Tuesday, December 4, 2012

ရွှေည၀ါဆရာတော်လည်း မျက်ရည်တွေ ကျလို့. . .

Yezar Ni shared April Maung Maung's photo.
၇င်ထဲမှာဆိုအောင်နာတယ်...ဘုန်ဘုန်တွေမျက်၇ည်ကျတာကြည်ပြီး...
၇င်ထဲမှာ ပြောမယ်စကားလုံမ၇ှိအောင်နာတယ်...

မျက်ရည် သ၀ဏ်လွှာ

ရွှေည၀ါဆရာတော်လည်း မျက်ရည်တွေ ကျလို့. . .
တကမ္ဘာလုံးမှာ ရှိတဲ့ ပြည်သူတွေ မျက်ရည် ကျရတာပါ။
ခင်ဗျားတို့ ရှို့လိုက်တဲ့ မီး ဟာ
အဲဒီ သံဃာတွေ ရဲ့ အရေပြားကတဆင့်
ကျနော်တို့ အားလုံး ရဲ့ နှလုံးသား ကို လောင်ကျွမ်းလို့
တခုပဲ မေးချင်ပါရဲ့
ခင်ဗျားတို့ ဘယ်လိုနေသလဲ ဆိုတာပါပဲ
မြန်မာ့မြေမှာ
မြန်မာပြည်သားတွေ
မြန်မာပြည်အတွက် မကျေနပ်လို့
ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြကြတယ်။
ဒါကို ရက်ရက်စက်စက်သေရာပါ ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်ကြတယ်။

ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရတဲ့. . .
ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတဲ့
၂၀၁၅ မှာ ဆက်လက် ယှဉ်ပြိုင်အရွေးခံဦးမတဲ့

ခင်ဗျားတို့ မို့ မရှက်မကြောက်ဗျာ

အဲဒီ ဦးပိုင်ဆိုတဲ့ အဖွဲ့အစည်းကြီးဟာ
အဲဒီလို သူတို့အကျိုးစီးပွားအတွက်
အဲဒီလောက်ထိ ပြည်သူကို ရန်ပြုတယ်ဆိုတာသိရင်ဖြင့်
သူ့အကျိုးစီးပွားဖြစ်စေမယ့်
သူ့ကုန်စည်၊ သူ့ယာဉ်ကား၊ သူ့စီးပွားမှန်သမျှ ဆန့်ကျင်ကြပါ။

ဒီလို ပြည်သူတွေ ကြိမ်မီးအုံးသလို ပူလောင်ဆင်းရဲနေရတဲ့အချိန်မှာ
သူတို့က ကားကြီးကားငယ်အသွယ်သွယ်၊
စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့ တိုင်းပြည်ထဲ ဇိမ်ခံလို့နေတယ်။
ဒီ လို ကျူးလွန်ခဲ့တာကို မြိန်ရည်ယှက်ရည်ပြောဆိုပြီး အောင်ပွဲခံလို့နေချင်နေမယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဆရာမောင်ဝံသ စတဲ့
ပြည်သူ့ဘက်တော်သားတွေကို အသိမပေးဘဲ ကော်မရှင်ဖွဲ့
ပြည်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းမယ်။
ပြီးရင် ဒီလုပ်ရပ်အတွက် အချင်းချင်း လက်ဝါးချင်းရိုက်လို့ လှလှပပ နိုင်ငံရေး ကစားလိုက်နိုင်တယ်လို့ အပြန်အလှန် ချီးယားလုပ်နေကြမယ်။
မနက်ဖက် ဂေါက်ရိုက်ရင်း အရသာခံမယ်။
ညဘက် ဘီယာသောက်ရင်း အရသာခံမယ်။

ဒီလို ပြည်သူတွေ တိုင်းလုံးကျွတ်၊ ပြည်လုံးကျွတ် ကြိမ်မီးအုန်းနေချိန်မှာပဲ
သူတို့သားမယားတွေက အနီးအပါးက တိုင်းပြည်တွေမှာ ရှော့ပင်းထွက်မပျက်၊
ညဘက် ပြိုင်ကားမောင်းမပျက်
နိုက်ကလပ်တက်မပျက် ရှိနေတယ်။

ကျနော်တို့ဟာ ပင်ကိုယ်စရိုက်အားဖြင့် အင်မတန် အေးအေး နေတဲ့
သဘာဝ ရှိတယ်။
ငြိမ်းချမ်းလိုတယ်။
တဆက်တည်းမှာ တိုင်းပြည်ကြီးဆင်းရဲနောက်ကျနေတာကို လွတ်မြောက်ချင်ကြပြီ။
ဒီလူတွေ မတရားအုပ်ချုပ်နေမှန်းသိသိနဲ့
မရိုးသားမှန်းသိသိနဲ့
ကျနော်တို့ နောက်ထပ် မရင်းချင်ကြတော့ဘူး။
ဒီ့အတွက် ကျနော်တို့ သိစိတ်၊ မသိစိတ်ကနေ
သူတို့ပြောင်းပါပြီ ဆိုတာကို ဇွတ်လက်ခံလို့
ဇွတ်ပေါင်းသင်းဆက်ဆံနေကြတယ်။
တကယ်က သူတို့ဟာ ပြောင်းတာလား၊
ကျနော်တို့ကို အသုံးချလို့ သူတို့တည်မြဲရေး အတွက် ဆက်တည်ဆောက်နေတာလား ဆိုတာ ဒီဖြစ်ရပ်တွေက သက်သေပြလို့နေတယ်။

အို ခေါင်းဆောင်တို့
မတွေဝေ ကြပါနဲ့

ပြည်သူတွေဟာ စိတ်ပျက်လက်ပျက် ဖြစ်လို့နေပါပြီ
ပြည်သူတွေဟာ လမ်းပျောက်လို့ဖြင့်နေပါပြီ

တိုင်းပြည်အတွက် အသုံးချခံရတာ မဟုတ်
ပြည်သူကို ခုလို သတ်ဖြတ်ဖိနှိပ်ဖို့ အသုံးချမှာ ဆိုတာကို
မြင်အောင် ကြည့်ပါတော့. . .

သန်းခေါင်ထက် ညလည်းမနက်နိုင်
သန်းခေါင်ကျော်မှ အရုဏ်သစ် ကို ရနိုင်ပါလေရဲ့။

ချိုတူးဇော်
၇င်ထဲမှာဆိုအောင်နာတယ်...ဘုန်ဘု
န်တွေမျက်၇ည်ကျတာကြည်ပြီး...

0 ကွန်မန့်ရေးရန်:

Post a Comment