Monday, December 3, 2012

... နားမကြားတဲ့ လူပျိုကြီး...


ဇွဲကပင်မြေလေးထဲမှာ တစ်ခါမှ ပို့ မရေးဖူးသေးတဲ့ အတွက် အမှားအယွင်းများရှိခဲ့ရင် သီးခံခွင့်လွတ်ပေးပြီး အမှန်ကို ပြင်ပေးကြပါလို့  လေးစားရတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ အား ကြိုတင်တောင်းပန်ထားအပ်ပါတယ်....

     ကျနော်တို့  ယနေ့ ခေတ်လူငယ်အတော်များများဟာ မြန်မာလူမျိုး မိဘတွေက ပေါက်ဖွားလာလို့ မြန်မာ ဗုဒ္ဓဘာသာရယ်လို့ ပါးစပ်ဖျားက ဆိုကြပေမဲ့..( ဒါန.. သီလ.. ဘာဝနာ ) ဆိုတာတွေကို သေချာ နားလည်သဘော မပေါက်ကြပါဘူး.. သူများလုပ်တိုင်း ရမ်းလုပ်နေကြတာပါ..ဘာနဲ့  အလားတူလဲဆိုရင်... တစ်ခါက နားမကြားတဲ့ လူပျိုကြီး တစ်ယောက် ရှိခဲ့တယ်.. သူဟာ သူ့ မိတ်ဆွေတစ်ယောက် နေမကောင်းတာကို လူနာသီတင်းသွားမေးဖို့ လာခဲ့ပါတယ်...
  ဒီလို နဲ့ လမ်းမှာ အင်း... ငါက နားမကြားဘူးဆိုတော့ တစ်ခုခုတော့စီစဉ်မှဘဲလို့ တွေးပြီး.. ဟိုရောက်သွားရင်..
ငါ့မိတ်ဆွေကို မေးမယ် ဟေ့ သူငယ်ချင်း မင့် သက်သာရဲ့ လား...ဒါဆို သူက အေးသက်သာတယ် သူငယ်ချင်းလို့ ပြန်ဖြေမယ်... ဒါဆိုငါက နားကြားယောင်ဆောင်ပြီး.. ဟုတ်လား ငါသိပ်ဝမ်းသာတယ် ကွာလို့ ပြောမယ်...
... ပြီးရင် မင့်ဘာဆေးတွေ စားလဲလို့ မေးမယ်... ဒါဆို သူက ဘာဆေးတွေ စားတယ် ပေါ့ တစ်ခုခုတော့ သူပြောမှာပဲ... ဒါဆို ငါက အေး အဲ့ဒီဆေး သိပ်ကောင်းတယ် ဆက်စားလို့ ပြောမယ်...
... နောက် မင့် ဘယ် ဆရာဝန်နဲ့  ကုသလဲ လို့ မေးမယ်.... သူက ဘယ် ဆရာနဲ့ ကုတယ် လို့  ပြောရင်... အေး အဲ့ဒီဆရာ အရမ်းတော်တယ် ဆက်ကု ငါနေမကောင်းရင်လည်း သူနဲ့ ပဲ ကုမယ် လို့ ပြောမယ် ဆိုပြီး.. တစ်ယောက်တည်း အစီစဉ်တွေ ချပြီး သွားလေရဲ့ ...
  ဆေးရုံလည်း ရောက်တော့ လူနာ အရိပ်ခြေကို အကဲမခတ်ပဲ ... သူငယ်ချင်း မင့် သက်သာရဲ့ လား လို့ မေးတာပေါ့... ဟိုက သူငယ်ချင်းက အခြေနေ သိပ်မကောင်းဘူး... ငါ ဒီတောင်ကို ကျော်နိုင်မယ် မထင်ပါဘူးကွာလို့  ဖြေတော့... နားမကြားတဲ့ လူပျိုကြီးက သူ့ အစီစဉ်တိုင်း ဟုတ်လား  ငါအရမ်းဝမ်သာတယ် ကွာ လို့ ပြောလိုက်တယ်... လူနာက ဒေါသထွက်ပြီပေါ့....
  ဒါနဲ့  နောက်မေးခွန်းတစ်ခုကို သူဆက်မေးတယ်... မင့် ဘာဆေးတွေ စားလဲပေါ့... ဟိုက စိတ်တိုတိုနဲ့  အဆိပ်တွေ စားတယ်လို့  ဖြေတယ်.. အေး ဟုတ်လား အဲ့ဆေး အရမ်းကောင်းတယ် ကွ ဆက်စားလို့  ပြောလိုက်တယ်... လူနာ စောင့်ဆွေမျိုးတွေ က လက်သီးတွေ ဆုပ်ကုန်ပြီ ဒါလည်း သူက ပတ်ဝန်းကျင်ကို သတိမထားဘူး သူ မေးချင်တာကိုပဲ ဆက်မေးတယ်..
  အေး ဒါနဲ့  မင့် ဘယ်ဆရာနဲ့ ကုသလဲ ပေါ့... လူနာက  သေမင်းနဲ့ ကုတယ် လို့ စိတ်ဆိုးပြီး ဖြေတော့... အော် ဟုတ်လား အဲ့ဒီဆရာ အရမ်းတော်တယ် ဆက်ကု လို့ ပြောလိုက်ရော လူနာစောင့်တွေ ၀ိုင်းရန်ရှာလို့  ထွက်ပြေး လာခဲ့ရတယ် တဲ့လေ...
  အဲ့လိုပါပဲ... ကျနော် အပါဝင် တစ်ချို့ သော မိတ်ဆွေ များလည်း ဒီလူပျို ကြီးလိုပဲ.. ဖြစ်နေနိုင်ပါတယ်..
