Wednesday, June 27, 2012

ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ မြန်မာ ဝက်ဘ်ဆိုက် အချို့အား တိုက်ခိုက်



ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့မှ မြန်မာ့ဝက်ဘ်ဆိုက်အချို့အား ဝင်ရောက်ဖျက်ဆီး မှုများပြုလုပ်ခဲ့ရာ၌ တစ်ခုသာထိခိုက်မှုရှိခဲ့ေ ကြာင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ ဟက်ကာအဖွဲ့ တိုက်ခိုက်မှုမှာ ဇွန်လ ၁၈ ရက် နေ့တွင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမှ လွှတ်တင်ထားသည့် ပုဂ္ဂလိက ဆိုင်ရာ ဝက်ဘ်ဆိုက်အချို့၊ ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုက် အချို့နှင့် နိုင်ငံပိုင်ဝက်ဘ်ဆိုက် အချို့အား နှောင့်ယှက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ယင်းတို့၏ င်္Facebookု စာမျက်နှာတွင် ကြေ ညာထားသည်။ ယင်း အဖွဲ့ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် ဝက်ဘ်ဆိုက် များမှာ www.myanmar. gov. mm,www.myancoop.gov. mm,
www.construction.gov. mm, www.csostat.gov.mm, www. myanmarteak.gov.mm နှင့် www.moai.gov. mm  စသည့် ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း ၄င်းအဖွဲ့မှ တင်ထားသည့် Face book မှ သိရသည်။”ဝက်ဘ်ဆိုက်တစ်ခုပဲ နှောင့် ယှက်တာခံလိုက်ရတယ်၊ ဘာမှ ဆိုးဆိုးရွားရွားတော့ မဖြစ်ပါဘူး။ ဘယ်ဝက်ဘ်ဆိုက်ဆိုတာတော့ ထုတ်မြေ ပာချင်ဘူး။ ကျန်တဲ့ ဝက်ဘ်ဆိုက်တွေကတော့ အချိန်မီ သိလိုက်တဲ့အတွကှ်နမလနမ ဖြုတ်ချမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင် နီယာ ချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၌ ဆိုက်ဘာတိုက် ခိုက်မှု၊ ဝက်ဘ်ဆိုက်အချို့ နှောင့် ယှက်မှုများမှာ မကြာခဏဖြစ်ပွားခဲ့ရ သော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်း ငယ်သာရှိခဲ့ကြောင်း၊ ယင်းသို့ အင် တာနက်လုံခြုံမှုအားနည်းနေသည် ကို တရုတ်နိုင်ငံ၏ အကူအညီ ဖြင့် ကာကွယ်တားဆီးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း   မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။”ဆိုက်ဘာတိုက်ခိုက်တာ ကတော့မဆန်းပါဘူး။နိုင်ငံတကာ မှာလည်းရှိနေတယ်။ အဓိကလုံခြုံ ရေးအားနည်းနေ လို့ပါ။(Hard ware Fire wall) တွေကိုပါ တိုး မြှင့် ဆောင်ရွက်လိုက်ရင်တော့ တိုက်ခိုက်မှုတွေ နည်းသွားမှာပါ” ဟု ABC ကွန်ပျူတာနှင့် အီလက် ထရောနစ်မှကွန်ပျူတာပညာရှင် ကိုအောင်မျိုးလွင်ကပြောသည်။
အောင်ဇော်

0 ကွန်မန့်ရေးရန်:

Post a Comment