Tuesday, December 11, 2012

ဒေးဗစ်ဘက်ခမ်း ဘာလဲ၊ ဘယ်လဲ




ဒေးဗဒ်ဘက်ခမ်းပရီးမီးယားလိဂ်၏ ထိပ်တန်း အသင်း တစ်သင်းဖြစ်သော စပါးစ် အသင်း၏ နည်းပြ အန်ဒရီဗဲလစ်ဘိုအက်စ်ရှ်သည် အင်္ဂလန် လက်ရွေးစင်ကစားသမား ဟောင်း ဒေးဗစ်ဘက်ခမ်းအား ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပြောကြားလိုက် သဖြင့် စပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုး၏ ဘက်ခမ်းနှင့် အတူ လက်တွဲကစားခွင့်ရ မည့် မျှော်လင့်ချက်များကို လွင့်ပျယ် ပျောက်ကွယ်စေခဲ့သည်။ အသက် ၃၇ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း သည် ဂလက်ဆီအသင်းတွင် နောက်ဆုံး ပွဲစဉ်အဖြစ် အစွမ်းကုန်ကစားခဲ့ပြီးနောက် ဂလက်ဆီအသင်းနှင့် စာချုပ်ထပ်မံ ချုပ် ဆိုခြင်း မရှိသေးသောကြောင့် လက်ရှိ တွင် အသင်းလက်မဲ့ ဖြစ်နေသည်။ ဒီဖိုးအနေဖြင့် ]]ဘက်ခမ်းသည် ထူး ချွန်ပြောင်မြောက်သော ကစားသမား တစ်ဦးဖြစ်ပြီး အသင်း၏ အောင်မြင်မှုကို ပြောင်းလဲဖန်တီးပေးနိုင်ကြောင်းနှင့် မိမိ အနေဖြင့် ဘက်ခမ်းအား စပါးစ်အသင်း တွင် လာရောက်ကစားစေချင်ပြီး အသင်း မှလည်း နွေးထွေးစွာကြိုဆိုလျက်ရှိ ကြောင်း}} ဖွင့်ပြောခဲ့သည်။ အင်္ဂလန် ဘောလုံးလောကကို အရောင်တင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် အတွေ့အကြုံရင့်ကျက်မှုတို့ဖြင့် မှော်ဝင် ပဉ္စလက်ဆန်ဆန် ကစားတတ် သော အင်္ဂလန် ဘောလုံးလောက၏ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်သူ ဒေးဗစ်ဘက် ခမ်း၏ အသင်းအပြောင်းအရွှေ့ကိစ္စကို ဘောလုံးချစ် ပရိသတ်များမှ တစ်စေ့တ စောင်း စိတ်ဝင်စားလျက် ရှိလေသည်။

ချမ်းငြိမ်း(IND)
The Public Image

0 ကွန်မန့်ရေးရန်:

Post a Comment