Wednesday, June 27, 2012

လိုင်စင်ဝင် နောက်ကျ ဒဏ်ကြေးပြန်လည် စဉ်းစားသင့်ဟု ကားအရောင်း စင်တာအချို့ဆို



ကားအရောင်းစင်တာများမှ တင်သွင်းလာသောကား လိုင်စင်ဝင်နောက်ကျပါက ကညနသို့ ဒဏ်ကြေး ပေးဆောင်ရမှုအပေါ် ပြန်လည်စဉ်းစားသင့်သည်ဟု စင်တာ အချို့က ပြောသည်။
 ”ဆိပ်ကမ်းကနေ ကားထုတ် တဲ့ရက်ကစပြီး လိုင်စင်ဝင်ရမယ်။ သတ်မှတ်အချိန်ကျော်ရင် ဒဏ် ကြေးကောက်တယ်၊ တစ်ဦးချင်း တင်သွင်းသူအနေနဲ့ ပေးဆောင်ရ တဲ့ ဒဏ်ကြေးနဲ့ ကားရှိုးရွန်းဖွင့်ထား သူတွေကိုပါကောက်တော့ကားပြခန်း
ဖွင့်ထားသူတွေဒုက္ခရောက်နေတယ်” ဟုKSE ကားအရောင်း စင်တာမှ ဒေါက်တာခန့်ဝင်း က ပြောသည်။ကားတင်သွင်းရာတွင် တစ်ဦး ချင်း တင်သွင်းသူများမှာ မိမိတို့ လိုချင်သော အက္ခရာနံပါတ်ရရန် အတွက် လိုင်စင်နောက်ကျ ဝင်ခြင်း ကြောင့် ဒဏ်ေ ကြးပေးဆောင်ရခြင်း မှာ နည်းလမ်းမှန်သော်လည်း ကား အရောင်းစင်တာ ဖွင့်လှစ်ထားသူ များမှာ ကားကိုရာနှင့်ချီတင်သွင်း ထားပြီး ဝယ်ယူသူရှိမှသာ လိုင်စင် ဝင်ခြင်းကြောင့် ဆိပ်ကမ်းမှ ရောက် ရှိချိန်နှင့် ဝယ်ယူသူရှိချိန်မှာ လနှင့် ချီကြာမြင့်နိုင်သည့်အတွက် ဒဏ် ကြေး ပေးဆောင်နေရမှုမှာ အဆင် မပြေဖြစ်ရကြောင်း၊ ဒဏ်ကြေးကို တစ်ရက်လျှင် ကျပ် ၃ဝဝဝ နှုန်းဖြင့် တစ်လလျှင် ကျပ် တစ်သိန်းနှုန်း ကျသင့်ကြောင်း ကားအရောင်းစင် တာဖွင့်သူများက ပြောသည်။ မြေနီကုန်းရှိ ကားအရောင်းစင် တာ ပိုင်ရှင်တစ်ဦးက ”ဆိပ်ကမ်း ရောက်ပြီးသားကားကို ရှိုးရွန်းမှာ တင်ထားတာ တစ်နှစ်နေမှ ရောင်းရ ရင် ဒဏ်ကြေးတစ်နှစ်စာ ကျပ် ၁၂ သိန်းကို ရှိုးရွန်းက ဆောင်ရရောလား၊ ဝယ်ယူသူကို ခင်ဗျားတို့ တစ်နှစ်ကြာ မှ လာဝယ်လို့ ဒဏ်ကြေး ကျပ် ၁၂ သိန်းကို ခင်ဗျားတို့ ဆောင်ပါ လို့ ပြောလို့လည်း မရဘူးလေ၊ ဝယ် သူဆိုတာ ဝယ်ချင်တဲ့ အချိန်ဝယ် မှာပေါ့”ဟု ပြောသည်။ဒဏ်ကြေးပေးဆောင်နေရမှု ကို ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခြင်းအပေါ် ပါမစ်ထုတ်ပေး သည့်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ အား တင်ပြထားပြီးဖြစ်သော်လည်း  ကားထုတ်လုပ် တင်သွင်းရောင်းချ သူများအသင်း (ယာယီ) အနေဖြင့် အဆိုပါဒဏ်ကြေးနှင့် ပတ်သက်၍ စာဖြင့်တင်ပြရန်ရှိကြောင်းဒေါက်တာ ခန့်ဝင်းထံမှ သိရသည်။
ဝေယံမိုးမြင့်

0 ကွန်မန့်ရေးရန်:

Post a Comment