Tuesday, December 11, 2012

ဒို့မြန်မာ ရင်ခုန်စရာ ဆုလက်ဆောင်


Inbox
x
[Image: 114d5fe56ad5febb714a613964b96072_view.jpg]http://domyanmar.com/


ဒို့မြန်မာ DoeMyanmar NOREPLY@doemyanmar.com via ip-203-124-96-100.ip.secureserver.net
4:17 PM (2 hours ago)

to me
မင်္ဂလာပါ တင်ကိုဇော်,

ဒို့မြန်မာကို အခမဲ့ဝင်ရောက်အသုံးပြု၍ ရင်ခုန်စရာ ဆုလက်ဆောင်များ ရယူကြပါစို့ !

ဒို့မြန်မာဆိုတာ မြန်မာပြည်သူပြည်သားတွေအတွက် ရည်ရွယ်ပြီး ယခုနှစ်မှစတင် တည်ထောင်တဲ့ လူမှုရေးကွန်ယက်တစ်ခု ဖြစ်ပါတယ်။ ယခုမှစတင် ၀င်ရောက်လာတဲ့အသင်းဝင်တွေအတွက် အခမဲ့အသုံးပြုရင်း လက်ဆောင်ရယူနိုင်မည့် Game ကစားပွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်ုပ်တို့မှ Game အစီအစဉ်အတွက် သတ်မှတ်ရက်စွဲအား ဒီနေ့ကစပြီး (2013) ဒီဇင်ဘာလအထိ သတ်မှတ်ထားရှိပြီး ဆုလက်ဆောင်တွေကိုတော့ သတ်မှတ်ချက်ပြည့်မှီသူတွေကို (2014) နှစ်သစ်မတိုင်ခင်မှာ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

အကောင်းဆုံးအသုံးပြုနိုင်သူအတွက် ဆုလက်ဆောင်တွေကတော့ …..



ပထမဆု - ဆုငွေ ကျပ်(၅) သိန်း
ဒုတိယဆု - Samaung Glaxy Note
တတိယဆု - Samsung Glaxy Tab 7'' inches

( အကယ်၍ ကျွန်ုပ်တို့ဆုချီးမြှင့်မည့်အချိန်တွင် ဖော်ပြထားသည့် လက်ဆောင်များ ရရှိရန်အခက်အခဲရှိပါက ၄င်းနှင့်တန်ဖိုးညီမျှသော အခြား model အမျိုးအစားတစ်ခုကို ပြောင်းလဲပေးအပ်မည် ဖြစ်ပါသည် )

ဒို့မြန်မာ၏ Game အစီအစဉ်တွင် ပါဝင်ရန် စည်းကမ်းချက် နှင့် နည်းလမ်များ

(၁) အသုံးပြုသူသည် friend အရေအတွက် အနည်းဆုံး(၁၀၀၀) သို့ရောက်ရှိရမည်။
(၂) အသုံးပြုသူ၏ ရရှိသော အမှတ်အရေအတွက်သည် point (၅၀၀၀) ရရှိရမည်။
၎င်းအချက် နှစ်ချက် ပြည့်မှီလျှင် အကောင်းဆုံးအသုံးပြုနိုင်သူအဖြစ်သတ်မှတ်မည် ဖြစ်ပါသည်။

Friend များရရှိရန် နည်းလမ်းများ ...

- သင်၏ သူငယ်ချင်းများဒို့မြန်မာသို့ ပါဝင်လာရန်အတွက် offline (သို့) online မှနှစ်သက်ရာနည်းလမ်းများဖြင့်ဖိတ်ကြားခြင်း

- ဒို့မြန်မာတွင် ရှိနှင့်ပြီးသောအဖွဲ့ဝင်များသို့ သူငယ်ချင်းအဖြစ်တောင်းဆိုခြင်း (သို့) အခြားသူငယ်ချင်းများ၏ Friend Request များကို လက်ခံခြင်း

- မိမိ၏သူငယ်ချင်းများကိုပါဝင်အသုံးပြုနိုင်ရန် ဒို့မြန်မာ page အောက်ခြေရှိ invite မှတဆင့် သူငယ်ချင်းများကို Invite ပြုလုပ်နိုင်ပါသည်။ invitation ခြင်းပြုလုပ်ပေးခြင်းဖြင့် သင်၏သူငယ်ချင်းအရေအတွက်တစ်ဦးဝင်ရောက်လာမှုအတွက် (5) points ရရှိမည်ဖြစ်သည်။ ထို့ကြောင့် invitation များစွာပြုလုပ်နိုင်ပြီး ၄င်းမှတဆင့် အသင်းဝင်သစ်များဝင်ရောက်လာလျှင်လည်း အမှတ်များစွာ ရရှိမည်ဖြစ်သည်။

Point များရရှိရန် နည်းလမ်းများ

- Blog များအတွင်းပါဝင်ရေးသားခြင်း၊ ဝေမျှခြင်းများအတွက်လည်း pointများ ရရှိနိုင်သည်။ ကောင်းမွန် မှန်ကန်စွာရေးသားသော blog တစ်ခုအတွက် (3) point ရရှိမည်ဖြစ်သည်။

- Comment များရေးခြင်း activity များတွင်ပါဝင်မှုတိုင်းအတွက် (1) point ရရှိမည်ဖြစ်သည်။

