Wednesday, June 27, 2012

ချစ်တယ်


သစ္စာတရားကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
နူးညံ့မှုလေးတွေကို ချစ်တယ်
ကို ချစ်တဲ့အချစ်က ကို့ကို ရူးသွပ်စေမှာ မဟုတ်ပါဘူး

ကိုချစ်တဲ့ အချစ်က ဂရုစိုက်မှုလေးတွေ
ကိုချစ်တဲ့ အချစ်က ချိုမြိန်ခြင်းတွေ
ကိုချစ်တဲ့ အချစ်က မြတ်နိုးခြင်းတွေနဲ့
ခေါင်းကနေ ခြေဖျားထိ
ချစ်နေတာပါ

စိတ်ကူးယဉ်ဆန်တာလေးတွေကို ချစ်တယ်
နှိမ့်ချတတ်တာလေးတွေကို ချစ်တယ်
ပြင်းပြတဲ့ အချစ်စိတ်တွေကိုလဲ ချစ်တယ်
ဒီအချစ်တွေအတွက် ဘယ်တော့မှ ငြီးတွားမိစေမှာ မဟုတ်ပါဘူး

လေးစားမှုလေးတွေကို ချစ်တယ်
နည်းနည်းလေးရှက်တတ်တာကိုလဲ ချစ်တယ်
စဉ်းစားဆင်ခြင်မှုလေးတွေကိုလဲ ချစ်တယ်
ဘယ်တော့မှ ကို့ကို ငိုကြွေးစေမှာ မဟုတ်ပါဘူး

 ကို့ကိုလိုအပ်နေတယ်ဆိုတာကို ချစ်တယ်
စွဲလမ်းနေတာကိုလဲ ချစ်တယ်
ဝေးကွာနေခိုက်မှာ
ကို့ကို သတိရနေတယ် ဆိုတာလေးကိုလဲ ချစ်တယ်
ကိုအချစ်ဆုံးသူက မင်းဆိုတာကိုတော့
          ဒီကဗျာလေးနဲ့ပဲ ပြောလိုက်ပါရစေကွာ ..။            

 Thura Aye
  26 th June , 2012 .

Inline image 1

0 ကွန်မန့်ရေးရန်:

Post a Comment