Monday, December 3, 2012

" အမေ့နို့ဖိုး.. အဖေ့တန်ဖိုး " နှင့် မိဘဂုဏ်(၁၂)ပါး


( ၁ ) သုဟဒယဂုဏ် >>> မိဘဆိုတာ သားသမီးကို နှလုံးသားကနေ ပြီးတော့ ရိုးတွင်းခြင်ဆီထိအောင် ချစ်တယ်။

( ၂ ) ဗြဟ္မာဂုဏ် >>> မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာု၊ ဥပေက္ခာ ၊ ဗြဟ္မစိုရ် တရား လေးပါးနှင့်အညီ သားသမီးတွေအပေါ် မိဘများကသဘောထား တယ်။


( ၃ ) ဇနေတ္ထိဂုဏ် >>> သားသမီးတွေကို မိခင်က အသက်စွန့်ပြီး မွေး ဖွားပေးတယ် ၊ ဖခင်က စောက်ရှောက်ပေးတယ် ။

( ၄ ) ပေါသကာဂုဏ် >>>သားသမီးတွေကို မိဘက နို့ချိုတိုက်ကျွေးပြီး ပြု စုတယ်။

( ၅ ) ပေါသကန္တိဂုဏ် >>> သားသမီးတွေကို မိဘက မှတ် ၊ ခြင် ၊ ယင် မကိုက်အောင် စောက်ရှောက်ကျွေးမွေးပြုစုတယ်။

( ၆ ) ဒဿိကရဂုဏ် >>> မိဘက သားသမီးတွေကို မမြင် မတွေ့ဖူး တာတွေကို မြင်တွေ့ဖူးအောင် ပြပေးတယ်။

( ၇ ) အပါဒကဂုဏ် >>> သားသမီးတွေကို မိဘက ဘေးရန်ကင်း ရှင်းအောင် စောက်ရှောက်ပေးတယ်။

( ၈ ) တိံသယန္တိဂုဏ် >>> သားသမီးတွေကို မိဘက သီချင်းဆိုပြပြီး ချော့ သိပ်တယ်။

( ၉ ) ပုဗ္ဗဒေဝတာဂုဏ် >>> သားသမီးတွေအပေါ် မိဘက အိမ်ဦးနတ် သဖွယ် စောက်ရှောက်ပေးတယ်။

( ၁၀ ) ပုဗ္ဗစရိယဂုဏ် >>> သားသမီးတွေအပေါ် မိဘက ရှေးဦး ဆရာဖြစ် တယ်။

( ၁၁ ) ဂေါပယန္တိဂုဏ် >>> အန္တရာယ် ဟူသမျှကို ကာကွယ်ပေးတယ်။

( ၁၂ ) အာဟုနေယျဂုဏ် >>> မိဘများက အပြင်သွားလို့ပြန်လာရင် သားသမီးတွေအတွက် စားသောက်ဖွယ်ရာများကို လက်ဆောင်အဖြစ် ယူလာပေးတယ်။

(၁၃) အနာမတ္တဂုဏ် >>> မိဘများက သားသမီးတွေအပေါ် တိုင်းတာလို့မ ရနိုင်အောင် မြင့်မြတ်တဲ့ မေတ္တာထားပေးတယ်။

မိဘတိုကသားသမီးတွေအပေါ်ထားတဲ့ မျှော်လင့်ချက်>>>>>>>>>>>>>
့ မိမိတို့အသက်အရွယ်ကြီးပြီး အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်မှာ ”သား ”ကအားထားစရာ ဖြစ်လာလိမ့်မယ် ၊”သမီး” ကထီးလို မိုးပေးလိမ့်မယ့်ဆိုတဲ ”မျော်လင့်ချက်ကြီး”ထားပါတယ် ။

စစ်ကိုင်း ခင်မကန် အရှင်ခေမိန္ဒ ဟောကြားတော်မူသောတရားတော် မှ ကောက်နုတ်ဖော်ပြပါသည်။
မိဘဂုဏ်(၁၂)ပါး
 
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

0 ကွန်မန့်ရေးရန်:

Post a Comment