“ သူနဲ့မှ မတော်တာ ”
******************
မမာမကျန်းဖြစ်လျှက်ရှိသော ဇနီးသည်က ခင်ပွန်းဖြစ်သူကိုတိုးတိုးကလေး မှာနေရှာသည်.....။
ဇနီး...။ “ ကျွန်မတိမ်းပါးသွားရင် ရှင်တစ်ရောက်ထဲမနေပါနဲ့။
နောက်အိမ်ထောင်ပြုပါ။ ဒါပေမဲ့လေ ကျွန်မအဝတ်အစားတွေတော့
သူကိုပေးမဝတ်ပါနဲ့နော်...။”
ခင်ပွန်း...။ “ အေးပါကွာ ငါပေးမဝတ်ပါဘူး။ မင်းအဝတ်အစားတွေက
သူနဲ့လဲ တော်မှာမဟုတ်ပါဘူးကွာ.....။ ”
“ တစ်ခါတည်းမစားပါဘူး ”
************************
မိခင်...။ “ သားကို ကိတ်မုန့်စားရင် ပေါင်မုန့်မစားဖို့ မေမေမှာထားတယ်လေ။
ဘာလို့နှစ်မျိုးလုံး တစ်ခါတည်းကုန်အောင် စားပစ်ရတာလဲ။
သား...။ “ တစ်ခါတည်း ကုန်အောင်မစားပါဘူး မေမေ...။”
မိခင်...။ “ ဟင်.... ဒါဆို ဘာလို့ မရှိတော့တာလဲ...။ ”
သား...။ “ ပေါင်မုန့်ကိုအရင်စားပါတယ်မေမေ။ တအောင့်နားပြီးမှ ကိတ်မုန့်ကို
ထပ်စားလိုက်တာပါမေမေ... ။”
“ ဘယ်မှာစွဲလို့လဲ ”
******************
အရက်သောက်တက်သော ကိုရွှေအား သူငယ်ချင်းကိုဇော်က သတိပေးစကားပြောနေပါသည်...။
ကိုဇော်...။ “ သူငယ်ချင်းရေ အသောက်အစားလေးတော့ဆင်ခြင်ပါကွာ
ကောင်းကျိုးပေးတဲ့အရာတွေမဟုတ်ဘူး။ စွဲသွားပြန်ရင်လဲဒုက္ခ
မကောင်းပါဘူး သူငယ်ချင်းရာ မလုပ်ပါနဲ့...။ ”
ကိုရွှေ...။ “ ပူမနေပါနဲ့ဇော်ကြီးရာ ကိုယ်စိတ်ကိုယ်နိုင်ရင် မစွဲပါဘူးကွ။ မနိုင်တဲ့သူတွေသာ
အရက်စွဲတာပါ...၊ ငါ့ကြည့်ပါလား တစ်နေ့တစ်ပိုင်း သောက်နေတာတောင် ဘယ်မှာစွဲလို့လဲ...။ ”
“ နှိုက်ရဲရင် နှိုက်ကြည့် ”
*********************
တစ်ခါက ရွာတစ်ရွာမှာ မောင်မိုးဆိုတဲ့ လူငယ်တစ်ယောက် ရှိသတဲ့။
တစ်နေ့မောင်မိုးဟာ လယ်ကွင်းထဲမှာ ငါးနှိုက်လိုက် ငှက်ပစ်လိုက်နဲ့ လုပ်နေတာ
ထမင်းစားချိန် ရောက်လာပါရောတဲ့ဗျာ။
မောင်းမိုးဟာ ဗိုက်က ဆာလာတော့ ရွာပြန်လာတယ်။ ရွာနားရောက်တော့ သူ့ဦးလေးနဲ့
တွေ့တော့ “ ဟေ့မောင်မိုး မင်းဘယ်ကပြန်လာတာလဲ မင်းတို့အိမ်မှာ ဧည့်သည်ရောက်လို့
ကြက်သားချက်တယ်ကွ။ ငါလည်း လယ်တောကပြန်လာမှ ဝင်စားရဦးမယ် ” ပြောတော့
မောင်မိုးအားရဝမ်းသားနဲ့ အိမ်အရောက်ပြေးတော့တာပေါ့...။
မောင်မိုးအိမ်ရောက်တော့ ထမင်းပွဲက ပြင်နေပြီ
ထမင်းဝိုင်းမှာ ဧည့်သည်က ထိုင်နေပြီလေ။ မောင်မိုးလည်း အခြေအနေကြည့်နေတယ်။.
တအောင့်နေ သူအဖေလဲလစ်ရော ဧည့်သည်ကိုလေးခွနဲ့ ချိန်လိုက်ပြီးပြောလိုက်တယ်
“ ဒီမယ်ဦးလေးကြီး ကျွန်တော်ကကြက်အသည်း အရမ်းကြိုက်တယ်ဗျ။ ဒါကြောင့်
ထမင်းစားရင်ကြက်အသည်းကို လုံးဝမနှိုက်ပါနဲ့ နှိုက်လို့ကတော့ ကျွန်တော့လေးခွ
နဲ့အပစ်ပဲ ” လို့ကြိမ်းဝါးထားသတဲ့ ဧည့်သည်လဲ ထမင်းသားစားပြီးသွားတယ်
ကြက်အသည်းကို ထိတောင်မထိရဲဘူးတဲ့...။
“ ပိုကာဒေါင်းရုံဆို တော်ပါရဲ့တော် ”
*******************************
တစ်ခါက ရွာတစ်ရွာမှာ မောင်ထွန်းဝေဆိုတဲ့ လူငယ်လူလည်တစ်ရောက်ရှိတယ်...။
သူ့မိန်းမနာမည်က မဂျာဝိုင်းတဲ့ သူမိန်းမကတော့ခပ်အအရယ်လေ။ မောင်ထွန်းဝေ
ဟာ မိန်းမကွယ်ရာမှာ အသောက်အစား နဲ့ လောင်းကစား မကင်းဘူးတဲ့။ မဂျာဝိုင်းက
ရိုးပြီးအတော့ မောင်ထွန်းဝေပြောသမျှ ယုံတာပေါ့ဗျာ...။
တစ်နေ့တော့ မောင်ထွန်းဝေ ဖဲကစားနေတဲ့အချိန် မဂျာဝိုင်းအဖေ ဦးအောင်တင့်နဲ့
ပက်ပင်း တိုးပါလေရောဗျာ..။ ဦးအောင်တင်ကလဲ လူကြီးပီပီ သမက်ကို ဘာမှ မပြောဘဲ
ဖဲဝိုင်းက ရှောင်သွားလေရဲ့။ အိမ်ရောက်တော့ ဦးအောင်တင့်က မဂျာဝိုင်းကိုခေါ်ပြီး...
“ သမီး...... သမီးယောက်ျားဖဲရိုက်တယ်း။ အဲဒါ...သမီးကြည့်ပြောထားဦး ”လို့သတိပေး
သတဲ့။ ...မဂျာဝိုင်းလဲ ယောက်ျားကိုရှာတယ် တွေ့တော့.....
“ ကိုထွန်းဝေ ဖဲရိုက်တယ်ဆို။ ဖဲရိုက်တာ မကောင်းပါဘူးတော်။. စီးပွားပျက်တက်တယ်တော့
နောက်မလုပ်ပါနဲ့ ကိုထွန်းဝေရယ် ” လို့ပြောသတဲ့...။
မောင်ထွန်းဝေက မဂျာဝိုင်းကို ပြန်ပြောလိုက်ပုံကတော့....
“ ဟာမိန်းမကလဲကွာ .. မဟုတ်တာပြောရော့မယ်.။ ငါကဖဲမရိုက်ပါဘူးကွာ...
အပျင်းပြေ ပိုကာလေးတော့ ဒေါင်းမိပါတယ် မိန်းမရာ... ”
သည်တွင် မဂျာဝိုင်းပြန်ပြောလိုက်ပုံက...။
“ အင်းပါ.... ပိုကာဒေါင်းရုံဆို တော်ပါသေးရဲ့တော်။ ကျုပ်က ဖဲရိုက်တယ်ကြားလို့
ပြောတာပါ ”....တဲ့.....။
“ ထောက်ခံစာ ”
*****************
တစ်ခါက ကျင်းမကျေးရွာမှာ ဦးဖိုးဝဆိုတဲ့ လူတစ်ရောက်ရှိတယ်ဗျ။
ဦးဖိုးဝဟာ စာပေအခြေခံ နည်းပင်မယ့် ပေါင်းသင်းဆက်ဆံရေးကောင်းတော့ ကျေးရွာ
လူကြီး ဖြစ်လာတယ်လေ...။
ကျင်းမရွာက မောင်သန်းဟာ အောက်ပြည်အောက်ရွာကို သနပ်ခါးအရောင်းအဝယ် သွားလေ့
ရှိတယ်ဗျ။ တစ်နေ့ပေါ့ မောင်သန်းတစ်ရောက် သနပ်ခါးတွေ ကားပေါ်တင်ပြီးမှ သူရဲ့မှတ်ပုံတင်
ကပျောက်နေလေရော။ ဒါနဲ့ကားပေါ်က ခရီးသည်တွေက စောင့်ရတာကြာတော့ မောင်သန်းကို.
