Tuesday, December 4, 2012

အမေ့အလွမ်းပြေ


ရေခြားမြေခြား
တစ်ပါးတိုင်းတွင်
သင်ယူပညာ
စေရာတာဝန်
ကျေပွန်စေရာ
ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ
ချမ်းအေးလှသည့်
ညအမှောင်ထဲ
မျက်ရည်ဝဲလျက်
ငယ်စဉ်ကာလ
အညာဒေသ
ဆောင်းကာလတွင်
အမေ့ရင်ခွင်
ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ
ပြန်လည်တမ်းတ
လွမ်းနေရတယ်
အမေရယ်.....

0 ကွန်မန့်ရေးရန်:

Post a Comment