Friday, June 22, 2012

လူငယ်များကို ပြည်တွင်းပြည်ပပညာရေးအခွင့်အလမ်းများနှင့်မိတ်ဆက်ပေးမည့်နိုင်ငံတကာပညာရေးပြပွဲကျင်းပမည်







CROWN Education သည် နိုင်ငံတကာတွင် ပညာသင်ကြားလိုသော ကျောင်သားကျောင်းသူများအတွက် အခမဲ့ ဆွေးနွေးအကြံပေြး     ခင်း များနှင့် အကောင်းဆုံး ၀န်ဆောင်မှုများပေးနေသည့်အပြင်၊ CROWN Education နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်း (၂၅၀)ကျော်တွင် ပညာသင်ကြားမည့်သူများအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ပညာရေး သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်ရန် ရည်ရွယ်၍
နိုင်ငံတကာပညာရေးပြပွဲကို ကျင်းပသွားမည်ဖြစ် ပါ သည်။  အဆိုပါပညာရေးပြပွဲကို ဇွန်လ (၃၀)ရက် စနေနေ့၊ နံနက် (၁၀)နာရီမှ နေ့လည် (၂)နာရီအထိ အလုံလမ်းရှိ Summit Parkview Hotel တွင် ကျင်းပသွားမည်ဖြစ်ပါသည်၊၊

အဆိုပါပညာရေးပြပွဲတွင် ပြည်တွင်းမှ စီမံခန့်ခွဲမှုသင်တန်းကျောင်းများဖြစ်ကြသော MHR  နှင့် Gusto တို့မှ ပြည်တွင်းတွင်သင် ယူနို  င်သော စီမံခန့်ခွဲမှုနှင့် အိုင်တီနည်းပညာများအကြောင်းကိုပါ ပါဝင်ပြသမည်ဖြစ်ပြီး၊ နိုင်ငံတကာပညာရေးနှင့် ပတ်သက်၍ နှစ်စဉ်သတင်း အချက်အလက်သစ်များ၊ ၀င်ခွင့်သတ်မှတ်ချက်လိုအပ်ချက် အပြောင်းအလဲများဖြစ်ပေါ်လေ့ရှိရာ အဆိုပါနေ့တွင် ရှင်းလင်းပြောကြား သွားမည်ဖြစ်ပါသည်၊၊

ထို့အပြင် ကျောင်းများကို မလျှောက်ထားခင်၌ မိမိတို့စွမ်းဆောင်နိုင်မှု၊ စိတ်ပါဝင်စားမှုများကို သိရှိထားပြီး၊ ဘာသာရပ်များ၏ သဘောသဘာဝများကို သိရှိထားမှသာ မှန်ကန်သောဘာသာရပ်၊ ပညာရေးလမ်းကြောင်းများကိုရွေးချယ်နိုင်မည်ဖြစ်သဖြင့် ဘာသာရပ်တစ်ခုချင်းစီ၏ အားနည်းချက်၊အားသာချက်များ (ဥပမာ - စီးပွားရေးနှင့် စာရင်းအင်းပညာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ဒီဇိုင်းဘာသာရပ်များ၊ ကွန်ပျူတာဘာသာရပ်များ၊ ဆေးပညာနှင့်ဆက်စပ်ဘာသာရပ်များ) ၊ အဆိုပါဘာသာရပ်များအတွက် လေ့လာသင်ယူသင့်သော နာမည်ကြီးတက္ကသိုလ်များနှင့် ၀င်ခွင့်များကို အဆိုပါနေ့တွင်သက်ဆိုင်ရာအချိန်များအလိုက်  ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်၊၊
ပြပွဲအတွင်း ကျောင်းသွားတက်ရောက်မည့်သူများအတွက် CROWN Education မှ နိုင်ငံတကာပညာရေးလမ်းညွန်စာအုပ်နှင့် စင်ကာပူပညာရေးလမ်းညွှန်  စာအုပ်များ အခမဲ့ပေးဝေခြင်း ၊ ကျောင်းလျှောက်လွှာကြေးကင်းလွတ်ခွင့် စသည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သည်။

ရှင်းလင်းပြောကြားပေးမည့် ဘာသာရပ်များနှင့် အချိန်
IT & Engineering                :        10:00 – 11:00 am
Business Mangement           :        11:00 – 12:00 noon
Medical & Life Science                  :        12:00 – 01:00 pm

အဆိုပါပြပွဲတွင် CROWN Training Center မှ နိုင်ငံတကာတက္ကသိုလ်၊   ကောလိပ်များသို့ တက်ရောက်မည့်သူများအတွက် သင့်လျော်ေ သာ 21st Century Life Style English for Students သင်တန်း၊ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်မည့် သူများအတွက် English for Business သင်တန်း၊ IELTS Foundation & Preparation သင်တန်း၊ Think English သင်တန်း၊ အလုပ် အကိုင်အတွက် ကြိုတင်ပြင်ဆင်မှုများ လွယ်ကူစေရန် Job Hunting သိကောင်းစရာ သတင်းအချက်အလက်များကိုပါ ရှင်းလင်းပြော ကြားပေးရန် စီစဉ်ထားပါသည်၊၊

ပြပွဲတက်ရောက်လိုသူများ၊ ကျောင်းလျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ CROWN Education ရုံးချုပ် Summit Parkview Hotel ၊ အခန်း (၂၂၈-၂၂၉) ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် CROWN Education မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ ၊ အခန်းအမှတ် (၄၀၄) ၊ ပြည်လမ်း၊ ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း - ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊

0 ကွန်မန့်ရေးရန်:

Post a Comment