Tuesday, September 4, 2012

မြန်မာ့ဒေါသကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...


မြန်မာ့ဒေါသကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...


ကျွန်တော်ရေးချင်တဲ့ စာအုပ်ခေါင်းစဉ်လေးဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်စဉ်တောင်ကြီး ကလေးဘ၀က မုံရွာမြို့မှာ သေနပ်တွေကို၊ ဆူးလေကုန်း၊ဘုန်းကြီးကျောင်းက ကျောက်ခဲတွေကို သွေးပြီး၊သေနပ်လုပ်တယ်။ ဘုရာကြီးပွဲမှာ ယောင်္ကျားလေးတိုင်း အရုပ်သေနပ်ကိုယ်စည်နဲ့ စစ်တိုက်တမ်းကစားကြတယ်။ စစ်ချီသီချင်းတွေ ဆိုကြတယ်။ မှတ်မိပါသေးတယ်..အဲဒီတုံးကပေါ့ဗျာ .သံပြိုင်အော်ဆိုခဲ့တဲ့ ဂျပန်ခေတ်၊ မြန်မာတပ်မတော် စစ်သီချင်းတပုဒ်ကတော့ …မိုးတွေကလဲ၊မစဲဘဲရွာနေတယ်၊ မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်၊ ဘာမထီ ငါတို့စစ်သားကောင်း… ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းက မြန်မာပြည်အတွက် စစ်သားကောင်းများအကြောင်း  ဖြစ်ဖို့ စစ်ထဲဝင်ဖို့ လှို့ဆော်ခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်တမ်းဝင်အရာရှိဖြစ်ချိန်မှာ ဖောင်ကြီး၎လ စစ်သင်တန်း တက်ခဲ့ရပါတယ်။ မြန်မာ့ဒေါသဆိုတဲ့ အခုဆောင်းပါးတိုလေးကို ရေးတဲ့အခါ ငယ်စဉ်ကဆိုတဲ့သီချင်းကို စာသားပြောင်းထည့်လိုက်ပါတယ်။ မြန်မာ့ဒေါသကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...


တတ်နိုင်ရင် နောက်လူများ၊နမူနာယူရန် ဆောင်းပါးများကို စုစည်း၊ မှတ်တမ်းတင်ချင်ပါတယ်။

ဂျပန်များဟာ အနုမြူဗုံး၂လုံး ကြဲခံရပြီး၊ ခွက်ခွက်လန် စစ်ရှုံးသွားမှ ဂျပန်ဒေါသချုပ်ငြိမ်းသွားပါတယ်။ အခု မြန်မာများလည်း အရှေ့တောင်အာရှမက၊ ကမ္ဘာဘိတ်ဆုံး ရောက်နေချိန်၊ မြန်မာပတ်စပို့ဆို ဇီးရွက်လောက်မျက်နှာငယ်ရချိန်... မြန်မာများ ဒေါသချုပ်ထိန်းဖို့ရာ လူကြီးများက စံနမူနာပြမှဖြစ်ပါမယ်။ ငါ့မျက်ရည်သည် ငါ့စားစရာဖြစ်ရသည် ...ဆိုတဲ့စကားအတိုင်း မျက်ရည်များစွာကျခဲ့ရပါတယ်။ ဒေါသမျက်ရည်များကနေ .. တောင်ကိုးရီးယားများလို့ စစ်ဘေးဒဏ်မျက်ရည်များမှ ကမ္ဘာထိတ်တန်းပြန်ရောက်ဖို့ဆိုတာ လူကြီးများရဲ့ ဒေါသကင်းဝေးနေထိုင်းရေး နမူနာပြဖို့ပဲရှိပါတော့တယ်။


