Monday, December 3, 2012

ဒီနေ့ ရန်ကုန်က လမ်းပေါ်မှာ သေနပ်ထောက် ကားပေါ်ဆွဲတင်ဖမ်းတယ် ။




မဇ္ဈိမ TV ရုပ်သံ သတင်း
BY - အသောက အသောက အသောက ( facebook )

ဆန္ဒပြပွဲတွင် ပါဝင်သူများကို တရားဝင်ဖမ်းဝရမ်းနှင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီးက ပြောကြား -

ရန်ကုန်၊ ဒီဇင်ဘာ ၂။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ပြောကြားသည်။

“ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီးသက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင်ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး
ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”ဟု လည်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုခဲ့ရာ ဆန္ဒပြသူများဘက်မှ “အမေစုကို ယုံတယ် ခင်ဗျားတို့ကို မယုံတာ”ဟု ပြန်လည်ပြောကြားပြီး ရဲနှင့် ဆန္ဒပြသူများ နှစ်ဖက်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။

ဆုဝေ
ဆန္ဒပြပွဲတွင် ပါဝင်သူများကို တရားဝင်ဖမ်းဝရမ်းနှင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီးက ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောကြားသည်။

“ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ  ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီး သက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင် ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားတို့ ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”ဟု လည်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုခဲ့ရာ ဆန္ဒပြသူများဘက်မှ “အမေစုကို ယုံတယ် ခင်ဗျားတို့ကို မယုံတာ”ဟု ပြန်လည် ပြောကြားပြီး ရဲနှင့် ဆန္ဒပြသူများ နှစ်ဖက်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။

ဆုဝေ
BY - အသောက ( facebook )

0 ကွန်မန့်ရေးရန်:

Post a Comment