တကယ်တော့ ဒါန ဆိုတာ  ... လောဘ ဦးဆောင်တဲ့ ကိလေသာကုန်ဖို့ပါ...
                  သီလ ဆိုတာက.. ဒေါသ ဦးဆောင်တဲ့ ကိလေသာ ကုန်ဖို့ ပါ...
              ဘာဝနာ ဆိုတာက... မောဟ ဦးဆောင်တဲ့ ကိလေသာ ကုန်ဖို့ ပါ...
 ဒါန နဲ့  ပတ်သက်ပြီး နဲနဲ လောက် ဆွေးနွေးချင်ပါတယ်... ကျနော်တို့  ဗုဒ္ဓဘာသာ တွေဟာ လှူတဲ့ နေရာမှာ စေတနာ သဒ္ဒါတရား ကောင်းသလောက် ရည်ရွယ်ချက်လေးတွေ လွဲနေတတ်ပါတယ်... ဂုဏ်ရှိဖို့ ... လူအထင်ကြီးဖို့ .. ငါကောင်းစားဖို့  ... နောက်ဘ၀ ချမ်းသာဖို့  အဲ့ဒီလို မျှော်လင့်ချက်တွေနဲ့ ပါရမီ မထိုက်တဲ့ အလှူတွေ ကြောင့် ကုသိုလ်ရသင့်သလောက် မရရှိပဲ ဖြစ်တတ်ပါတယ်... ဟိုးတစ်ခါက တစ်သိန်းကျော် ( ယနေ့ ခေတ်နဲ့ ဆို  သိန်း တစ်ရာလောက် ရှိမယ် ထင်ပါတယ် )  အလှူ မှာ...
     ရွာစားငှါးတာ .. လေးသောင်းပါ
     မင်းသမီး လူရွှင်တော် သုံးထောင်ကျော်
     ဓါတ်ပုံရိုက်ခ ခြောက်ထောင်ကျ
     ရှင်လောင် ၀တ်စုံ  ငါးထောင်ကုန်
     ကျွေးမွေး စရိတ် ကိုသောင်း အစိတ်
     သံဃာ တော်မြတ် ( ငါးဆယ် ) ကျပ်
     အားလုံးပေါင်းသော်.. တစ်သိန်းကျော်
     နတ်လူ သာဓု ခေါ်စေသော်...   တဲ့..
 သိစေချင်တာက အခြား ပကာသနတွေနဲ့  ကုန်နေတာကိုပါ...
  တကယ်တော့ လှူတဲ့ နေရာမှာ ဘာမျှော်လင့်ချက်မှ မထားပဲ...တကယ်လိုအပ်တဲ့ နေရာတွေမှာ လှူမယ်ဆိုရင်  လူချမ်းသာ နတ်ချမ်းသာ ရရုံမက နိဗ္ဗာန်ချမ်သာကိုပါ ရနိုင်ပါတယ်...
  အခု ကျနော်တို့ အသဲ အတန် ရှာနေတဲ့ ငွေတွေဟာ ဒီဘ၀ တစ်ခုတည်းပဲ သုံးလို့ ရပါတယ်... ရန်သူမျိုးငါးပါး ကြောင့်လည်း အချိန်မရွေး ပျက်စီးနိုင်ပါတယ်...  သေရင်လည်း ယူသွားလို့ မရပါဘူး... ကျန်တဲ့သူတွေ ဝေစားလိုက်ကြမှာပါပဲ...
 ကိုယ့်ရဲ ချွေးနဲစာလေးတွေကို တကယ်လိုအပ်တဲ့ နေရာတွေ .. ပရဟိတ လုပ်ငန်းတွေမှာ ငါကောင်းစားဖို့ ရည်ရွယ်ချက်မထားပဲ သူကောင်းစားဖို့  ဆိုတဲ့ စိတ်လေးနဲ့  လှူမယ်ဆိုရင် တကယ် အကျိုးများပါလိမ့်မယ်...
 ဒါန ပြုရင် ဆုတောင်းစရာတောင် မလိုပါဘူး ပြည့်ပါတယ်... ဥပမာ  .. လခစား အလုပ်သမားတွေ မှာ လကုန်ရင် လစာရဖို့  ဆုတောင်းစရာ လိုပါသလား... မလိုဘူးနော်..  လစာရပါတယ်...လှူတာဟာ ငါ ဘယ်လောက် လှူနိုင်တယ် ဆိုတာ ကြွားဝါဖို့ မဟုတ်ပါဘူး  လောဘ ကိလေသာကို ငြိမ်းအောင်လို့ ပါ..
 ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံတွေကတော့ ဘယ်သူမှ ဖျက်ဆီးလို့ မရသလို တကယ်လို့ သံတရာမှာ ကျင်လည် ရသည့်တိုင် ကောင်းကျိုးတွေ ပေးနေမှာပါ...
 ဒါကြောင့် သူငယ်ချင်း မိတ်ဆွေများလည်း ကိုယ့်ရဲ့ ချွေးနဲစာလေး လှူတဲ့ နေရာမှာ လှူတတ်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း...   
 လွှဲချော်မှားယွင်းတာများ ရှိခဲ့ပါက ကျနော့ အား သွန်သင်ဆုံးမ နည်းလမ်းပြပေးကြပါရန် တောင်းပန်ပါတယ်
 ( မေတ္တာရှင် ရွှေပြည်သာ ဆရာတော် အရှင် ဇ၀န ၏ တရားအဆုံမ များအား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည် )

0 ကွန်မန့်ရေးရန်:

Post a Comment