အတိတ်ဖြစ်ရပ်များ

၁၉၉၃ အရှေ့တောင်အာရှ၊ ဘော်လုံးဗိုလ်လုပွဲ စင်ကာပူတွင်ကျင်းပစဉ် မြန်မာတို့ ၂ဂိုးသုညဖြင့် စင်ကာပူကို ပထမပိုင်းအနိုင်၊ နောက်ပိုင်း ပင်နယ်တီကြောင့် ၂ဂိုးစီ သရေဖြစ်သွားစဉ် မြန်မာဂိုးသမားအောင်ကျော်ကျော်၊ နှင့်အသင်းသားများ ဒေါသ၊ မြန်မာပရိတ်သတ်ဒေါသ (ဘော်လုံးကွင်းရှိ အမှိုက်ပုံးများ ပက်လက်လန်အောင် အကန်ခံရခြင်း)၊ ပရိတ်သတ်များစွာ ရဲ့အဖမ်းခံရခြင်း။

၂၀၀၅ မြန်မာအသင်း စင်ကာပူတွင် ဂိုးအပြက်အသက် ရှုံးနိုမ့်စဉ်၊ မြန်မာလက်ရွေးစင်ဘော်လုံးသမားကလေးများ စင်ကာပူမှ၊ မြန်မာပရိတ်သတ်၏ မချိမဆန့်ဆဲဆိုမှုကို ခံရခြင်း၊ မိအေး၂ခါနာ

၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အိုမန်နိုင်ငံနှင့် ရန်ကုန်၊သုဝဏ္ဍကွင်းတွင် ကန်ကြရာ ၂ဂိုးသုည ပထမပိုင်း ရှုံးနေစဉ်၊ မြန်မာပရိတ်သတ်များ၏ ဒုတ်၊ခဲ၊ရေပုလင်းများပစ်ပေါက်မှုကို အိုမန်လက်ရွေးစင်ဘော်လုံးသမားများ မချိမဆံ့ခံစားရပြီး၊ ပွဲရပ်လိုက်ရခြင်း၊ မြန်မာအသင်းကို ကမ္ဘာ့ဖလားမှ အပယ်ခံရခြင်း။

စစ်အစိုးရခေါင်းဆောင်ဦးနေ၀င်း (မြန်မာစစ်အစိုးရ ကနဦးလမ်းပြ ဗိုလ်ချုပ်ကြီး) ရဲ့ သမ္မတလူကြမ်းဒေါသ၊ သမီးဖြစ်သူကို မနိုင်သဖြင့် သံရုံးကပွဲသို့ ညအချိန်သွားရောက်ပြီး၊ တီးဝိုင်းဒရမ်ဆက်ကို ခြေနှင်ကန်ကြောက် ဖေါက်ခွဲခြင်း။ သမ္မတလူကြမ်း New York Times Article

ဦးနေ၀င်း တတ်သိပညာသည်များကို ဖိတ်ခေါ်သည့် ညစာစားဝိုင်းတွင်၊ ဇနီးသည် ဒေါ်ခင်မေသန်း တင်ပါးကို ကိုင်ခံရသည်ဆိုသောကြောင့် သမ္မတလူကြမ်းနှင့်လက်မရွံ့များ၏ ထိုးကြိတ်ဆုံးမမှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ပါမေက္ခများ ဆေးရုံတင်၊ သေဆုံးသည်အထိ ဖြစ်ခဲ့ရပုံ။

၁၉၈၈ ဒေါသထွက်နေသော မြန်မာလူထုကို ဦးနေ၀င်း မ.ဆ.လ အစိုးရက ဒေါသဖြင့် ပစ်ခတ်နှိမ်နင်းရာမှ ရှစ်လေးလုံး ရာဇ၀င် ကျောင်းသား၊ပြည်သူများစွာ သေဆုံးရသော တနိုင်ငံလုံး ဒေါသမီးအကြောင်း။ နောက်ဆုံး သမ္မတကြီးဖြစ်သူ ဦးနေ၀င်းက သမ္မတရာထူးမှ ထွက်ပေးပြီး ကျောင်းသား၊ပြည်သူလူထုများကို တီဗီမိန့်ခွန်း နောက်ဆုံးပြောကြားရာတွင် နောက်တခါဆူရင်၊ စစ်တပ်ဆိုတာ၊မိုးပေါ်ထောင်မပစ်ဘူး၊ ဒိတခါဆူရင်တော့ နာပြီသာမှတ် ..ဟု သမိုင်းဝင် ဒေါသစကား ပြောကြားခဲ့ခြင်း။ 

