မသိရင်တော့
ရယ်စရာ သတင်းလို ဖြစ်နေပါတယ်။ အမှန် တကယ် လည်း စက္ကူနဲ့လုပ်တဲ့ အာကာသ
လေယာဉ်ငယ်ကို ဗြိတိန်က အပျော် တန်း အာကာသ ပညာရှင်များ အဖွဲ့က လွှတ်တင်
ခဲ့ပါတယ်။ အာကာသ အထိတော့မရောက်ပါဘူး။ ကမ္ဘာ့လေထုရဲ့ အာကာသမရောက်ခင်
ဆက်ကြားအလွှာအထိရောက်ရှိပါတယ်။နိုဝင်ဘာ ဒုတိယအပတ်ကဖြစ်ပါတယ်။ ကောက်ရိုးခြောက်နဲ့ လုပ်ပြီး စက္ကူနဲ့ပြန်ဖုံးပေးထားတဲ့ လေယာဉ်ငယ်ဖြစ်ပါတယ်။ ကလေး ကစားစရာအရုပ်အရွယ်ပဲရှိပါတယ်။ လေယာဉ်မှာ ကင်မရာများတပ် ဆင်ပေးထားပြီး ဟီလီယံလေပူပေါင်းနဲ့တွဲလို့ လွှတ်တင်ပေးခဲ့ပါတယ်။ ကမ္ဘာ့လေထုရဲ့ အမြင့်ဆုံးအလွှာထိရောက်ပြီး ကမ္ဘာမြေဓာတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးပေးနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ လွှတ်တင်တာဖြစ် ပါတယ်။
လွှတ်တင်တဲ့နေရာနဲ့ မိုင် ၂၀ကျော် တောတစ်နေရာမှာ ပြန် လည်တွေ့ရှိပါတယ်။ ကောင်းကင်ဝေဟင်မှ ရိုက်ကူးတဲ့ကမ္ဘာ့မြေပြင် ဓာတ်ပုံများအတွက် များစွာအကုန်ကျခံစရာမလိုဘူးလို့ သက်သေပြ သွားပါတယ်။
သာမာန်ဆိုရင် အာကာသယာဉ်ပျံသို့မဟုတ် လေယာဉ် နဲ့သာရိုက်ကူးလို့ရမယ့်ပုံရိပ်များကို ဗြိတိန်အပျော်တမ်း Space enthusiasts က ဈေးသက်သက်သာသာနဲ့ပြုလုပ်နိုင်တယ်လို့ သက်သေ ပြသွားခြင်းဖြစ်ကြောင်းသိရသည်။
Ref:BBC
Posted in: ထူးဆန်းထွေလာ











0 ကွန်မန့်ရေးရန်:
Post a Comment