Friday, June 22, 2012

သမ္မတကြီး ဦးသိန်းစိန် ဗြိတိန်သွားရောက် လည်ပတ်မည်

Inbox
x

Dr Sithu dr.sithu1981@gmail.com




ရန်ကုန်၊ ဇွန် ၂၁

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဖိတ်ကြားချက်အရ လာမည့်
လပိုင်းအတွင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်သို့
သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လန်ဒန်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ
နာရီပိုင်းအလိုတွင် ၀န်ကြီးချုပ် ရုံးမှ
ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ၂၀၁၁ ခုနှစ်
နိုဝင်ဘာ မြန်မာသို့ အလည်အပတ်ခရီးစဉ်အပြီး လေးလ ကျော်အကြာ ၂၀၁၂ ခုနှစ်
ဧပြီလတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက်ခဲ့သည်။
The Voice Weekly

0 ကွန်မန့်ရေးရန်:

Post a Comment