Friday 30th November 2012
အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ
ထုတ်ပြန်ချက် တွေအရ ၂၀၁၂ ခုနှစ် ၁၀ လပိုင်း အကုန်ထိ ကုမ္ပဏီနှင့် စီးပွားရေး
လုပ်ငန်းများ
အတွက် ကုမ္ပဏီ လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုဟာ စုစုပေါင်း
သုံးသောင်း ကျော်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထုတ်ပေးရာမှာ
မြန်မာ ကုမ္ပဏီများ အနေနဲ့ စုစုပေါင်း နှစ်သောင်း ရှစ်ထောင့် လေးရာ
ကျော်ရှိပြီး နိုင်ငံခြား ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲ များဟာ စုစုပေါင်း တစ်ထောင့်
လေးရာ ရှစ်ဆယ် ကျော်ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင် များမှ Patnership အနေနဲ့ လုပ်ဆောင်တဲ့ ကုမ္ပဏီ
တစ်ထောင့် ခုနစ်ဆယ် ကျော်ရှိပြီး ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ Joint
Venture စနစ်နဲ့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ ကုမ္ပဏီ ၇၂ ခုနဲ့
Associate အနေနဲ့ တွဲဖက် လုပ်ဆောင်မယ့် ကုမ္ပဏီ ၅၅ ခုရှိတာ ဖြစ်ပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ
ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်
ဒေါ်လာသန်းပေါင်း(၄၁၁၁.၈၉၀)သန်းရှိပြီး နိုင်ငံပေါင်း(၃၂)နိုင်ငံမှ
ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု အနေနဲ့
မြန်မာငွေ ကျပ်သန်းပေါင်း တစ်သန်း ကိုးသိန်းကျော် ကိုလည်း
ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု
တွေထဲမှာ တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပြီး
ထိုင်းနိုင်ငံမှ ဒုတိယ အဆင့်နဲ့ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အများဆုံး အနေနဲ့ ရေအား လျှပ်စစ် လုပ်ငန်းမှာ
အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း
လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ
အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

0 ကွန်မန့်ရေးရန်:
Post a Comment