န.အ.ဖ လက်ထက်တွင် ညပိုင်း၊ သောက်စားမူရစ်နေသော တိုင်းမှုး၊  ဗိုလ်ချုပ်များက မြိုမိဘ၊ လူကြီး၊ အရာရှိများကို ညသန်းကောင်အချိန်ပင်လျှင် ဒေါသမထိန်းနိုင်ပဲ ဆင့်ခေါ်၊ အမိန့်ပေး၊ တန်းစီရပ်ခိုင်းသော ဒေါသဗိုလ်ချုပ်များ၏ လုပ်ချင်ရာလုပ်ခဲ့မှု န.အ.ဖ ဒေါသများ။ ဒေါသဖြင့် အတိုက်အခံများသာမကတော့၊ မိမိစစ်တပ်မှ စစ်ဗိုလ်ဟောင်းများကိုပင် ထောင်အနှစ်၄၀၊ ၇၀၊ ၉၀ စသဖြင့် ကမ္ဘာ့အံ့ဘွယ် ရယ်စရာ အာဏာအလွဲသုံးစား ဒေါသအပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းများ။

နောက်ဆုံး ဗုဒ္ဓသာသနာဘုန်းကြီးများပင် မနေနိုင်တော့ပဲ ဒေါသ၊လက်နက် အပိုင်ရှိသော စစ်ဗိုလ်ချုပ်ကြီးများကို ၂၀၀၇တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း။ သံယာဒေါသကို စစ်တပ်မှ ရက်စက်စွာ ရိုက်နှက်၊ အင်အားသုံး၊ အင်အားသုံး၊ ချေမှုန်းပစ်လိုက်၍ ကမ္ဘာ့အော့ကြောလန် စစ်အစိုးရဟု ကမ္ဘာကျော်သွားခြင်း။

နာဂစ် လူ၂သိန်းကျော်သေဆုံးသော ၂၀၀၈ မုန်တိုင်းဒဏ်တွင်၊ ကမ္ဘာက ဂရုနာအကူညီများကို လက်မခံပဲ၊ ထပ်မံအော့ကျောလန် အဖြစ် ကိုယ့်ပြည်သားများကို ရေ၊ အစားစာ ငတ်မွတ်စေခြင်း၊ သို့သော် ဒေါသထွက်နေသော ပြည်သူများမှာ ဘာမှမတတ်နိုင်တော့သဖြင့် ဘုရားဒဏ်ပေးမှုကို ခံရတော့မဲ့ စစ်ခေါင်းဆောင်များကို မေတ္တာပို့ခြင်း။

၂၀၁၁တွင် စစ်အာဏာရှင် ဦးသန်းရွှေ နောင်တရသွားကာ၊ ဦးနေ၀င်းကဲ့သို့ ပစ်စလက်ခတ် မဟုတ်ပဲ စနစ်တကျ အာဏာလွှဲအပ်ပေးပြီး၊ ဒေါသနည်းသော စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရ ပေါ်ပေါက်လာခြင်း။ ဒေါသကြီးသော စစ်ဗိုလ်ချုပ်များကို ငွေနင့်ကနဲ ရအောင်ယူစေ၊ ချန်ထားပစနိုင်လိုက်ပြီး၊ ဒေါသနည်းသော စစိဗိုလ်ချုပ်ဟောင်းများ၊ အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင် ပါဝင်စေခြင်း ဖြင့် အစိုးရသစ်ပေါ်လာခြင်။

၂၀၁၁တွင် ဒေါသကြီးသော ဗိုလ်ချုပ်အငြိမ်းစား လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းဆိုသူက ပြည်သူလူထုကို ဒေါသဖြင့် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်။ မြန်မာပြည်လျှပ်စစ်အကြောင်း သူအသိဆုံး ..ဒေါသသတင်းစာရှင်းလင်းပွဲလုပ်ခြင်း။ တတိုင်းပြည်လုံး ဒေါသထွက်လာခြင်း။ ၂၀၁၂တွင် ထိုဝန်ကြီး ဦးဇော်မင်း ချန်ထားပြီး၊ အနားယူစေခဲ့ခြင်း။

