Tuesday, September 4, 2012

အွန်လိုင်းမှဖြစ်ပွားနေသော၃၇၆ မဟုတ်သော ၃၇၆ များ



အွန်လိုင်းကနေချစ်သူတွေဖြစ်ပြီး ဘ၀ပါပေးချစ်ခဲ့တဲ့ ကောင်မလေးတွေအကြောင်းကို တင်ပြပြီးပါပြီ
အခုတခါမှာတော့ ပုဒ်မ၃၇၆လို့ ဆိုထားတာတဲ့အလိုမတူဘဲ ကာမရယူမှုပါ ပထမဆုံးပဒ်မ၃၇၆ အကြောင်းကို အရင်ရှင်းပြပါ့ မယ်။ (နားလည်သလောက်လေ့လာမိသလောက်ပေါ့ နော်.)။
ပုဒ်မ၃၇၆ ဟာမိန်းကလေးတစ်ဥိးရဲ့ အလိုဆန္ဒမပါပဲ. သားမယားအဖြစ် ပေါင်းသင်းနေတာတာကို ဆိုလိုပါတယ်။မိန်းကလေးတော်တော်များများ မိမိမချစ်မနှစ်သက်တဲ့ သူကိုပေါင်းသင်းနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး ၊ အခုမှုခင်းတွေမှာဖတ်နေရတာဟာများသောအားဖြင့် ၃၇၆ မှုတွေပါ....။
ယောက်ျားတွေဟာ ဖွဲတစ်ဆုပ်ကိုကိုင်နိုင်တဲ့ခွန်အားရှိသရွေ့ ၃၇၆ မှုကိုကျူးလွန်နိုင်ပါတယ်။ ဒါပေမယ့် အခုအွန်လိုင်းမှာဖြစ်နေတာတွေတော်တော်များများမှာ ခန့်မှန်းမိသလောက်
ရယူလိုမှုမပါဘဲ အဖြူသက်သက်ချစ်တယ်ဆိုတာ မရှိသလောက်ပါပဲ..အဲ့ဒီလို အွန်လိုင်းမှာ ချစ်တယ်လို့ ပြောပြီးအပြင်မှာတွေ့ ၊ကျူနေပြီးချစ်သူသက်တမ်း နှစ်လကနေ သုံးလအတွင်းမှာ living together ဖြစ်သွားနိုင်ပါတယ်။ (အဲ့လိုမဟုတ်ဘဲအချစ်စစ်နဲ့ချစ်နေတာတွေလဲ ရှိပါတယ်..တဖက်သက်မပြောပါဘူး.)အဲ့ လိုအတူနေပြီးမှ(လိုချင်တာရလို့ )ပြတ်သွားတာတွေထားခဲ့ တာကိုခံစားရတဲ့ မိန်းကလေးတွေဒုနဲ့ ဒေးရှိနေပါတယ်။
မိန်းမတစ်ယောက်ရဲ့သိက္ခာကြောင့် ဖွင့်မပြောဘဲသာ နေရင်နေမှာပါ၊ သူ့ရဲ့အပျိုစင်ဘ၀ကတော့ ပျက်စီးသွားပါပြီ၊ အရင်ပို့ စ်မှာရေးခဲ့ သလိုပေါ့၊ နောက်ထပ်အဲ့ဒီ မိန်းကလေးဟာ ချစ်သူထပ်ထားလို့ လက်ထက်ရင်တောင် အိမ်ထောင်ရှင်ယောက်ျားရဲ့ ညိုညင်မှုကိုခံရနိုင်ပါတယ်။ ကဲ..ဒါဆို စဉ်းစား ရအောင်နော်.....။
ပုဒ်မ၃၇၆ဆိုတာအလိုမတူဘဲရယူမှု...........။ ဒါပေမယ့်အခုဖြစ်နေတာက အလိုတူရယူပြီးမှ ကျောရရုံ ကြံသွားတာ မိန်းကလေးတွေဟာ နှာခေါင်းပါပေလို့ မပါရင်အညစ်အကြေးကိုမုန့်လို့ ပြောကျွေးရင်တောင် စားမယ်လို့ ရှေးလူတွေပြောတာကြားဖူးပါတယ်၊ မိန်းကလေးတွေ အချစ်က ယောက်ျားလေးတွေထက် ရှစ်ဆပိုကြီးပါတယ်။ ပိုလည်းချစ်တတ်ပါတယ်၊ သူတို့ တကယ်ချစ်မိရင် သူတို့ အသက်တောင်မှပေးရဲတဲ့ သူတွေတွေ့ ဖူးပါတယ်။ သူတို့ချစ်တဲ့သူ လိမ်နေမှန်း သိရင်တောင်ယုံကြည်နေတာမိန်းမတွေရဲ့စိတ်ပါ။ အဲ့စိတ်ကလဲ အပြစ်တစ်ခုလို့ယူဆ လို့ရနိုင် ပါတယ်။ အဲ့လိုအတူနေပြီးမှ ပြတ်သွားတာကိုကျတော့ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ...၃၇၆ လား ။ မဖြစ်နိုင်ဘူး။ သူအလိုတူလို့ အတူနေပြီး အခုမှ၃၇၆ ပုဒ်တပ်လို့မရတော့ပါဘူး. အွန်လိုင်းမှနေပြီး ကာမလိမ်လည်ရယူမှုတွေရှိနေလို့  တရားစွဲနိုင်မဲ့ ပုဒ်မတစ်ခုတော့ လိုချင်မိတယ်..။
နှစ်ဥိးသဘောတူပေမဲ့ ကျောရရုံကြံသွားတဲ့ ယောက်ျားတွေအတွက် ဘယ်လိုအပြစ်က ထိုက်တန်မလဲ Death Note လို စာအုပ်ရှိလို့ကတော့ စုံစမ်းပြီးနာမည်တွေချရေးပစ်မှာ သေချာပါတယ်..အဲ့ လိုလူတွေရှိနေလို့ ယောက်ျားကောင်းတွေဟာ နာမည်ပျက်ပြီး အရှက်ရနေတာပါ ။ ညွှန်း တဖက်သက် မပြောပါဘူး။ တကယ်ချစ်လို့ တကယ်အပြင်မှာ လက်ထပ်သွားတာတွေရှိပါတယ် ။ နည်းလွန်းပါတယ်။
ဒိပို့စ်ရေးတာရိုင်းတာပါရင် တောင်းပန်ပါတယ်၊ ဒီပို့စ်ဟာအွန်လိုင်းကနေ မိန်းကလေးတွေရဲ့ အရှက်နဲ့ သိက္ခာကို420လုပ်နေတဲ့ ယောက်ျားလေးတွေ ဆင်ခြင်နိုင်အောင်ေ၇းပေးတာပါ၊ မိန်းကလေးတွေလည်းချစ်၇င်ဥိးနှောက်သုံးဖို့ ပါ၊အဲ့လိုလိမ်ညာရယူနေတဲ့ ယောက်ျားတွေဟာသူတို့ သာအဲ့ လိုမတရားလုပ်ရင်လုပ်မှာပါ၊ သူတို့ နှမ၊အစ်မတွေသာအဲ့ လိုဖြစ်ရင်တော့ တုတ်တွေဓားတွေနဲ့ သတ်မယ် ဖြတ်မယ်ဖြစ်ကြမှာပါ။ နှမချင်းမစာနာတာကို ပြောတာပါ အမျိုးထိတော့ သိလိုက်တာ၊ သူတို့ ကျတော့ ဒိကမတရားခံလိုက်ရတဲ့ မိန်းကလေးတွေကျတော့ ဘယ်လိုခံစားရမလဲ...။

