Wednesday, June 27, 2012

ရုပ်ရှင်လုပ်ငန်းသို့  နောက်တစ်ခါ သွားရောက်မေးမြန်းခြင်း (သို့မဟုတ်) ရုပ်ရှင်ရုံများ အရေး



‘နောက်တစ်ခါလာမမေးနဲ့’ လို့ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးသိန်းထွန်းအောင် ကပြောခဲ့ဖူးတာ အမှတ်ရကြလေ မလားပါပဲ။ အဲဒီအတွက် ရုပ်ရှင်လုပ်ငန်းသို့ နောက်တစ်ခါ သွားရောက် မေးမြန်းဖြစ်ရခြင်း အကြောင်းရင်းကိုတော့ ပရိသတ်ထံ အစီရင်ခံ ရှင်းချက် ထုတ်မှဖြစ်မယ်ထင် မိပါတယ်။ ဦးသိန်းထွန်းအောင် အနေနဲ့မီဒီယာကို
တစ်ဦးတစ်ယောက်ချင်းသီးသန့် သိလိုရာကို ပြောရတာထက်  သတင်းထုတ်ပြန်မှုမျိုးကနေ ပြောကြားလို ပုံရှိတဲ့ အတွက် နောက်တစ်ခါ လာမမေးနဲ့ သတင်းထုတ်ပြန်ပေးမယ်လို့ ဆိုခဲ့တာပါပဲ။ ဆိုခဲစေ၊မြဲစေဆိုသလို မီဒီယာ အနေနဲ့လည်း သူ့ရဲ့ သတင်းထုတ်ပြန် မှုတွေ စောင့်နေရာ က အခုလမှာ ထူးထူးခြားခြား မီဒီယာတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားမှု ရှိလာပြန်လို့ သွား ရောက်ခဲ့ပါတယ်။ သို့ပေမယ့် မူလသတင်း ထုတ်ပြန်ဖို့ ကိစ္စထက် တိုင်းပြည်မှာပိုမို အရေးပါတဲ့ ငြိမ်းအေး သာယာဖို့ ကိစ္စတွေကို သာ အလေးထား ရမှာဖြစ်လို့ သတင်း ရှင်းလင်းပွဲတော့ မဖြစ်ခဲ့ပါဘူး။ ရုပ်ရှင် လုပ်ငန်း ဘက်က အသိပေးပြောကြားမယ့် ကိစ္စ ရွှေ့ဆိုင်း ခဲ့ပေမယ့် မီဒီယာဘက်က သိလိုရာ မေးလိုကြောင်း ခွင့်တောင်းပြီး မီဒီယာရဲ့ ထုံးစံ အတိုင်း ငါးမရ ရေချိုးပြန်ခဲ့ရာက အခုလို ‘ရုပ်ရှင်ရုံများ အရေး’ ကို စေ့စေ့စပ် စပ်မေးမြန်း ဖြစ် ခဲ့ပါတော့တယ်။
မေး-ခုလောလောဆယ်မှာ ကျွန်တော်တို့ သိနေရတာ ရုပ်ရှင်ရုံတွေ ၆ဝကျော် လောက်ပဲကျန်တယ်လို့သိနေရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ကလည်း တောက်လျှောက် ဇာတ်ကား ရိုက်တဲ့ဘက်မှာ ရိုက်တဲ့ သူကလည်းရိုက်၊ ထွက်တဲ့သူကလည်းထွက် ဆိုတော့ ရုံ ၆ဝကျော်ပဲ ရှိတာ ဆိုတော့ ပြသမယ့် ရုပ်ရှင်ကားတွေ အနေနဲ့ စောင့်ရ မှာပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့ သူအနေနဲ့ ငွေပေါ်ဖို့အတွက်ကို ကြန့်ကြာမှုတွေလည်း ရှိနိုင်တယ်။  ရုပ်ရှင်ရုံ အခြေအနေနဲ့ ပတ်သက်ပြီး၊ ဒါလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို ရှိပါသလဲ။
