Monday, December 3, 2012

{•}{•}{•}{•}{•} ဒီခြင်တွေရဲ့ရန်ကို ဘယ်လိုကာကွယ်မလဲ ? {•}{•}{•}{•}{•}


‎{•}{•}{•}{•}{•} ဒီခြင်တွေရဲ့ရန်ကို ဘယ်လိုကာကွယ်မလဲ ? {•}{•}{•}{•}{•}

ပျားတွေဟာ ပန်းတွေဆီက ၀တ်ရည်တွေစုပ်ယူ စုဆောင်းကြတယ်။ အဲဒီလိုစုပ်
ယူတဲ့အခါ ပန်းတွေအတွက် ၀တ်မှုန်ကူးခြင်းဖြစ်ပေါ်စေပြီး လှပမွှေးပျံ့တဲ့
ပန်းခင်းကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီအပြင် သူတို့စုဆောင်းထားတဲ့
ပျားရည်တွေဟာ လူတွေအတွက် ထပ်ပြီး အကျိုးကျေးဇူးများစေခဲ့ပြန်တယ်။

လောကမှာလည်း တစ်ချို့သော လူတွေဟာ ပျားနဲ့တူကြပါတယ်။
ဥပမာ - ဘီလ်ဂိတ် . . .
သူဟာ Microsoft Software နဲ့လူတွေကို ရောင်းချရင်း ချမ်းသာလာတယ်။
သူရဲ့ Microsoft Software စနစ်ကို ၀ယ်ယူအသုံးပြုတဲ့အတွက် လူတွေမှာ
လည်း အကျိုးအများကြီးဖြစ်ထွန်းစေခဲ့တ
ယ်။ အဲဒီအပြင် သူ့မှာချမ်းသာ
ကြွယ်လာတဲ့အခါ သူ့ရဲ့ချမ်းသာမှုတွေဟာ လူတွေအတွက် အကျိုးကျေးဇူး
ထပ်ဖြစ်ထွန်း စေခဲ့ပြန်တယ်။ ကမ္ဘာပေါ်ရှိတဲ့ ဆင်းရဲမွဲတေသူတွေအတွက်
ကျန်းမာရေး၊ ပညာရေး စတဲ့ ပရဟိတလုပ်ငန်းတွေမှာ သူရဲ့ချမ်းသာမှုတွေ
ကို ပြန်လည်မျှဝေခဲ့ပါတယ်။

ခြင်တွေဟာ လူတွေဆီက သွေးစုပ်ယူကြတယ်။ အဒီလို စုပ်ယူတဲ့အခါ
လူတွေမှာ နာကျင်မှုကိုခံစားရတယ်။ အဲဒီအပြင် သွေးစုပ်ယူရုံတင်မကပဲ
ရောဂါပိုးတွေ ပေးခဲ့ပြန်ပါတယ်။ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ
စတဲ့ ရောဂါပိုးတွေဟာ လူတွေရဲ့အသက်ကို နုတ်ယူလေ့ရှိတဲ့ ရောဂါဆိုးတွေပါ။

လောကမှာလည်း တစ်ချို့သော လူတွေဟာ ခြင်နဲ့တူကြပါတယ်။
ဥပမာ - တရုတ်ပြည်သူ့သမ္မတနိုင်ငံကစီးပွားရေးကုမ္ပဏီတွေပေါ့ . . .

သူတို့နိုင်ငံရဲ့လျှပ်စစ်မီးလိုအပ်ချက်အတွက် မြန်မာနိုင်ငံက မြစ်တွေကို ပိတ်မယ်။
မြန်မာနိုင်ငံအတွက် အရည်အသွေးမမှီတဲ့ အန္တရယ်ဖြစ်စေမယ့် စားသောက်ကုန်
တွေသွင်းမယ်။ သူတို့စီးပွားရေးလုပ်ငန်းတွေအတွက် တောင်သူလယ်သမားတွေ
ဆီက လယ်မြေတွေကို သိမ်းမယ်။ ရောင်းတာအကုန်ဝယ်တယ် မကောင်းတာ
ပြန်သွင်းပေးတယ် သြော် . . . ဒီခြင်တွေရဲ့ရန်ကို ဘယ်လိုကာကွယ်မလဲ ?

0 ကွန်မန့်ရေးရန်:

Post a Comment