အပျော်တွဲတာကိုလက်ခံပါတယ်၊အပျော်အတူနေတာကိုတော့ လက်မခံနိုင်ပါဘူး။ နောက်ဆုံးအနေ နဲ့အွန်လိုင်းမှာယောက်ျားအားလုံးကို မကောင်းဘူးမပြောပါဘူး ကောင်းတဲ့ သူတွေရှိပါတယ်၊သူတို့ တွေကို ချီးကျူပါတယ် လေးလဲလေးစားပါတယ်။ အဲမကောင်းတဲ့ သူတွေလဲရှိတာကိုတော့မမေ့ပါနဲ့။ အပျော်ကြံနေတဲ့အကျင့်လေးတွေကို ပြင်ပြီး သစ္စာရှိရှိချစ်နိုင်ဖို့ မျှော်လင့် ပါတယ်..
မှတ်ချက်။ ။တချို့မိန်းကလေးများကျတော့လဲ ယောက်ျားလေးက သစ္စာရှိတာတောင် ကိုယ့်သိက္ခာ ကိုယ်မနှမျောပဲ သစ္စာဖောက်သွားတာတွေရှိပါတယ်၊ အဲ့လိုမိန်းကလေးကိုတော့ စာရင်းထဲထည့်နေစရာ မလိုတော့လို့ မရေးတော့ ပါဘူး။

ဆက်ဖတ်စေချင်တာ

from - http://kyawkyawthet.blogspot.com

0 ကွန်မန့်ရေးရန်:

Post a Comment