ဖြေ-မြန်မာ့ရုပ်ရှင် လုပ်ငန်းမှာ ရုပ်ရှင်ရုံ အနေ နဲ့ ၃မျိုး ၃စား ရှိတယ်။ ပထမ အမျိုးအစား ရုပ်ရှင်ရုံက ပုဂ္ဂလိက အနေနဲ့ ကိုယ့်ဘာသာ ကိုယ်မိရိုးဖလာ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ပြသခြင်း လုပ်ငန်းလုပ်တဲ့ ပုဂ္ဂလိက ရုပ်ရှင်ရုံ ဆိုတာ ရှိတယ်။ နောက်တစ်ခုကတော့ ရုပ်ရှင် လုပ်ငန်း လုပ်ချင်တဲ့ အတွက် နိုင်ငံတော် က ရုပ်ရှင်ရုံတွေ ကို ပြန်ဝယ် ပြီးတော့ ရုပ်ရှင် ပြသခြင်း လုပ်ငန်းလု ပ်တာ ရှိတယ်။ နောက် ဆုံးတစ်ခုက နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံတွေကို ငှားရမ်းပြီး ရုပ်ရှင်ပြသခြင်း လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံတွေရှိ တယ်။ ဒီဟာတွေနဲ့ ပတ်သက် လို့ လက်ရှိ အနေအထားမှာ  ရုပ်ရှင်ပြသနေတဲ့ ရုပ်ရှင်ရုံပေါင်းဟာ မိမိ အစီအစဉ်နဲ့ မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့ ပုဂ္ဂလိက ရုပ်ရှင်ရုံ ၃၉ရုံ ရှိတယ်။  နိုင်ငံတော် က အပြီးရောင်းလိုက်တဲ့ ရုံတွေနဲ့ ရုပ်ရှင်ပြသခြင်း လုပ်ငန်းကို ဆက်ပြီး လုပ်နေတဲ့ ရုပ်ရှင်ရုံ ၄၉ရုံ ရှိတယ်။ နှစ်စဉ် ငှားတဲ့ ရုပ်ရှင်ရုံ ၂၈ရုံ ရှိတယ်။ ခုလောလောဆယ် တော့ မြန်မာ တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ပြသခြင်း လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံပေါင်းဟာ ကိုမျိုး တို့သိထားတဲ့ ရုံ ၆ဝကျော်ဟာ မှားနေတယ်။ ရုပ်ရှင်ရုံ လုပ်ငန်း လုပ်နေတဲ့ ရုပ်ရှင်ရုံ စုစုပေါင်း ၁၁၆ရုံ ရှိတယ်။ ရုပ်ရှင်ရုံတွေ အနေနဲ့က ရပ်တည်ဖို့ ဆိုတာ ရုပ်ရှင်က ရမှပဲဖြစ်မှာ။ ရုပ်ရှင်က ရမှ ဆိုတာကလည်း ရုပ်ရှင်ကပြနိုင် မှ လည်းဖြစ်မှာ။ ပြမှရတဲ့ ဝင်ငွေနဲ့ ရုပ်ရှင်ရုံကို ပြုပြင်မွမ်းမံနိုင်မှာဖြစ်တယ်။ သူတို့ဆီက ရုပ်ရှင်မရရင် မပြင်နိုင်ဘူး။ မပြင်နိုင်တဲ့ အတွက် ရုပ်ရှင်ရုံက အရုပ်၊အသံတွေထွက် တာ အရည်အသွေး ညံ့မယ်။ ဒီလိုဟာတွေ ကျဆုံးလာတဲ့ အတွက် ပရိသတ်က မလာဘူး။ ပရိသတ်က အနားယူအပန်းဖြေဖို့ မလာဘူး ဆိုရင် တခြား လုပ်ငန်းတွေ လုပ်လာမယ်။  နိုင်ငံတော်ပိုင်တဲ့ ရုပ်ရှင်ရုံ ၁၈၇ရုံဟာ အပြီး ရောင်းချလိုက်တဲ့ အတွက် နိုင်ငံတော်ရဲ့ လက်ဝယ်မှာ ၂၈ရုံပဲ ရှိတော့တယ်။ အပြီး ရောင်းချလိုက်တဲ့ ရုပ်ရှင်ပြ သခြင်း လုပ်ငန်းကို လုပ်နေတာ ၄၉ရုံပဲ ရှိတော့တယ်။ အဲဒီတော့ဒီရုံတွေ ရပ်တည်နိုင်ဖို့ ဆိုတာသူတို့ အတွက် ရုပ်ရှင်ကား ရမှပဲဖြစ်မယ်။ ရုပ်ရှင် ကားမရရင် ဒီရုပ်ရှင် ရုံတွေ လည်း တဖြည်း ဖြည်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ရုပ်ရှင်ကား တွေ စဉ်ဆက်မပြတ် ရောက်ရှိနိုင်ဖို့ ဆိုရင် တော့ ထုတ်လုပ်သူတွေရဲ့ အပိုင်းဖြစ်တယ်။ ဘယ်လိုပြ ကြမလဲ ဆိုတာတော့ ရုပ်ရှင် လောကကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ ပြသရေး စနစ် ဆိုတာ ပြန်လည် ဆောင်ရွက်နေတယ်။ ဒီ ဆောင်ရွက် ထားတဲ့ အနေအထားပေါ်မှာပဲ ရုပ်ရှင် ပြသမှု စနစ်က ရုပ်ရှင်ပြန်လည် ရှင်သန်ရေး အတွက်ကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် တို့ ရုပ်ရှင်လုပ်ငန်း အနေ နဲ့မြင်တယ်။
မေး- အစ်ကိုခုနကတုန်းက ရုပ်ရှင်ပြသဖို့ အတွက် ရုပ်ရှင်ကားလိုတယ် ဆိုတဲ့နေရာ မှာ အဓိကကတော့ မြန်မာကားကကော ဒီလို အလျင်မီအောင် ရုံတင်ပြသနိုင်မ လား။ မြန်မာကားလုံးလုံးပြခွင့်မရှိဘူးဆို တာပဲ ကြားနေရတယ်။ အဲဒါလေးပေါ်မှာ ကော ဘယ်လိုအနေအထားရှိလဲ။
ဖြေ-ရုပ်ရှင် ဇာတ်ကား အနေနဲ့ မြန်မာ ဇာတ်ကား ထုတ်လုပ်သူတွေက ကော်ပီတွေ ကူးကြ တယ်။ 7 copy,8 copy ဒီက 6 copy ကနေ8 copy  အထိပေါ့။ ဒါဟာ ထုတ်လုပ်သူရဲ့ သဘောဆန္ဒအရ သူတို့တွေ ကော်ပီတွေ ကူးကြတယ်။ ဒီကော်ပီတွေဟာ တစ်နိုင်ငံလုံး ကို လှည့်ပြီးတော့ သူတို့တွေက ဖြန့်ချိ ပြသပြီး operator ထဲကနေ တစ်ဆင့် ပြသတဲ့အခါမှာ တစ်နိုင်ငံလုံးက တချို့ ရုပ်ရှင် ရုံတွေက  ကားတွေပြသတဲ့အခါ အခြစ်ရာ၊ အစင်းရာတွေ၊ ဖလင်တွေချို့ယွင်းနေတာတွေ ဖြစ်လာတဲ့ အခါ ကျတော့ ပရိသတ်က  စိတ်မ ဝင်စားကြတော့ဘူး။ စိတ်မဝင်စားတဲ့ အတွက် ဇာတ်ကားမရဘူး ဆိုတဲ့အနေအထား၊ ပရိသတ်မလာဘူး ဆိုတဲ့အနေအထား ဒါတွေရှိ တယ်။ ဟိုအရင်တုန်းကတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ မကြည့်ရင် တရားပွဲတွေမှာ ပြတဲ့ ဇာတ်ပွဲတွေကြည့်တဲ့ အနေအထား မျိုး တွေရှိတယ်။ ခုကျတော့ ကြည့်စရာ Entertainment  အများကြီးရှိတဲ့TV