Friday, June 22, 2012

Eleven media: အမှန်တရားဆိုတာ

Inbox
x

Daniel Shane dshane1982@gmail.com





လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပျက်နေခဲ့တာတွေထဲက
အကြောင်းတစ်ခုကတော့ တော်တော်လေး မသင့်မြတ်ဘူး
ထင်လို့ ဒီစာရေးတယ်ပေါ့ဗျာ။

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၃)ဆိုပြီးတော့ ပြီးခဲ့တဲ့တပတ်က
weekly eleven စာ ၂၆ မှာပါလာပါတယ်။ “ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ၊
အမှန်နဲ့အမှားကြားမှာ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားမှာ ဂျာနယ်လစ်ဇင်ဟာ
ကြားနေမှာ မဟုတ်ဘူး။ ကြားနေမှုက အမှန်တရားလောက်အရေးမပါဘူး
ဆိုတာကို ထင်သာမြင်သာအောင် ထုတ်နုတ်ပြထားပါတယ်။” တဲ့ဗျာ။ အဲ-ရည်ညွှန်း
မှာတော့ Ethnics for Journalists (2nd Edition) by Richard Keeble
ကို ပေးထားပါတယ်။

Out of Context လိုသလောက်ဖြတ်ယူပြီး ကိုယ့်သဘောနဲ့ထပ်တူဖြစ်အောင်
လုပ်ယူဖော်ပြထားတာမျိုးတွေပါ။ အဲဒီကိစ္စအကျယ်မပြောတော့ပါဘူး။
လိုရင်းကိုပဲ သွားကြတာပေါ့ဗျာ။ အဲ- ကြားနေမှုက အမှန်တရားလောက်
အရေးမပါဆိုတာလေးတော့ မှတ်ထားပေးပါလို
့ မေတ္တာရပ်ပါရစေ။

လိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ
နိုင်ငံသားပြုခွင့်ရှိမရှိနဲ့စပ်လျဉ်းပြီး ဖြေကြားချက်ကို
ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကြီးက စာဖတ်ပရိသတ်ကို
ဖြစ်သလိုသဘောထား၊ လိုသလို ၀ိသေသပြုပြီး
အလိုကျအသုံးတော်ခံခိုင်းခဲ့ပုံပါ။

ဒီနေရာမှာ လုံးဝကို ရှင်းရှင်းလင်းလင်းသိထားစေလိုတာက
ကျွန်တော်အနေနဲ့ရိုဟင်ဂျာကို ကိုယ်စားမပြု သလို ရိုဟင်ဂျာအရေး
ဆောင်ရွက်နေတာလည်းမဟုတ်ဆိုတာပါ။

ဒါက အော်စလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတဲ့
ရိုဟင်ဂျာနိုင်ငံသားပြုခွင့် ရှိနိုင်မရှိနိုင်နဲ့ ပတ်သတ်တဲ့
အဖြေ ဗွီဒီယိုဖိုင်ပါ။

http://www.youtube.com/watch?feature=player_embedded&v=GLhmiaKLXT8#

ဒေါ်အောင်ဆန်းစုကြည်အဖြေကို ၁၆.၁၀ လောက်ကနေ
စကြည့်နိုင်ပါတယ်။

မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ဒီရိုဟင်ဂျာပြဿနာရဲ့ အရင်းအမြစ်နဲ့
ဆက်စပ်ပြီး မေးခွန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံခေါင်းဆောင်လည်းဖြစ်တာကြောင့်
အစားထိုးအဖြေအသစ်တစ်ခု ရဖို့ မေးတာပါလို့ လည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက -

I spoke for rule of law. And rule of law covers rules of
citizenship as well. This is what I mean by saying the root of
the problem is lack of rule of law. We are not certain exactly
what the requirements of citizenship laws are. I will mention
one particular case of one of our candidates for the last by-election
who was disqualified because in accordance with the election
regulations, all candidates have to be born of nationals, both
parents must be nationals. This candidate of ours, his parents,
both of them are Burmese nationals when he was born. But later,
his father took another nationality. And on those grounds, he was
disqualified as a candidate. ….. Even with regard to citizenship we
are not clear what the laws really are. Rule of law, if you have very
clear as to who are the citizens of the country under the citizenship
laws and who qualified, then there would not be this problem which
is always coming up there is an accusation, some people do not belong
in Bangladesh and some people do not belong in Burma. Bangladesh
says that they are not ours and Burma says that they are not ours
and these poor people get shuffled around.  So we have to have
rule of law, we have to know what the law is. We have to make
sure that it is properly implemented.

ဒေါ်အောင်ဆန်းစုကြည်က ကနဦးမှာ တရားဥပဒေစိုးမိုးရေးက
အဓိက အရင်းအမြစ်ပဲဆိုတာကို ထိမိရိုးရှင်းစွာ  ဖြေကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို မြန်မာမှုပြုရရင် -

“ကျမ တရားဥပဒေစိုးမိုးရေးအကြောင်း ပြောခဲ့တယ်။
ဒီတရားဥပဒေစိုးမိုးရေးထဲမှာပဲ နိုင်ငံသားဖြစ်ခွင့် ဥပဒေကလည်း
အကျုံးဝင်နေပါတယ်။ ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်က
တရားဥပဒေစိုးမိုးမှုမရှိ ခြင်းကြောင့်ဖြစ်တယ်လို့ ကျမဆိုလိုတာပါ။
နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ
ကျမတို့ တိကျသေချာခြင်း မရှိသေးဘူး။ (တနည်း - နိုင်ငံသားဖြစ်နိုင်ဖို့
ဥပဒေထဲမှာ ဘာတွေလိုအပ်သလဲဆို တာ ဂဃနဏပြဌာန်းထားခြင်း
မရှိသေးဘူး။) ”….

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ အန်အလ်ဒီကိုယ်စားလှယ်တစ်ယောက်
အပယ်ခံခဲ့ရတာကို ဥပမာပေးပြောသွားခဲ့ပါတယ်။
အဲဒီကိုယ်စားလှယ်က မွေးတုန်းကတော့ အဖေရော အမေရော
မြန်မာနိုင်ငံသားတွေဖြစ်နေခဲ့ပါတယ်။ အဲ- နောက်ပိုင်းမှာတော့
ဖခင်ဖြစ်သူက တခြားနိုင်ငံသားခံယူသွားတယ်ဆိုပြီး သူ့ကို ပယ်ခဲ့တာပါ။
ပါတီကိုယ်စားလှယ်ဖြစ်ခွင့် ဥပဒေမှာကျ ဖခင်ရော မိခင်ပါ နိုင်ငံသားဖြစ်
ရမယ်လို့ပြဌာန်းထားပါတယ်။ ………… ဒေါ်အောင်ဆန်းစုကြည်
ဆက်လက်ဖြေကြားတာက နိုင်ငံသားဖြစ်ခွင့်ရှိခြင်းကိစ္စမှာတောင်
ကျမတို့ဟာ ဥပဒေဘယ်လိုရှိလဲဆိုတာ မရှင်းလင်းသေးပါဘူး။
 တရားဥပဒေစိုးမိုးရေး မှာ နိုင်ငံသားဖြစ်ခွင့်ရှိရေး ဥပဒေအောက်မှာ
ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားတွေ၊ ဘယ်သူတွေကတော့ဖြင့်
နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီသူတွေဆိုတာ ခင်ဗျားအနေနဲ့
အလွန်ရှင်းရှင်းလင်းလင်းဖြစ်နေရပါမယ်။ ဒါမှသာ ဒီလိုပြဿနာမျိုးတွေ
ရှိမလာမှာပါ။ (ပြဿနာဆိုတာမှာ) ဒီစွပ်စွဲမှုက အမြဲတမ်းဘယ်လို
တက်လာသလဲဆိုတော့ တချို့ကိုတော့ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က
ပိုင်တာမဟုတ်ဘူး၊ တချို့ကိုတော့ဖြင့် မြန်မာနိုင်ငံက ပိုင်တာမဟုတ်
ဘူး (တနည်း တချို့ကတော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်ဘူး
တချို့ကတော့ မြန်မာနိုင်ငံသား မဟုတ် ဘူး) ဆိုပြီးတော့ပါ။
ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက ကျွန်တော် တို့  နိုင်ငံသားမဟုတ်ဘူး၊
မြန်မာဘက်က လည်း ဒီလူတွေက ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူ
ဆိုပြီးပြောနေကြတော့ ဒီသနားစရာ ကောင်းတဲ့လူစုက ဟိုဘက်ပြေးလိုက်
ဒီဘက်ပြေးလိုက်ဖြစ်နေရပါတယ်။ ဒါကြောင့် ကျမတို့က တရားဥပဒေ
စိုးမိုးရေးရှိရမယ်၊ တရားဥပဒေဆိုတာ ဘာလဲဆိုပြီးသိရမယ်။ ဒီဥပဒေကို
စနစ်ကျစွာ အကောင်အထည် ဖော်ဖြစ် အောင် အသေ အချာဆောင်ရွက်ရမယ်။”

အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတဲ့အခါ
မေးခွန်းမေးသူ အမေရိကန် ရုပ်သံဌာနတစ်ခုရဲ့ ရီပိုတာဖြစ်သူက
ဆက်ပြီး အထွန့်တက်ပါတယ်။

သူအထွန့်တက်ပုံက -

What should it be with regard to the citizenship? Are they or they are not?

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောခဲ့တဲ့အဖြေက -

I do not know.

ဒီနေရာမှာ စာဖတ်သူကို လုံးဝရှင်းရှင်းလင်းလင်းဖြစ်
သွားစေဖို့ အမေးအဖြေကို ဒုတိယမ္ပိ ဖော်ပြပေးပါ့မယ်။

အမေး - What should it be with regard to the citizenship? Are they or they are not?
သူတို့က နိုင်ငံသားဖြစ်သင့် မဖြစ်သင့်နဲ့ စပ်လျဥ်းပြီး ဘယ်လိုမျိုးပါသလဲ။
သူတို့က (နိုင်ငံသား)လား (နိုင်ငံသား)မဟုတ်ဘူးလား။

အဖြေ - I do not know. ကျမ မသိဘူး။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတာက -

I do not know because when you talk about the Rohingya,
we are not quite sure who you are talking about. As I said there
is a problem about who we are referring to. There is someone
who says that those people who claim to be Rohingyas are not
the ones who are actually native to Burma. But who are just
come over recently from Bangladesh. But, on the other hand,
Bangladesh says No. They don’t want them as refugees because
they are not native to Bangladesh and they come over from Burma.
So how do we sort this out without rule of law, without proper
immigration processes, without proper policy, without properly
implementation of laws. This is why I said the root of all this is
“The Rule of Law” going back to many decades, not going back
just to the crime that is just committed a couple of months ago.

မြန်မာပြန် - ကျမ မသိပါဘူး၊ ဘာကြောင့်လဲဆိုတော့
ခင်ဗျားအနေနဲ့ ရိုဟင်ဂျာအကြောင်းပြောတဲ့အခါ ကျမတို့
ဘယ်သူတွေအကြောင်း ခင်ဗျားပြောနေသလဲဆိုတာ တော်တော်ကလေး
မသေမချာဖြစ်နေပါတယ်။ ကျမပြော ခဲ့သလိုပါပဲ၊ ကျမတို့ ဘယ်သူတွေကို
ရည်ညွှန်းနေသလဲဆိုတဲ့နေရာမှာ ပြဿနာရှိနေပါတယ်။ တချို့က
ရိုဟင်ဂျာလို့ကိုယ့်ကိုကိုယ်ပြောနေကြသူတွေ ဟာတော့ဖြင့်
မြန်မာနိုင်ငံသားတွေမဟုတ်လို့ ဆိုကြတယ်၊ သူတို့က ဘင်္ဂလားဒေ့ရှ်
ဘက်ကနေ မကြာသေးမီက မှ ရောက်လာကြသူတွေလို့ ဆိုကြတယ်။
ဒါပေမယ့် နောက်တဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊
သူတို့ကို ဒုက္ခသည်အနေနဲ့ (ကျနော်တို့) လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲ
ဆိုတော့ သူတို့ (ရိုဟင်ဂျာ)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမဟုတ်ဘူး၊
သူတို့က မြန်မာဘက်က လာကြသူတွေလို့ ဆိုတယ်။ ဒီတော့
တရားဥပဒေစိုးမိုးခြင်းမရှိဘဲ ၊ လူဝင်မှုကြီး ကြပ်ရေးကိစ္စတွေ
စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ၊ စနစ်ကျတဲ့ ပေါ်လစီမရှိဘဲ၊ ဥပဒေကို
စနစ်တကျ အကောင်အထည်ဖော်ခြင်းမရှိဘဲ ဒီကိစ္စကို ဘယ်လို ရှင်းထုတ်မလဲ။
ဒါကြောင့် ကျမက ဒီကိစ္စအားလုံးရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးရေးလို့
ပြောခဲ့တာပါ။ ဒါကလည်း ဆယ်စုနှစ်များစွာကတည်းက (ဖြစ်နေခဲ့ တာပါ။)
လွန်ခဲ့တဲ့ နှစ်လလောက်က ရာဇ၀တ်မှုကျူးလွန်တဲ့ (ပြဿနာ)
ကနေ စလာခဲ့တာမဟုတ်ဘူး။

