Tuesday, December 4, 2012

မိုးကုတ်မြို့ ရှိ သံဃာတော်များ လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်

hlyothwetuyin | 12/03/2012 06:19:00 AM
မိုးကုတ်မြို့ ရှိ သံဃာတော်များက လက်ပံတောင်း တောင်အရေး တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် သံဃာတော်များအား အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် အဆိုပါ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေ့လည် ၁နာရီခွဲတွင် ဖောင်တော်ဦး ဘုရား ရင်ပြင် တော်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲတွင် မိုးကုတ်မြို့ရှိကျောင်းတိုက် အသီးသီးမှ သံဃာတော် အပါး ၄၀ ကျော်ပါဝင်ခဲ့ပြီး တစ်နာရီခန့် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။

ရေပူကျောင်းဆရာတော် ဦးက္ကဒြာက က "ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို ဒီလိုမျိုး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ဘယ်နိုင်ငံဘယ်လူမျိုး ဘယ်ဘာသာကမှ လက်ခံမှာ မဟုတ်သလို ဘုန်းဘုန်းတို့ ကလည်း လုံးဝလက်မခံပါဘူး ၊ဒါကြောင့် ဘုန်းဘုန်းတို့ ဆန္ဒဖော်ထုတ်ရ တာပါ" ဟု ဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် ယနေ့ နေ့လည် ၂ နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက လည်း စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group

လက်ပံတောင်းတောင် အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် မန္တလေးမြို့ရှိသံဃာတော်များက ယနေ့(ဒီဇင်ဘာလ ၂ ရက်နေ့)မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြောင်းသိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment