Friday, June 22, 2012

Gtalk Custom Massage အလန်းများစုစည်းမှု

ဒီ တစ်ခါ ကျွန်တော် အကြိုက်ဆုံး Gtalk Custom Massage အလန်းလေးတွေ စုစည်းပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။
Massage (1)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသည့်
သူငယ်ချင်းများ အလိုရှိပါသည်။
Massage (2)
(တစ်) ယောက်တည်းကိုပဲ ချစ်တယ်။
(နှစ်) ယောက်မရှိတဲ့ အချစ်မျိုးနဲ့ပေါ့။
(သုံး) နေကျစကား မဟုတ်ဘူးနော်။
(လေး) လေးနက်နက်နဲ့ကို ချစ်တာပါကွာ။
(ငါး) ဆူမြောက်ဘုရား ပွင့်တဲ့အထိလည်း ချစ်နေဦးမှာပါ။
(ခြောက်) ကပ်နေတဲ့
ကိုယ့်ဘ၀ထဲမှာ
(ခုနစ်) ရက်ပတ်လုံး လွမ်းနေရလို့
(ရှစ်) ခိုးတဲ့ အချိန်လေးမှာတောင် သတိရမိနေပါတယ်
(ကိုး) ကွယ်တာကလည်း အချစ်မှ အချစ်တစ်ခုတည်းပါ။
(တစ်ဆယ်) တစ်ဆယ်ကမ္ဘာ ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါကွာ။
Massage (3)
အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ
အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ အိပ်စက်ခြင်းကို
ရောက်သလို သူ့မျက်နှာကို အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။
Massage (4)
သင်ဟာ ငြိမ်းချမ်းနေတယ်။
ပျော်ရွှင်နေတယ်။
ကြည်လင်ရွှင်လန်းနေတယ်။
ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင်
သင်ဟာ အောင်မြင်နေတဲ့သူပါ။
Massage (5)
မြင်တိုင်း လာလာ Add ကြပြီး မေးတော့ မဖြေချင်ကြဘူး။
ဘယ်သူလဲလို့ မေးရင် လူလေ လူလေနဲ့
ဒီမှာဟေ့ကောင်..... ဘယ်တိရစ္ဆာန်မှ Online မတက်ဘူးကွ။
မေးတာ မကျေနပ်ရင် Block သာလုပ်လိုက် ၀မ်းမနည်းဘူး။
လူပါးလာမဝနဲ့။
Massage (6)
ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။
Massage (7)
သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။
Massage (8)
အကြောင်းမညီညွတ်လို့ နှာခေါင်းဆီဆွတ်ကာ
ဘောင်းဘီချွတ်ပြီး ဒီစကားကို ပြောလိုက်ပါတယ်။
စိတ်မဆိုးပါနဲ့.....ရင်လဲ ခုန်မသွားပါနဲ့.....ဖင်လဲတုန်မသွားပါနဲ့
မင်းကို ကိုယ် ခင်ချင်ပါတယ်။
Massage (9)
အဆင်ပြေလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။
စိတ်ချမ်းသာလို့ အဆင်ပြေနေတာ။
Massage (10)
Inter Net Connection တွေကောင်းတဲ့နေ့ကျမှ
မင်းကို ချစ်တယ်လို့ ရဲရဲကြီးဖွင့်ပြောပါ့မယ်နော်
ခုတော့ Connection ကောင်းတဲ့အထိစောင့်ပေးပါနော်။
Massage (1)
အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ
1500 ပေးရပါမယ်။
Massage (2)
သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။
Massage (3)
ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Facebook နဲ့ Chat မယ်.....
VZO နဲ့ Chat မယ်….
Massage (4)
ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့
မင်းဘာသာမင်း
အဌာရသ ၁၈ ရပ်ကို
မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်…
အထာရယ် သဘောမပေါက်လို့ကတော့
ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။
Massage (5)
စကြာဝဠာကြီး
ပျက်စီးသွားမယ်ဆိုရင်တောင်
မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ
ကျန်ရစ်နေခဲ့ပါလိမ့်မယ်ကွာ....။
Massage (6)
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်။
Massage (7)
နိုင်ငံတော်အလံ ပြောင်းသွားပြီ…
မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်…
ဒါပေမယ့်…မင်းကိုချစ်တဲ့
ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
Massage (8)
ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။
Massage (9)
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။
Massage (10)
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။
အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။
ကဲ သူငယ်ချင်းတွေအားလုံး ကြိုက်ကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။သဘောကျရင် ယူသွားလိုက်ကျနော်။ကျွန်တော်က တော့ အရမ်းသဘောကျပါတယ်ဗျာ။နောက်ထပ် ဆက်ရန်တွေ အများကြီးရှိပါသေးတယ်ဗျာ။ဆက်လက် အားပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.........!
Massage (1)
အိပ်မက်အဟောင်းတွေ ၀ယ်တယ်။
အသစ်တွေနဲ့ အလိုက်ပေးလဲတယ်။
မျှော်လင့်ချက်တွေရောင်းတယ်။
ပျော်ရွှင်ခြင်းတွေ အလကားပေးတယ်။
ဝမ်းနည်းခြင်းတွေ အလှူခံတယ်။
အချစ်လား........?
ဆောရီး... ဒါလေးကတော့ Not for Sale!
Massage (2)
There is only 1 way 2 say 3 words 4 you.
That's "I love you".
Massage (3)
ဘဝဖော်ဆိုတာ...
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။
Massage (4)
ခွင့်လွှတ်သည်းခံခြင်းတွေဆိုတာ အချစ်မှာ မရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဖက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Massage (5)
အပြုံးတစ်ခုသည် သင့်ရုပ်ကို ပိုမိုလှပလာစေနိုင်သော
ငွေမကုန်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
Massage (6)
ခေါင်းငုံ့ မနေပါနဲ့... ညစ်ပတ်နေတဲ့ ရွှံ့နွံတွေပဲ မြင်ရမှာပေါ့...။
ခေါင်းမော့လိုက်မှ... ကောင်းကင်ပေါ်က တလက်လက်တောက်ပနေတဲ့
ကြယ်လေးတွေကို မြင်ရလိမ့်မယ်။
Massage (7)
စိတ်ကူးယဉ်တာ ပိုက်ဆံမပေးရပေမယ့်
အဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့တော့
ပိုက်ဆံပေးရတယ်။
Massage (8)
U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။
U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။
U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။
U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။
Massage (9)
မင်းကိုလွမ်းတိုင်းသာ
သေနတ်တစ်ချက်ပစ်ရရင်
အခုအချိန်ဆို တတိယကမ္ဘာစစ်တောင် ဖြစ်နေလောက်ပြီ....။
Massage (10)
မဆုံနိုင်အောင် ဘယ်လောက်ပဲ ဝေးပါစေ...
တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။Massage (1)
ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင် တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....:P