ကဲအခု ပထမအဖြေနဲ့ တဆက်တည်းလာတဲ့ ဒုတိယအဖြေ။
ပထမအဖြေကို သဘောမကျတဲ့ မေးခွန်း ထုတ်သူ က ဆက်မေးတဲ့အခါ
ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ ဒုတိယအဖြေကို Out of context လုပ်ပြီး
သဘောကျ ဘာသာပြန်မယ်ဆိုရင်တော့ အလွဲကြီးလွဲပါပြီ။

အလဲဗင်းဂရုမြန်မာပြန်တာက ဒုတိယအဖြေတစ်ခုတည်းကို
ကွက်ပြီးပြန်ထားတာပါ။ ပြန်ထားတော့လည်းဗျာ။ ဒီိလိုဖြစ်နေပါတယ်။
“ရှင်ပြောတဲ့ ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို
ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ
ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။
ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့
တချို့က ပြောဆိုကြတယ်။”

"who you are talking about" ဆိုတာနဲ့ "we don't know who
they are" ဆိုတာ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်ပါ။
အလဲဗင်းမီဒီယာဂရုခင်ဗျား။ ခင်ဗျားတို့ဘာသာပြန်လိုက်တဲ့
စကားလုံးများရဲ့ မူရင်းက ဒီလိုပါ။

I do not know because when you talk about the Rohingya,
we are not quite sure who you are talking about. As I said
there is a problem about who we are referring to. There is
someone who says that those people who claim to be
Rohingyas are not the ones who are actually native to Burma.
But who are just come over recently from Bangladesh.

အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းကြီးပါပဲ။ “ပထမ ဒေါ်အောင်ဆန်းစုကြည်က
တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဘာကြောင့်လဲ ဆိုရင် ဥပဒေကသာ
ဘယ်သူကတော့ဖြင့်နိုင်ငံသား၊ ဘယ်သူကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့
အရည်အချင်းမီ တယ်စသဖြင့် ဆုံးဖြတ်နိုင်မယ်။ အဲသလိုဖြေတယ်၊
ဒါကို မေးခွန်းမေးသူက ရိုဟင်ဂျာက နိုင်ငံသားဟုတ်လားမဟုတ်လားထပ်မေးတယ်။

ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က ကျမမသိဘူး၊ ခင်ဗျားပြောတဲ့
ရိုဟင်ဂျာကို ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ပြီးနိုင်ငံသားဟုတ် တယ်၊
မဟုတ်ဘူး အဆုံးအဖြတ်ပေးနိုင်မလဲ၊ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး
တဖက်တမျိုးစီ ပြောနေကြတာပဲ၊ ဒါကြောင့် ကျမက အဆုံးအဖြတ်ပေးမယ့်
ဥပဒေရှိဖို့၊ စိုးမိုးဖို့၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေ စနစ်ကျဖို့က
အဓိကပါလို့ ပြောခဲ့တာပေါ့” လို့ ဖြေကြားပါတယ်။

