Tuesday, September 4, 2012

မြန်မာ့ မူးယစ်ဆေးနှင့် ဘင်္ဂလီ ဘင်္ဂလာတွင် ဖမ်းဆီးမိ



သဇင်ဥ

မြန်မာလုပ် ရာဘားမြင်းဆေးလုံးနှင့်အတူမြန်မာပြည်ဖွားဘင်္ဂလီများနှင့်ဘ င်္ဂလီ စုစုပေါင်း (၅) ဦးတို့အား နတ်မြစ်အတွင်းက ဘင်္ဂလာ နယ်စပ်ကမ်း ခြေစောင့် လုံခြုံရေးတပ်ဖွဲ့ (BGB)က စနေနေ့က ဖမ်းဆီးလိုက်ကြောင်း သ တင်းရရှိသည်။

၎င်းတို့အား ရခိုင်ပြည်-ဘင်္ဂလာအကြား တည်ရှိသောနတ်မြစ်အတွင်းဆတ် မာတင်ကျွန်း ဈေးအတွင်းရှိ ဆာဟီန် ဟိုတယ်မှ မူးယစ်မှောင် ခိုများအား အကူအညီပေးနေသူ ဘင်္ဂလီ အာဘ်ဒူရ် ရော်ဟ်မာန်နှင့်အတူ ဖမ်းဆီးရ မိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြော ဆို လိုက် သည်။

ဆတ်မာတင်ကျွန်း ကမ်းခြေစောင့်လုံခြုံရေးတပ်မှ ဗိုလ်ကြီး မီလ်တင်န်က မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားရေး ကူညီပေးနေသူ ဘင်္ဂလီ အာ ဘ်ဒူရ် ရော်ဟ်မာန်နှင့် မူးယစ်ထုတ်လုပ် ရောင်းဝယ်ဖေါက်ကားသူ ခေါင်း ဆောင် အီဗရာ ဟီ ဆိုသူနှင့် တခြားသူများအား ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ယနေ့ထုတ် DAINIK COX'S BAZAR သို့ အတည်ပြု ထုတ်ဖေါ်ပြော ထား သည်။

ယင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဘင်္ဂလီများမှာ မောင်တောမြို့နယ်မှ မူးယစ်ခေါင်းဆောင် မိုဟာမတ် အီဗရာဟိမ်း၊ အူလ္လာ ဟ် ဖိုရ်ကာန်နှင့် တခြား (၃) ဦးအပါအ၀င် စုစုပေါင်း (၅) ဦးဖြစ်ကြောင်း ဆိုသည်။

မောင်တောမြို့နယ်မှ ဘင်္ဂလာသို့ အဓိက မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့နေသော ယင်း အီဗရာဟိမ်းအား လွန်ခဲ့သောနှစ်ကနစကအရာရှိ များ က ဖမ်းဆီးခဲ့ပြီး လာဘ်ငွေများယူ၍ ပြန်လည်လွှတ်ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဘင်္ဂလီများနှင့် အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ (၈) ရက်နေ့က စတင် တိုက်ခိုက်မှုကြောင့် သေကြေ ပျက်စီးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်ထိ နေရာအနှံ့တွင် လုံခြုံရေးမရှိဖြစ်နေကြောင်း ဒေသ ခံပြည်သူများက ပြောသည်။

ထို့ပြင် မြန်မာ့ခရီးသွားဝန်ကြီးဌာနမှ ယင်းအကြမ်းဖက်သောင်းကျန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်း စေတီပုထိုးတော်များ တည် ရှိရာ ဝေသာလီ၊ မဟာမုနိဘုရား အပါအ၀င် မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်အပြင် တခြားတချို့မြို့နယ်များသို့ နိုင်ငံခြား ခရီး သွားများ နှင့် ကုမ္ပဏီများကို ခရီးသွားလာလည်ပတ်ကြည့်ရှုခွင့် ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment