Wednesday, June 27, 2012

ဂွမြို့တွင် ဖမ်းမိ၍ သံတွဲသို့ ပို့ခံရသူ ဘင်္ဂလီများထဲတွင် လမ်းပြ ပသျှူးများလည်း ပါဝင်

Inbox
x

Richard Aung richardaung68@gmail.com



နိရဉ္စရာ


ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့တွင် ဖမ်းဆီးခံရပြီး သံတွဲထောင်သို့ လွဲပြောင်းခံရသူ ဘင်္ဂလီလူမျိုး ၁၀၀ နီးပါး ထဲတွင် လမ်းပြ အဖြစ် လိုက် ပါလာသူ တနင်္သာရီတိုင်း ဘိတ်ဘက်မှ ပသျှူးများလည်း ပါဝင်သည်ဟု ဂွမြို့ခံ လူကြီး တစ်ဦးက ပြောသည်။

“ အခု သူတို့ကို မနေ့က ၂၅ ရက်နေ့မှာ ဂွကျွန်းကနေက ဂွမြို့ကို စက်လှေနဲ့ ယူလာတယ်။ ဂွ ကနေ တဆင့် သံတွဲကို ကားတွေနဲ့ ပို့တယ်။ သူတို့အထဲမှာ ဘိတ်ဘက်က လမ်းပြ ပသျှူးတွေလည်း ပါတယ်လို့ သိရပါတယ်။ အခု တစ်ယောက်မှ ဂွမှာ မရှိတော့ဘူး။ သံတွဲကို အကုန်လုံး ယူသွားပြီ” ဟု အမည်မဖေါ်လိုသူ ဂွမြို့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အဖွဲ့ ၀င် တစ်ဦးက ပြောသည်။

သူတို့အား ဂွမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဂွကျွန်းတွင် ဇွန်လ ၂၀ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သူက ပြောသည်။

“ လာတာက ဘင်္ဂလာဒေခ်ျ့ကလို့ ပြောတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ ဂွကျွန်းကို ကမ်းကပ်ဖို့ ၀င် လာစဉ်မှာ ရခိုင်ကုတို့ ကျေးရွာနားမှာ စက် လှေ က ကျောက်ဆောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားတယ်။ အဲဒီမှာ ရွာသားတွေက သိ သွား ပြီး အထက်ကို အကြောင်းကြားရာကနေ ဖမ်း မိတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူတို့မှာ တနင်္သာရီတိုင်း ဘိတ်မြို့သို့ သွားသူများ ဖြစ်သည်ဟု ပြောကြောင်း၊ ပသျှူးများက လမ်းပြအဖြစ်ခေါ်ယူလာခြင်း ဖြစ် ကြောင်း၊ သို့သော်လည်း အများစု ဒေသခံများက ယခုကဲ့သို့ ရခိုင်တွင် ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ် သူတို့ ဂွကျွန်းကို ၀င်ရောက်လာသည့် အ ပေါ် သင်္ကာ မကင်း ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

သို့အတွက် လုံခြုံရေးကို တိုးမြင့်ရန် ဂွမြို့နယ် ဒေသခံများကလည်း လိုလားနေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံ ဘင်္ဂလီ ၁၀၀ ကိစ္စနှင့် ပတ်သက်ပြီး သံတွဲ ရဲစခန်းသို့ မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိဘဲ ဖုံးချသွားခဲ့သည်။


--
Posted By Richard Aung to Richard Aung at 6/27/2012 05:27:00 PM

0 ကွန်မန့်ရေးရန်:

Post a Comment