Wednesday, June 27, 2012

သဘင့်ဦးသျှောင် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် သဘင်အနုပညာဖျော်ဖြေပွဲ ကျင်းပပြီးစီး



သဘင်အနုပညာတစ်ခေတ် ထွန်းတောက်လင်းလက်စေခဲ့သောသဘင့် ဦးသျှောင် ဂရိတ်ဦးဘိုးစိန်၏ နှစ် ၁၃ဝပြည့် သဘင် အနုပညာဖျော်ဖြေပွဲကို ဇွန်လ ၂၃၊ ၂၄ရက်နေ့ ညနေ ၆နာရီက အမျိုးသား ကဇာတ်ရုံ (မြို့မကျောင်းလမ်း)၌ အောင်မြင်စွာ ကပြ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထိုပွဲတွင် ဂရိတ်ဦးဘိုးစိန်၏ အောင်မြင်ခဲ့သော တေးသီချင်း များ၊ အကများဖြင့် တင်ဆက်ကပြခဲ့ကြရာ ဘုရားကန်တော့ခန်း၊ အပျိုတော်၊ ပခန်းကိုကြီးကျော်
အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပြီး စိန်မဟာသဘင်အဖွင့်တေးကို ဂျင်းနီ နှင့်ယဉ်ကျေးမှုမှ အနုပညာရှင်များ၊ မြေဝိုင်းမှသည် စင်မြင့်ဆီသို့ အစီအစဉ်တွင် မိုးမင်းနှင့် မို့မို့မြင့်အောင်တို့က ရှေးခေတ်က အပြင်အဆင် အတိုင်းတင်ဆက်ခဲ့ ကသည်။ မြေဝိုင်းသီချင်း ကိုမိုးမင်း နှင့် မို့မို့မြင့်အောင်တို့ကိုယ်တိုင်  သီဆိုခြင်းဖြစ်သည်။ တစ်ချိန်က ဦးဘိုးစိန်နှင့် မယ်အောင်ဗလတို့ ကခဲ့သည့်အတိုင်း ဟန်ဇာမိုးဝင်းနှင့် စွမ်းဇာနည်တို့က ပြန်လည်ကပြခဲ့သည့်အတွက် ပရိသတ်အမြင် ဆန်းစေခဲ့သည်။ ထို့နောက် တောင်ပြုန်း မင်းညီနောင် အော်ပရာတွင် ဂရိတ် ဦးဘိုးစိန်၏မြစ်ဖြစ်သူ မင်းသားကြီး ရဲစိန်၏သား ဇံဟိန်းနှင့် ရွှေမန်းဦးတင်မောင်၏မြေး၊ မင်းသားဆန်းဝင်း၏သား တင်မောင်ဆန်းမင်းဝင်းတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပရိသတ်များ သဘောကျ နှစ်ခြိုက်ခဲ့ပြန်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment