဏာကို ကိုင်တွယ်ထားတဲ့သူ တွေရဲ့ အုပ်ချုပ်မှုအောက်မှာနေရတာဖြစ်ပါတယ်။ နိုင်ငံတော်အာဏာအောက်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ်။ ထောက်လှမ်းရေးအဖွဲ့ အစည်းတွေရှိတယ်။ ဝန်ထမ်းအသီးသီးနဲ့ အုပ် ချုပ်ရေးယန္တရားတွေရှိတယ်။ အမိန့်တွေ၊ အာဏာ တွေရှိတယ်။ အကျဉ်းထောင်တွေရှိတယ်။ ငွေတွေရှိတယ်။ နိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ် စသဖြင့် ဒီအာဏာရဲ့အောက်မှာ အတောင်အ လက်အစုံရှိပါတယ်။ လူထုမှာ ဘာမှမရှိပါဘူး၊ အာဏာပိုင်စိုးသူကို မြန်မာစာပေမှာ သမုတိနတ် လို့တောင် တင်စားထားကြပါတယ်။ ရခိုင်မှာဖြစ်တဲ့ ကိစ္စဟာ တစ်ပြည်လုံးနဲ့ သက်ဆိုင်ပါတယ်။ တစ်ပြည်လုံး စိတ်၏မလုံခြုံ ခြင်း၊ ကိုယ်၏ မလုံခြုံခြင်းခံစားရမှာပါ။ မည်မျှ ပင် သိမ်မွေ့နက်နဲသည်ဖြစ်စေ လူထုအားကိုး လောက်တဲ့ ရပ်ခံပြောဆိုမှုမျိုး လိုအပ်နေပါတယ်။ လူထုကို ဘာပြောကြမလဲ၊ လူထုက ဘယ်သူ့ ကိုအားကိုးရမလဲ။ လူထုက အားကိုးရာမဲ့နေပြီ လား၊ လားပေါင်းများစွာ ဘယ်အထိထိုင်ကြည့် နေကြမလဲ။ ရခိုင်မှာ ဓာတ်ငွေ့တွေရှိတယ်။ ရေနက်ဆိပ် ကမ်းကြီးတွေလည်း ဖြစ်လာမယ်။ တရုတ်ရေနံ ပိုက်လိုင်းကြီး တွေလည်းရှိတယ်။ သယံဇာတတွေ လည်းရှိတယ်၊ ကောင်းမွန်မျှတတဲ့ ရာသီဥတု ရှိတယ်။ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ လူမျိုးတွေရှိတယ်။ ဗုဒ္ဓဘာသာမျိုးစေ့ အရင် ချနိုင်ခဲ့တယ်။ ရှည်လျားတဲ့ ကမ်းရိုးတန်းက အိန္ဒိယသမုဒ္ဒရာကို မေးတင် ထားတယ်။ နှစ်ပေါင်း ထောင်ချီ ဒီမြေဒီရေကို ကာကွယ်စောင့်ရှောက် နိုင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာ သယံဇာတတွေနဲ့ ချစ်စရာယဉ်ကျေးမှုတွေရှိတဲ့ လူမျိုးပေါင်းစုံရှိတယ်။ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးရဲ့ အချက်အချာမှာရှိ နေတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လုပွဲ ကြီး၊ နေရာလုပွဲကြီးရဲ့ မြေဇာပင်မဖြစ်သင့်ပါ။ မြန်မာလူမျိုးတို့က ကမ္ဘာကြီးကို အနှောင့်အယှက် မပေးခဲ့ပါဘူး။ ဖြစ်ဖြစ်မြောက်မြောက်အကူအညီ လည်း မရခဲ့ပါဘူး။ အခုအကူအညီတွေ လိုနေပါ တယ်။ ကမ္ဘာကြီးကို ပြန်အကျိုးပြုနိုင်ပါတယ်။ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ အင်္ဂလိပ်-မြန်မာစစ်ရှုံးရခြင်းအဖြစ် ချုပ်ဆိုခဲ့ တဲ့ ရန္တပိုစာချုပ်ပြီးကတည်းက ဒီဒေသတွေဟာ အရင်းရှင်ကိုလိုနီစနစ်နဲ့ အင်ပါယာဝါဒရဲ့ လက် အောက် ကျရောက်ခဲ့ရပါတယ်။ ထီးပြိုင်၊နန်းပြိုင် ဒေသများဖြစ်သော်လည်း တစ်မြေထဲ၊ တစ်ရေထဲ ဒေသတွေဖြစ်ပါတယ်။ ဒီမြေ၊ဒီရေသားတို့အချင်း ချင်း အရင်းရှင်ထမ်းပိုးအောက်က လွတ်ပြီးပေါင်း စည်းမိတာ နှစ် ၆၀ခရီးပဲရှိပါသေးတယ်။ ခိုင်မာ တောင့်တင်းတဲ့ နိုင်ငံကို ဘယ်လိုဖွဲ့စည်းမလဲဆို တဲ့ ( State Structure ) အရေးကြီးလာပါပြီ၊ လွတ်လပ်ရေးရပြီးနောက် ( State Structure ) နှစ်ကြိမ်ပြောင်းခဲ့ရပြီးပါပြီ။ ရေရှည်တည်ငြိမ်တဲ့ အားလုံးသဘောတူညီတဲ့ ( State Structure ) ဟာ အမြန်လိုအပ်နေပါပြီ။ ဒီနေရာမှာ စာအုပ်တွေထဲက တွေ့ရှိတာ လေးတွေ စဉ်းစားမိဖို့ တင်ပြလိုက်ပါတယ်။ အင်ပါယာဝါဒ ( Imperialism )ရဲ့ အခြေခံ ကတော့ လွှမ်းမိုးတဲ့ လူမျိုးက လွှမ်းမိုးမခံရတဲ့ လူမျိုးအပေါ်မှာ အုပ်ချုပ်ရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ၊ နယ်မြေချင်းဆက်ဆံရေးအရ၊ လူမျိုးချင်းဆက်ဆံရေးအရ ကိစ္စအဝ၀မှာ ခွဲခြား ဆက်ဆံပြီး မညီမမျှအခြေအနေကို ရေရှည်ထိန်း သိမ်းပြီး ထားတာဖြစ်ပါတယ်။ ကိုလိုနီဝါဒ ( Colonialism )ရောမခတ် မက် ထရိုပို ( Mather of City )အယူအဆက လာတာ ဖြစ်ပါတယ်။ နယ်မြေတစ်ခုမှာ ရှိတဲ့လူတွေကို အခြားနယ်မြေကလူတွေက စိတ်ကြိုက်နေရာချ ထားပြီး ထိန်းချုပ်ကျင့်သုံးထားတာဖြစ်ပါတယ်။ အမေရိကတိုက်ကို ဥရောပအရင်းရှင်တွေ စီမံ ခြယ်လှယ်ပုံမျိုးပါ။ မဟာလူမျိုးကြီးဝါဒ ( Chauvinism )တွေ ကျဉ်း မြောင်းတဲ့လူမျိုးရေးဝါဒ ( Narrow National ) တွေ၊ လူတစ်မျိုးတစ်နိုင်ငံဝါဒ ( Tirbal National ) တွေ၊ လူမျိုးစုံဝါဒ( Multi National )တွေ မျိုးစုံနေ တဲ့ အခြေအနေမှာ ခိုင်ခံ့တဲ့နိုင်ငံတည်ဆောက်ပုံ ( State Structure )တစ်ခုအဖြစ်တည် ဆောက်ဖို့ လိုနေကြောင်း လူထုပုံရိပ်က အကြံပြုရေးသား လိုက်ရပါတယ်။
The Public Image

0 ကွန်မန့်ရေးရန်:

Post a Comment