Channel တွေတိုးလာပြီး နောက်တစ်ခါကျ တော့ အင်တာနက်ကနေ ကြည့်လို့ရတာတွေ၊  ဖျော်ဖြေရေးတွေ ရှိလာတယ်။ Entertainment  ဆိုင်ရာတွေ အများကြီးရှိ လာတဲ့အတွက် ပရိသတ်က စိတ်ကြိုက်ရွေးကြည့် ချင်တာတွေကြည့်လာတယ်။ ကျန်တဲ့နေရာ အသီးသီးမှာရှိတဲ့ Entertainment  ထက်ရုပ်ရှင်က သာလွန်ရင်တော့ ရုပ်ရှင်ကိုလာကြည့် မှာပဲ။ အဲဒီတော့မြန်မာနိုင်ငံလိုပဲ ကျန်တဲ့ မြန်မာ နိုင်ငံပတ်ဝန်းကျင် မှာရှိတဲ့ အိမ်နီးချင်း နိုင် ငံတွေ ကြည့်။ ရုပ်ရှင်ရုံတွေက အဆင့်မီ တယ်။ပြသနိုင်တယ်။ ပရိသတ်က ရုပ်ရှင်ရုံ တွေမှာ လာကြည့်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရုပ်ရှင်ရုံဆိုတဲ့အရသာကို အသံ အရသာ၊ အရုပ်အရသာ နောက်တစ်ခါ ကျတော့ ရုပ်ရှင်ရုံမှာ ပရိသတ်ကရုပ်ရှင်ကြည့် လိုက်ရင် သူ့ရဲ့အနားယူအပန်းဖြေဖို့အပြည့် အဝရရှိနိုင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ မှာ ရုပ်ရှင် ရုံတွေ အများကြီးရှိတယ်။ ရုပ်ရှင်ကြည့် တဲ့ပရိသတ်တွေ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်ဟာ ကျန်တဲ့Entertainment ထက်သာလွန်ရင် တော့ ရုပ်ရှင်ရုံထဲကို လူတွေရောက် လာမယ်။ အဲဒီတော့လူတွေကြည့်ဖို့ အဆင့်မြင့်ဖို့လို တယ်။ သူတို့တွေရုပ်ရှင်ကို စဉ်ဆက်မပြတ် ပြရင်၊ဝင်ငွေတွေရရင် ရတဲ့ဝင်ငွေကနေ ရုံတွေကို အဆင့်မြင့် အောင်ပြင်နိုင်မယ်။ ပုဂ္ဂလိက ဆိုတာက ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ထောင်ထားတဲ့ ဟာတွေ။ နေပြည်တော်မှာ ရှိတဲ့ ရုံအပါအဝင် ဒီဟာက ပုဂ္ဂလိက အစီအစဉ်နဲ့ လုပ်ထားတဲ့ ရုံတွေပေါ့။ အရင် ရုံ ဟောင်းကြီးတွေကို ရောင်းတာကတော့ ၄၉ရုံ၊ ဒါအပြီးရောင်းလိုက်တဲ့ ရုံကို ရုပ်ရှင် ဆက်ပြနေတာ၊ လုပ်ငန်း ဆက်လုပ်နေတာ။ လိုင်စင် လည်း ဆက်လုပ်ထားတယ်။
မေး- အစ်ကိုတို့ဆီမှာ လက်ရှိ ရုပ်ရှင်လုပ် ငန်းနဲ့ စီမံခန့်ခွဲမှု၊ နိုင်ငံတော်ပိုင်၂၈ရုံ၊အဲဒီ မှာ ကျွန်တော်တို့ ရွေးချယ်ထားတာ မြို့ပတ်ရုံ အဓိကက ဟိုတလောတုန်းက အကြီး အကျယ် ကြားရတဲ့စကား ဒေါ်ဝါဝါဝင်းရွှေရဲ့ရုံက ရုပ်ရှင်ပြခွင့် မရှိတာလား။ အဲဒါ က ဘာလိုင်စင်နဲ့ ဆိုင်လဲ။
ဖြေ- ဒေါ်ဝါဝါဝင်းရွှေရဲ့ရုံမှာတော့ ဗီဒီယို ပရိုဂျက်တာတွေနဲ့ သူ့ဆီက ထုတ်လုပ်တဲ့ ဇာတ်ကားကို ပြချင်တာ ကျွန်တော်ကတော့ ဒီဗီဒီ လို့မခေါ်ဘူး။ ဗီဒီယို ပရိုဂျက်တာနဲ့ပြ လို့ရတဲ့ ဇာတ်ကားလို့ခေါ်တယ်။ ဒီဗီဒီက သူ့ရဲ့ နည်းပညာနဲ့ ဖြစ်ပေါ်လာတယ်။ စကားကို လွယ်လွယ်ကူကူ မသုံးဘူး။ ကျွန်တော်တို့ ဆီက တချို့ဟာတွေက အခေါ် အဝေါ်တွေ လွဲမှားမှုကြောင့် ကိုယ့်အဆင့်ကို ဝေဝေဝါးဝါး ဖြစ်သွားတယ်။ အခု Blue Ray တွေပေါ် လာတယ်။ ပထမ ဗီဒီယိုပေါ်တယ်။ ဗီစီဒီဖြစ် လာတယ်။ ပြီးရင် ဒီဗီဒီ ဖြစ်လာတယ်။ အခု Blue Ray ဖြစ်လာတယ်။ ဒါကို နည်း ပညာအရပြောင်းလဲတာ။ ဗီစီဒီရုံတို့၊ ဒီဗီဒီရုံ၊ Blue Ray ရုံတို့ပြောလို့မရဘူး။ ကျွန်တော့် အနေနဲ့တော့ မပြောသင့်ဘူး ထင်တယ်။ “ဗီဒီယို ပရိုဂျက်တာ နဲ့ပြသ”၊ ဒီထက် အဆင်ြ့မင့် လာလို့ရှိရင် အဆင့်မြင့် နည်းပညာနဲ့ ပြသ နိုင်သော ဇာတ်ကား ဒီလိုနဲ့ ပြောင်းလဲပြီးသွား ရလိမ့်မယ်။ ဒီဗီဒီဇာတ်ကားတို့၊  Blue Ray ဇာတ်ကားတို့ ဆိုတာ ကျွန်တော်တို့ ဌာနကနေပြီး ကျွန်တော်တို့ ကတော့ “ဗီဒီယိုပရိုဂျက်တာ နဲ့ ပြသတဲ့ ဇာတ်ကား” တစ်နည်း အားဖြင့်ဆိုရင် FullHD တွေဘာတွေပြောင်းလဲလာရင်  “Digital စီနီမာ” နဲ့ပြသနိုင်တဲ့ ဇာတ်ကား” ပဲဖြစ်ရမယ်။ ရုပ်ရှင် ဆိုတာလည်း အရုပ်နဲ့ အသံနဲ့ ထွက် ပေါ်စေတဲ့ အတွက် ဗီဒီယိုဖြစ်စေ၊ ဖလင်နဲ့ ဖြစ် စေ ရုပ်ရှင်ကတော့ ရုပ်ရှင်ပဲ၊ နည်းပညာ အရ ရိုက်ကူး ရတာလွယ်သွားတာ ဖြစ်မယ်။ ခက်သွား တာဖြစ်မယ်။ သုံးတဲ့ နည်းစနစ်ပေါ်မှာ ပဲ ပြောင်းလဲသွားတဲ့ ကိစ္စရပ်မျိုးလို့ ကျွန်တော်ထင်တယ်။
မေး- အစ်ကို မြန်မာကားပြ ရမယ်။ မပြရ ဘူး ဆိုတဲ့ ခွဲခြားမှုရှိလား။
ဖြေ- မြန်မာဇာတ်ကား ကပြရမယ်၊ မပြရဘူးဆို တဲ့ခွဲခြားမှုကတော့ ရန်ကုန်မြို့လယ်ရုံမှာတော့ ရှိမယ်။ဘာကြောင့်လဲ ဆိုတော့သူက ဘေးပတ် ဝန်းကျင် ရုံမှာရှိတဲ့ ဖလင် နဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကုန်ကျစရိတ်က တအားများတယ်။ ရက်တွေကြာတယ်။ နောက်လွယ် လွယ်ကူကူနဲ့ အဆင့်မြင့် နည်းပညာနဲ့ ရိုက် လိုက်မယ် ။ နောက်တခြား နည်းပညာ တစ်ခု နဲ့ရိုက်လိုက် မယ်ရိုက်လိုက်တဲ့ ဇာတ်ကား တွေ ကို အလွယ်တကူ ဝင်ပြီး