Monday, December 3, 2012

****** International အဆင့်မီဖြစ်လာတဲ့ မြန်မာပြည်က Gmail စနစ် (အကောင့်ပျောက်မှာ မစိုးရိမ်တော့ပါ။) ******


Posted: 30 Nov 2012 07:14 AM PST

ပြီးခဲ့တဲ့ ၂ ရက်လောက်က ဘာမှားသွားလဲမသိပါဘူး..။ ဒီနေ့ပြန်ဖွင့်တော့

Gtalk ကော..Gmail ပါ ဖွင့်လို့မရတော့ပါဘူး။ Recovery Email

ကတဆင့်ပြန်ဖွင့်မယ်လေ လို့ တွေးမိပြီး အကောင့်ကို ပြန်ဖော်မလို့ လုပ်တော့

အရင်ကချပေးတဲ့ Setting မျိုး ကျမလာတော့ပါဘူး။ ဖုန်းနံပါတ်ကို တောင်းတာ

တွေ့လိုက် ရပါတယ်။ နည်းနည်းတော့ အံ့သြသွားပါတယ်..။

ဆက်သွယ်ရေးက ဈေးကြီးကြီးနဲ့ အငှားချပေးထားတဲ့ ဖုန်းနံပါတ်ကို

ဂုဏ်ယူစွာနဲ့ ရေးချလိုက် ပါတယ်။ မကြာပါဘူး…ခဏတွင်းပဲ ဖုန်းဝင်လာပြီး Code

Number (၆) လုံးကို ပြောပြသွားပါတယ်..။ အဲ့ဒါနဲ့ လိုက်မှတ်ပြီး

ရိုက်ထည့်လိုက်တော့ New Password ရိုက်ဖို့ Box တစ်ခုကျလာပါတော့တယ်..။

အဲ့ဒါနဲ့ပဲ Password အသစ်ထပ်ရိုက်ထည့်ပြီး Enter ခေါက်လိုက်တော့ Gmail

ပွင့်သွားပါ တော့ တယ်..။ အရင်က Password

ပျောက်ခဲ့ဖူးပေမယ့်..အခုလိုမျိုးတော့ မကြုံခဲ့ရပါဘူး။ အရမ်း သဘောကျ

မိပါတယ်..။ အရင်ကဆိုရင် .. Recovery Email မေးရတာနဲ့..အကောင့်ထဲက

ပြောဆိုနေကျ အကောင့် ၅ ခု ပြန်ရေးထည့်ပေးရတာနဲ့..နောက်ဆုံးသုံးခဲ့တဲ့

နေ့ရက်တွေ..နှစ်တွေ ထည့်ပေးရတာနဲ့ ရှုတ်ရှက်ခတ် နေတာပါပဲ..။

အခုတော့ ဖုန်းနံပါတ်တစ်ခု ပြန်ရေးထည့်ပေးလိုက်ယုံနဲ့

အကောင့်ပြန်ရနေပါပြီ..။ Hacking ဆရာတွေလည်း Google ရဲ့ HTML5 ကို

ဘယ်လိုရအောင် ဖောက်သလဲ မသိပေမယ့် လုံခြုံရေးစနစ် ကတော့

တော်တော်ကောင်းနေပါပြီ..။ ဒါကြောင့် အကောင့်ပျောက်လည်း မစိုးရိမ်ပါနဲ့..။

ဖုန်းရှိသူများ အားလုံး Gmail Setting ထဲမှာ ဖုန်းနံပါတ်ကိုပါ

ရိုက်ထည့်ထားလိုက်ပါ။ အကောင့်ပျောက်မှာ မပူရ တော့ပါဘူး။

နိုင်ငံတကာမှာ ပေးထားတဲ့ အဆင့်အတိုင်း မြန်မာပြည်မှာ ရနေပါပြီ…။

ဒါကြောင့် Gmail ကို စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
နန်းညွန့်ဦး

0 ကွန်မန့်ရေးရန်:

Post a Comment