“ ဥက္ကဋ္ဌကြီးဆီက ထောက်ခံစာသာ တောင်းခဲ့ကွာ ” လို့ အကြံပေးကြတာပေါ့။
ဒါနဲ့ မောင်သန်းလဲ ဥက္ကဋ္ဌအိမ် ပြေရတာပေါ့ဗျာ။ ဥက္ကဋ္ဌအိမ်ရောက်တော့ ဥက္ကဋ္ဌကြီးကရှိနေတယ်
ဒါပင်မဲ့ စာရေးက အိမ်မှာ မရှိဖြစ်နေသတဲ့။ မောင်သန်းလည်း အမျိုးမျိုးတောင်းပန်ပြီး
ဥက္ကဋ္ဌကြီးရဲ့ထောက်ခံစာကို တောင်းတာပေါ့ဗျာ။ ဒါနဲ့ ဥက္ကဋ္ဌကြီးလဲမနေသာတော့ဘူးလေ
ကိုယ်တိုင်ပဲ ထောက်ခံစာကိုရေးပေးရတော့တာပေါ့။
ဥက္ကဋ္ဌကြီးရေးပေးလိုက်တဲ့ ထောက်ခံစာကတော့....
““ သက်ဆိုင်ရာသို့.........
ကျင်းမရွာမှ အဘဦးဖြိုး၏ သား မောင်းသန်းသည်
အောက်ပြည်အောက်ရွာသို့ သေနတ် အရောင်းအဝယ်
သွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံပါသည်..။
ဥက္ကဋ္ဌ
ကျင်းမကျေးရွာ
............မြို့နယ်
“ ထဘီ ၁၂ ဖာ ဘယ်သူလာလို့ ဝတ်ပါ့မယ် ”
************************************
တစ်ခါက ဆင်သေရွာတွင် ဦးပြူးဆိုသည့် လူတစ်ရောက်ရှိတယ်ဗျ....
ဦးပြူးက ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတစ်ဦးပေါ့ဗျာ။ စီးပွားရေးကတော့ မချောင်
လည်လှဘူးလေ။ တစ်နေ့တော့ ဦးပြူးမိန်းမ ဒေါ်သိန်းဟာ ယာထဲအသွား မြွေကိုက်ပြီး
ဆုံးသွားရှာတယ်။
ဦးပြူးက ဒေါ်သိန်း အသုဘချသောနေ့တွင်...
“ အမလေး... မိသိန်းရဲ ...မိန်းမရဲ့။ မင်း နှမြောပြီး မဝတ်ဘဲထားခဲ့တဲ့ ထဘီ ၁၂ ဖာ ဘယ်သူ
လာလို့ ဝတ်ပါ့မလဲကွယ်...ဟီး..ဟီး....ဟီး.. ” လို့ငိုတယ်လေ။
ထိုအချိန်မှာ ဒေါင်းလှရွာက မိအေးက ဦးပြူးဖွဲ့နွဲ့ငိုပုံကို သတိထားမိတယ်လေ။
မိအေးက အဝတ်အစားသိပ်မက်တာတဲ့ဗျ။
ဒေါ်သိန်းဆုံးပြီး ခြောက်လမပြည့်ခင်မှာပဲ ဦးပြူးဟာ မိအေးတိုလပ်ထပ်ကြလေသတည်း
ပေါ့ဗျာ..။ လပ်ထပ်ပြီးတော့ မိအေးက ဦးပြူးအိမ်သို့ လိုက်နေတယ်လေ.။
ဦးပြူးအိမ်ရောက်တော့ ထဘီများကို အိပ်ခန်းထဲဝင်ပြီး ရှာဖွေကြည့်တယ် မတွေ့။
အခန်းရဲ့ဒေါင့်မှာတော့ ဖာစုတ်တစ်လုံးပဲ မိအေးတွေ့ရတယ်။
ဒါနဲ့ မိအေးက မနေနိုင်ဘူးလေ ဦးပြူးခေါ်ပြီး ထဘီ ၁၂ ဖာမေးတော့တာပေါ့။
ဦးပြူးက အခန်းထောင့်က ဖာစုတ်ကလေးမထုပ်လာတယ်။. ပြီးတော့ဖာစုတ်လေး
ထဲက ထဘီစုတ်တစ်ထည်ကို ထုပ်လိုက်တယ် ပြီးတော့မိအေးကိုပြောလိုက်တယ်လေ...
“ မိအေးရေ.....မယုံရင် ရေကြည့်ကွာ။ ထဘီက အစုတ်များတော့ ဖားထေးထားရတာကွ
အဖာပေါင်း ၁၂ ဖာရှိတယ်လေ မင်းမယုံရေကြည့်ပါလား... ”ဟု
ပြောလိုက်လေတော့သတည်း...။
*****************************************************************
“ သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
ခင်တက်တဲ့ လူကဲလေး :p
1 ကွန်မန့်ရေးရန်:
အရမ်းသဘောကျပါတယ်
Post a Comment