Tuesday, September 4, 2012

''ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေးငယ် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီ "



မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့်
 ဦးခေါင်းတစ်ခုစာ အသား ပိုပါလာ
သော ကလေးငယ်အား ယနေ့
စက်တင်ဘာလ ၃ တွင် အောင်မြင်
စွာ ခွဲစိတ်ကုသနိုင်ခဲ့ ကြောင်းသိရသည်။


အသက် ၁ လနှင့် ရက် ၂ဝ ရှိ အဆိုပါ ကလေးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
 ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဌာနတွင် တက်ရောက်ကုသပြီး ခြောက်ရက်
အကြာတွင် ခွဲစိတ်ဆရာဝန် ဦးမြတ် သူ၊ ဒေါက်တာကျော်စွာအောင်နှင့် မေ့ဆေး
ဆရာဝန် ဦးအောင်ကြည်တို့ပါဝင်သော အဖွဲ့က ခွဲစိတ်ပေးခြဲ့ခင်း ဖြစ်ကြောင်း
သိရသည်။

နံနက် ၉ နာရီမှ စ၍ ခွဲခန်းသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပြီးစီးကြောင်း
 ဆေးရုံဆင်း ရမည့် ရက်ကိုမူမသိရှိရသေးကြောင်း ကလေး၏
မိဘများကပြောသည်။



မေ့ဆေးဆရာဝန် ဦးအောင် ကြည်က 'ကလေးကခေါင်းကကြီး တော့ အသက်ရူပိုက်
ထည့်ရတာ တခြားကလေးထက်ပို ခက်တယ်။ ကလေးကနုတော့ လူကြီးထက်ပို
ဂရုစိုက်ရတယ်။

 တခြားပြဿနာ က ဘာမှမရှိပါဘူး' ဟု ခွဲစိတ်မှုနှင့် ပတ် သက်၍ ပြောကြားသည်။
အဆိုပါ ကလေး၏ အသားပိုမှာ လုံးပတ် ၉ လက်မ၊ အမြင့် ၆ လက်မခန့်ရှိသည်ဟု
ခန့် မှန်းရပြီး ခွဲစိတ်ရန်ငွေအခက်အခဲရှိ နေသောကြောင့် စေတနာရှင်များ က
လည်းလာရောက် လှူဒါန်းကြ ကြောင့် ထို့သို့လာရောက်လှူဒါန်း သော
အလှူရှင်းများနှင့် ခွဲစိတ်ပေး သော ဆရာဝန်များ ဆရာမများကို ကျေးဇူးတင်ကြောင်း
ကလေးမိဘ များက ပြောကြားသည်။

PopularNews

ရွှေမြန်မာ

0 ကွန်မန့်ရေးရန်:

Post a Comment