Massage (2)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။

Massage (3)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။

Massage (4)
တကယ်ဆိုရင်.....
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။

Massage (5)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။

Massage (6)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။

Massage (7)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။

Massage (8)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့
အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း
ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။

Massage (9)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို
တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင်
မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။

Massage (10)
A အေးဆေးတဲ့ ငါ့ရဲ့ ဘ၀ထဲ
B ဘီယာမူးနေတဲ့ အချစ်ဆူးတွေကြောင့်
C စီနေအောင် ဒဏ်ရာရတာ
D ဒီ ကောင်လေး/ကောင်မလေး ကြောင့်ပေါ့
နောက်ဆို ရှောင်မှ.....!Massage (1)
မင်းအတွက်တော့
ငါ့နေရာက
အစားထိုးတာလွယ်ပေမယ့်
ငါ့အတွက်တော့
မင်းနေရာမှာ
မင်းတစ်ယောက်ပဲ အမြဲရှိနေတယ်။
Massage (2)
ငါ့ကောင်းကင်မှာ ထွန်းလင်းဖို့အတွက်
လမင်းရယ်၊ ကြယ်ရယ် မလိုပါဘူး။
နင်ရှိနေရင် ရပြီ။
Massage (3)
ဂျာမနီရေဘ၀ဲ....
မင်းကို ငါမကျေနပ်ဘူးကွ။
မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။
မင်း မြန်မာနိုင်ငံ ရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။
ငါ့အမေက ပင်လယ်စာ မညှီအောင် ချက်တတ်တယ်ကွ။
Massage (4)
ဆန္ဒတွေရှိသည်။
မျှော်လင့်ချက်တော့ မရှိပါ။
သို့သော်... သူ့ကို အလွန်ချစ်ပါသည်။
Massage (5)
တချို့ကတော့ ပြောတာပဲ...
အချစ်ဆိုတာ...
နံပြားဖုတ်နေတဲ့ ကုလားကြီးလက်က
အမွှေးတွေနဲ့ တူတယ်တဲ့။
Massage (6)
ပညာရှိအမျက် အပြင်မထွက်ရတဲ့။
စကားစုလေးက လွယ်သလောက် လိုက်နာဖို့တော့ ခက်ပါတယ်။
သင်ရော လုပ်ကြည့်ပြီးပြီလား....။
Massage (7)
မသိမသာ အပြောင်းအလဲတွေကို
ဂရုစိုက်မိမယ်ဆိုရင် တကယ်ပြောင်းလဲလာမယ့်
အပြောင်းအလဲကြီးမှာ ခံနိုင်ရည် ရှိနိုင်ပါတယ်။
Massage (8)
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်တုတွေ ဖြစ်လာပါတယ်။
ဒါကြောင့် သင့်ဘ၀မှာ နာကျင်ခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုး တက်လာလေပါပဲ။
Massage (9)
ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။
ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။
ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...
ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့။
Massage (10)
ငါ့ဒဏ်ရာတွေကို မင်းရဲ့အလင်းရောင်နဲ့ မတောက်ပချင်တာကတော့ အမှန်ပါ ကြယ်စင်ရယ်...။
နင်ငိုမှ ငါစိုမယ်ဆိုရင်တော့ စိတ်ချပါ ငါတစ်သက်လုံး အစိုမခံတော့ဘူး။

0 ကွန်မန့်ရေးရန်:

Post a Comment