ဒီလိုရှင်းရှင်းကြီးဖြစ်နေတဲ့ အဓိပ္ပါယ်ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင်
လှည့်စားတဲ့ မီဒီယာကြီးခင်ဗျား။ အမှန်တရား ဆိုတာ ကြားမနေ
လဲရပါတယ်လို့ပြောခဲ့တဲ့မီဒီယာကြီးခင်ဗျား။ ဒေါ်အောင်
ဆန်းစုကြည်ချပြခဲ့တဲ့တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိတရား
ဥပဒေကိစ္စတွေကိုမီဒီယာကြီးအနေနဲ့ စာဖတ်ပရိသတ်ကို
ချပြပေးခဲ့ဖူးပါသလား။ ဘယ်နှစ်ကြိမ်လောက် ချပြပေးဖူးပါသလဲ။

ကဲအခု၊ အထက်မှာ ကျနော်ပြောတဲ့

အဓိပ္ပါယ်မျိုးကိုသာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါဆိုတာ
(ဒါကသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမှန်ဖြစ်ပါတယ်ဆိုတာ)
ကို ပိုမိုခိုင်မာစေဖို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ်
(London school of economics and politics) မှာ ဆွေးနွေးခဲ့တဲ့ တရားဥပဒေ
စိုးမိုးရေး (http://goo.gl/pd9PS) ဒီဘိတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က
ဘယ်လိုပြောဆိုဆွေးနွေးသွားသလဲဆိုတဲ့အကြောင်း အနည်းငယ်
သုံးသပ်ပါမယ်။ တရားဥပဒေစိုးမိုးရေး အတွက် procedure နဲ့ transitions
အကြောင်း ဒေါ်အောင်ဆန်းစု ကြည် ပြောသွားခဲ့ပါတယ်။ အဲ -
Burma law is obsolete. မြန်မာ့ဥပဒေက ဒိတ်အောက်နေပြီလို့
ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာကတော့ မှတ်သားစရာပါပဲ။


ဒေါ်အောင်ဆန်းစုကြည်က Statelessness in Burma ၊ မြန်မာပြည်က
နိုင်ငံသားဖြစ်ခွင့်မရှိဘဲ ယောင်ခြောက်ဆယ်ဖြစ်သူများအတွက်
We can base in rule of Law ၊ ကျမတို့ တရားဥပဒေစိုးမိုးရေးကို
အခြေခံနိုင်တယ်၊ ဒီလိုအခြေခံတဲ့နေရာမှာ two aspects  ၊
ရှုထောင့်နှစ်မျိုးရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

1) The law of citizenship. What are the citizenship laws in
Burma like? Are these just? Are these in line with internationally
acceptable standard? ဒေါ်အောင်ဆန်းစုကြည်ကမြန်မာပြည်က
နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေက ဘယ်လိုမျိုးပါလဲ။ အဲဒီဥပဒေက
တရားမျှတရဲ့လား၊ ဒီဥပဒေက နိုင်ငံတကာက လက်ခံနိုင်မယ့်
စံပုံဆန်တွေနဲ့ရော ကိုက်ညီနေလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

အဲ နံပါတ် ၂ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက
procedural ပါ။ ဘိုလိုကတော့ အကြမ်းဖျင်း ဒီလိုမျိုးပါ။   How do the
immigration authorities work? How do the police work? How do
the court work? လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ၊
ရဲတွေ ဘယ်လို အလုပ်လုပ်နေပါသလဲ၊ တရားရုံးတွေ ဘယ်လိုအလုပ်
လုပ်နေပါသလဲ။ (ဒါတွေက procedural တွေပါတဲ့)

These two are essential to find why stateless persons are
stateless. Whether there is not something that can be
done to assure the position within the rule of law.

 ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အချက် ၂ ချက်ကတော့
နိုင်ငံမဲ့နေသူတွေ ဘာကြောင့် နိုင်ငံမဲ့နေသလဲဆိုတာ ရှာဖွေဖို့ အဓိက
နည်းလမ်း ၂ သွယ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဒီအချက် ၂ ချက်ကို
အခြေခံခြင်းဖြင့် (ဒီနိုင်ငံမဲ့နေသူများ) အတွက် အခြေအနေတစ်ခုကို
တရားဥပဒေအတွင်းမှာပဲ တိကျသေချာစွာ အဆုံးအဖြတ်ပေးဖို့
(ဥပဒေ အမျိုးအစားတစ်ခု) ရှိမနေဘူးလားဆိုတာကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီတော့ဗျား။ ကောက်ချက်ကတော့ ဒီလိုချပါတယ်။ အလဲဗင်းမီဒီယာက
ဘာသာပြန်ဆောင်းပါးရှင်များအနေနဲ့ ဒီလို out of context လုပ်တာကတော့
အမှန်တရားကနေ သွေဖယ်ပြီး ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမှာပါ။
တခြားနည်းလမ်းမရှိပါ။

ဗွီဒီယိုဖိုင်များကို အသေအချာနားသောတဆင်ကြည့်ကြပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဒီစာမရေးမီ ဗွီဒီယိုဖိုင်တွေကို အနည်းဆုံး
၃ ခေါက်ထပ်မနည်း နားထောင်ခဲ့ပါတယ်။ တခြားတတ်
ကျွမ်းသူများဆီကလည်း သဘောထား မေးမြန်းခဲ့ ပါတယ်။
အလဲဗင်းမီဒီယာက ဒီလင့်ခ် (http://goo.gl/a219B) ကို တင်အပြီး
မိနစ်အနည်းငယ်အကြာမှာပဲ ဒီလို ဖြုတ်ချပြစ်ခဲ့ ပါတယ်။

Inline images 1



ဒါနဲ့ မခံမရပ်နိုင်တဲ့ အမှန်တရားလိုလားသူအချို့က ဇဝေဇ၀ါဖြစ်ပြီး
ကျနော့်ဆီ ဆက်သွယ်လာပါတယ်။ သူတို့ထဲက တစ်ယောက်က
အလဲဗင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး ဘာလို့ အထက်ပါ
လင့်ခ်ကို ဖျက်ချရသလဲဆိုတာ မေးမြန်းခဲ့ပါတယ်တဲ့။
(ပုံမှ Article #14161 not found ဆိုသည့်စာသားအား သတိပြုကြပါ)

အဲ မိနစ်အနည်းငယ်ကြာလေတော့ အထက်ပါလင့်က ပြန်ပြီး
အလုပ်လုပ်လာပါတယ်။ အခုလက်ရှိလည်း အဲဒိလင့်ခ်က အလုပ်လုပ်တုန်းပါ။

Link address ကတော့

http://news-eleven.com/index.php?option=com_content&view=article&id=14161:2012-06-20-03-05-17&catid=42:2009-11-10-07-36-59&Itemid=112

ဒီတော့ဗျား။ ကျွန်တော်လေ့လာဖူးတဲ့ The most successful propaganda
technique ဆိုတာလေး ကြုံကြိုက်တုန်း တင်ပြပါရစေ။ မူရင်းကတော့
ဒီမှာပါ။ (http://www.freerepublic.com/focus/f-news/1530401/posts)

နံပါတ် ၃ မှာ ပြောထားတာက

# 3. Misinformation: This is a subtle technique, it involves
reporting information in such a way that the final message
of the story is not true, it's what the propagandist wants
you to believe.

သက်ပြင်းရှည်ကြီးပဲ ချမိပါတယ်ဗျား။ (အင်္ဂလိပ်လိုပဲ နားလည်တော်မူကြပါကုန်)

အလဲဗင်းမီဒီယာအုပ်စုခင်ဗျား။ နောင်ကြီးတို့မှာ အမှန်တရားဆိုတာကို
ထူးထူးခြားခြားလေးများ Define လုပ်ထားရင် ကျွန်တော်တို့ကိုလည်း
ဗဟုသုတအဖြစ် ဝေမျှပေးပါလို့ ရိုးသားစွာတောင်းဆိုလိုက်ပါ
တယ်ခင်ဗျား။

0 ကွန်မန့်ရေးရန်:

Post a Comment