ပြလိုက်မယ် ဆိုရင် ဖလင်နဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဖလင်နဲ့ရိုက်တဲ့ ဇာတ်ကား တွေပေါ်မှာ ထိခိုက်နစ်နာမှု ရှိမှာဖြစ်တဲ့ အတွက် ဦးစားပေးပြီးတော့ ကာကွယ် ပေးထားပါတယ်။ ဒီလောကထဲ မှပဲ ပြန်ပြီးတော့ အကာအကွယ်ပြုဖို့ အတွက်ကို ဒီဘက်က ဆောင်ရွက် ပေးထားတဲ့ဟာပါ။ အကုန်လုံးက လုပ်ချင်တယ် ဆိုရင်တော့ တစ်ပြေးညီယှဉ် ပြိုင်ကြမယ် ဆိုရင်တော့  ပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဖလင်နဲ့ကတော့ ရိုက်ရတာ ခက်ခဲတယ်။ ကုန်ကျစရိတ် များတယ်။ အလွယ်တကူ ယှဉ်နိုင်တဲ့ နည်းပညာပေါ်လာ တဲ့ ဇာတ်ကားနဲ့ ယှဉ်ရရင်တော့ ဖလင်နဲ့ရိုက်တဲ့ ဇာတ်ကားတွေကတော့ အခက်အခဲ ရှိမယ်။ ခုနောက်ပိုင်းမှာတော့ ဖလင်နဲ့ ရိုက်တဲ့ ဟာတွေက တဖြည်းဖြည်းလျော့ လာတယ်။ ဒီဂျစ်တယ်နဲ့ ရိုက်ကြတယ်။ HD နဲ့ရိုက်ကြတယ်။ ရိုက်ပြီးတဲ့အခါမှာ ဖလင်ပေါ်ကို ပြန် ပြောင်းကြတယ်။ တချို့ အနေနဲ့က ဖလင်ပေါ် မှာ မပြောင်းလဲဘဲ ဒီအတိုင်း Digital နည်း စနစ်နဲ့ရိုက်ကြမယ်။ Digital နည်းစနစ်နဲ့ပဲ ပြရင်ကောင်းမလား ဆိုတဲ့ အနေအထားမျိုးတွေ တွဲသုံးလာတာ ရှိတယ်။ နိုင်ငံတွေမှာ ပြန် ကြည့်လိုက်တဲ့ အခါမှာလည်း တကယ့် ဖလင် နဲ့တောက်လျှောက် မရိုက်ဘဲ တချို့တစ်ဝက် ကိုဖလင်နဲ့ ရိုက်တယ်။ တချို့တစ်ဝက်ကို Digital နည်းစနစ် နဲ့ ရိုက်တာ ရှိတယ်။ တစ်ကားလုံးကို Digital နည်းစနစ်နဲ့ ရိုက်ပြီးတော့ ဖလင်ပေါ် ပြန်တင်တာရှိတယ်။ မတင်ဘဲနဲ့ ရိုက်ပြတာ လည်းရှိတယ်။ ဘယ်နည်းက ကိုယ့်နိုင်ငံနဲ့ ကိုက်ညီ မလဲ။ ကိုယ့်နိုင်ငံရဲ့အနေ အထားနဲ့ အဆင်ပြေမလဲ ဆိုတာကိုတော့ ထုတ် လုပ်သူတွေနဲ့ စုပေါင်းပြီးတော့ အဖြေရှာမှရမယ်။
မေး- ကျွန်တော်တို့  ရုပ်ရှင် ရုံအားလုံးက လိုင်စင် တင်ထားတာက ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်။ အဲဒီအတွက်ကို ၁၁၆ရုံဆိုတော့ ဒီ အတော အတွင်းမှာပဲ ခုနတုန်း ကပြောတဲ့ ကိစ္စမျိုး ပေါ့နော်။ ရုံတွေ ကိစ္စပေါ့။ အဲဒီရုံတွေ ငှားရမ်းမှု ကိစ္စ ပြီးပြတ်ခြင်း၊ မပြီးပြတ်ခြင်း အဲဒီဥစ္စာကော ဒီထဲမှာ ဘယ်လို အကျုံးဝင်လဲ ။                                                 
ဆက်လက်ဖော်ပြပါမည်။

0 ကွန်မန့်ရေးရန်:

Post a Comment