ရခိုင်ပြည်နယ်တွင် ဘဂ်လားရိုဟင်ဂျာ မူဆလင်များနှင့် လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်ပြီး၊ ဒေါသထွက်နေသော မြန်မာပြည်သားအားလုံးက ချကွာ၊ ချကွာ  ..ဟု အောဟစ်သံများစွာ ဆူညံသွားခြင်း။ သို့သော် စစ်တပ်နှင့်အစိုးရခေါင်းဆောင်များက ကမ္ဘာအော့ကြောလန် ထပ်မံမဖြစ်အောင် ဒေါသထွက်နေသော မြန်မာလူထုနှင့်စစ်တပ်ကို ထိန်းထားနိုင်ခြင်း.။

တလွဲဆံပင်ကောင်းတာမျိုးတွေ ဂုဏ်ယူစရာမရှိပါ။ တခါက မုံရွာမြို့ အဆင့်မြင့်အတိုက်ခံပုဂ္ဂိုလ်က စစ်အစိုးရရဲ့ အကြီးဆုံးစစ်ဗိုလ် ကောင်စီဥက္ကဌ ဗိုလ်မှုးစိန်ဝင်းကို စားပွဲလက်သီးနဲ့ပုပ်ကြီး စိန်ခေါ်ပြောဆိုမှု၊ ပညာရေးဌာန ပါမေက္ခချုပ်တဦးက မ.ဆ.လအစိုးရပညာရေးဝန်ကြီး ဒေါက်တာညီညီ ကို စားပွဲပေါ်ခြေစုံတက်ပြီး၊ မျက်နှာကိုခြေထောက်နဲ့ကန်ဖို့ချိန်ရွယ်ခြင်း... ထိုပုဂ္ဂိုလ်များရဲ့ ဒေါသကို စစ်အစိုးရရဲ့ ဒေါသနဲ့ တုံ့ပြန်မှုရလဒ်ကတော့ ထောင်သွင်း၊အကျဉ်းချ၊ နှိပ်စက်ခံရခြင်းပါပဲ။ ဒေါသဆိုတာ ညစ်ပတ်နံစော်တဲ့၊အမှိုက်ထုတ်ကြီးပါ။  သူ့အမှိုက်ကို ကိုယ့်ဆီရောက်မလာအောင် ကျွနိုပ်စွမ်းဆောင်နိုင်ရင် ကျွန်ုပ်ဘ၀ လူမချမ်းသာရင်နေပါစေ၊ အနည်းဆုံး စိတ်ချမ်းသာမှာပါ။

ချစ်မိတ်ဆွေ ..နောင်တရပြီလား….၊ ကျွန်တော်မိသားစုအတွင်း၊ မိမိအလုပ်လုပ်ဖော်ကိုင်ဖက်များအပေါ်က စပြီး ဒေါသထိန်းဖို့ လေ့ကျင့်ခဏ်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေါ်သမထိန်းနိုင်သရွေ့တော့ ကျွန်တော့မိသားစုမှာလည်း ကျွန်ုပ်လိုဒေါသကြီးတဲ့ သားသမီး၊မြေးမြစ်များ ထွက်ပေါ်လာနိုင်ပြီး၊ ကျွန်တော်လို အနှစ်၄၀ မြန်မာနိုင်ငံသား ကမ္ဘာ့အမွဲဆုံး၊ ဒုက္ခသယ်များဘ၀၊ နိုင်ငံတကာသွားလာရင် မျက်နှာငယ်ရတဲ့ဘ၀က လွတ်မြောက်မှာပါ။

ဒါကြောင့်

 မြန်မာ့ဒေါသကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...

မောင်သာမန်
၎-စက်တင်ဘာ-၂၀၁၂

ဆက်လက်ဖတ်ရန် ဒေါသကင်းဝေးဆောင်းပါးများ
အမှိုက်
အမှိုက် The Law of Garbage Truck (မင်းအောင်သက်လွင်၏ဆောင်းပါး)။

0 ကွန်မန့်ရေးရန်:

Post a Comment