ဒါကြောင့်အသုံးပြုသူများအနေနှင့် လက်ဆောင်တွေရယူဖို့ မိမိ၏အကောင့်မှ friend (၁၀၀၀) နှင့် (points) အရေအတွက် (၅၀၀၀) ပြည့်သွားပါက ကျွန်ုပ်တို့ကို email: info@doemyanmar.com ပို့ပြီး အကြောင်းကြားနိုင်ပါတယ်။

(၃) point (၅၀၀၀) ချင်းတူခဲ့လျှင်တော့ ကျွန်ုပ်တို့မှနောက်ဆုံးသတ်မှတ်ရက်အထိ စောင့်ကြည့်ရေတွက်မှာဖြစ်ပြီး point (၅၀၀၀)ထက်ကျော်လွန် ရရှိသူကို ဦးစားပေးမှာဖြစ်ပါတယ်။

(၄) အကယ်၍ points အရေအတွက်ခြင်းတူခဲ့လျှင်တော့ ရေးခဲ့တဲ့ blog တွေကိုပြန်စီစစ်ပြီး Like အရေအတွက်အများဆုံးရတဲ့လူကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။
ဒါကြောင့် သင်တို့တင်လိုက်တဲ့ blog ကကောင်းမွန်မှန်ကန်တဲ့ blog post တွေဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

(၄) ဒီအစီအစဉ်ကို ဒို့မြန်မာနှင့်သက်ဆိုင်သော မိသားစုဝင်များနဲ့ ၀န်ထမ်းများ ပါဝင်ခွင့်မရှိပါ။

(၅) Point များရရှိရန်သက်သက်အတွက် အဓိပါယ်မဲ့သောpostများ၊ comment များ၊ အခြားအသင်းဝင်များအား အနှောက်အယှက်ဖြစ်စေသောစာ/အကြောင်းအရာများကို ဒို့မြန်မာမှ လက်ခံစဉ်းစားမည်မဟုတ်ပါ။

(၆) အကယ်၍ ဆုလက်ဆောင်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစုံတရာဖြစ်ပေါ်လာပါက ဒို့မြန်မာ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။

ဒို့မြန်မာအနေနဲ့ အသင်းဝင်တွေအတွက် ယခုလိုမျိုးအလားသဏ္ဍာန် တူညီတဲ့ Game အစီအစဉ်တွေ၊ ဆုလက်ဆောင်တွေကို ယခုကစတင်လို့ နှစ်စဉ်နှစ်တိုင်းမှာ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနှင့် အသိပေးလိုတာက သင်တို့တင်လိုက်တဲ့ blog post ကရရှိတဲ့ Point အမှတ်တွေက အချည်းနှီးတော့ ဖြစ်သွားမှာမဟုတ်ပါဘူး။ point တစ်ခုရရှိတိုင်းဟာ သင့်အတွက် မြန်မာငွေ(၁)ကျပ်နဲ့ညီမျှတဲ့ တန်ဖိုးတစ်ခု ရရှိနေမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့မှ မကြာမီထပ်မံ တိုးချဲ့မည့်ကဏ္ဍတွေမှာ ဈေးဝယ်နိုင်တဲ့ကဏ္ဍတွေ သင်တို့ကိုယ်တိုင် အရောင်းအ၀ယ်ပြုလုပ်နိုင်တဲ့ marketplace လိုနေရာမျိုးတွေမှာ ရရှိထားတဲ့ point အမှတ်တွေကို ငွေကြေးတန်ဖိုးနဲ့ဖလှယ်ပြီး အခမဲ့ဈေးဝယ်နိုင်တာတွေ discount cupon လိုမျိုးတွေနဲ့လဲလှယ် အသုံးပြခြင်းတွေပြုလုပ်နိုင်မှာပါ။ ဒါကြောင့် point အရေအတွက်တွေ တိုးတာနဲ့အမျှ အရောင်းအ၀ယ်/အလဲအလှယ် လုပ်နိုင်မယ့်ငွေကြေးပမာဏတိုးလာမယ်ဆိုတာ မမေ့စေချင်ပါဘူး။

ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်အရ ဒို့မြန်မာမှာ မြန်မာလူမျိုးတွေ တစုတစည်းတည်း ဆုံတွေ့အသုံးပြုနိုင်ဖို့ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပြင် ဒီတစ်နေရာတည်းမှာပဲ အသင်းဝင်တိုင်းက စီးပွားရေးကဏ္ဍတွေမှာပါ အခမဲ့ပါဝင်ပြီး အရောင်းအ၀ယ်ပြုလုပ်ရာ market place လေးတခုလိုဖြစ်လာဖို့ မကြာခင်မှာ ကဏ္ဍသစ်တွေတိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

ကဲ......... ဒို့မြန်မာကို အကောင်းဆုံးအသုံးပြုနိုင်သူ ဘယ်သူဖြစ်မလဲ ? ရင်ခုန်စရာ ဆုလက်ဆောင်များ ကို ဒို့မြန်မာတွင် ဝင်ရောက်ကြည့်ရှုပါ။





ရိုသေလေစား စွာဖြင့်


tinkozaw88 zawzaw <tinkozaw88@gmail.com>
4:17 PM (2 hours ago)

to dm
http://www.kopaelay.blogspot.com/ ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )[Image: 114d5fe56ad5febb714a613964b96072_view.jpg]

[i]စားလည်းစား ရွှာလည်း စောင့်ရှောက်ကြ ဟုတ်ပြီလား (ကိုပဲလေး)[/i

0 ကွန်မန့်ရေးရန်:

Post a Comment