Tuesday, December 11, 2012

အလှမွေးငါး ၀ါသနာပါသူများအတွက် ..


သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ ...
ကျနော့်ကိုတော့ သိကြတော့မယ်မထင်ဘူးဗျ.. ဘာမှမရေးဖြစ်တာ ၁နှစ်နီးပါးတောင်ရှိသွားပြီဆိုတော့ ..
အခုတော့ (ရုံးမှာလဲ အလုပ်ပါးနေတုန်း) ဒီဘလော့်ဂ် မှာရှိတဲ့ အလှမွေးငါး ၀ါသနာပါတဲ့သူငယ်ချင်းများအတွက် ကျနော် သိသလောက်လေး လေ့လာထားရသလောက် တွေကို မျှဝေချင်ပါတယ်။

တိရိစ္ဆာန်အမျိုးအစားတော်တော်များများကို လူတွေ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူတဲ့အလေ့အထက ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စလာခဲ့တာပါ ..။ အိမ်မွေးတိရိစ္ဆာန်လေးတွေက သဘာဝကိုနှစ်သက်တဲ့သူ စူးစမ်းတဲ့သူ တွေအတွက်တော့ တကယ့်ကို အပန်းပြေစေပါတယ်။ (တိရိစ္ဆာန်တွေကို စိတ်မ၀င်စားတဲ့သူတွေအတွက်ကတော့ တကယ့်ကို အပိုအလုပ် စိတ်ရှုပ်စရာဗျ ဥပမာ ကျနော့်အမး) )
ကျနော်ကိုယ်တိုင်လဲ တိရိစ္ဆာန်တွေကို စိတ်ဝင်စားတဲ့လူတယောက်ဆိုတော့ တော်တော်များများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးဖူးပါတယ်..။ တိရိစ္ဆာန်တွေကတော့ တမျိုးစီစိတ်ဝင်စားဖို.ကောင်းကြတာပါပဲ ..။ ကျနော်က ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကိုမွေးတာဗျ ပေါက်တိပေါက်ရှာတွေ လိုက်မွေးတား)..။
ခွေး၊ ကြောင်၊ ၀က်၊ ကြက်၊ ဘဲ၊ ငန်း၊ မန်ဒါလီ၊ ရေဘဲ၊ ကြက်ဆင်၊ ရစ်၊ ဒေါင်း၊ ငါး၊ ဖား၊ ငါးရှဥ့်၊ ဂဏန်း၊ ဂုံး၊ လိပ်၊ ကျီးကန်း၊ ဇီးကွက်၊ ကြက်တူရွေး၊ ဇရက်၊ စာကလေး၊ ရှဥ့်၊ ယုန်၊ ပူး... ဟူးး မောလိုက်တား) အခြားအကောင်တွေကျန်သေးတယ် ကျနော်လူမှန်းသိစကထဲက မွေးတဲ့ဟာတွေး)

အခုလောလောဆယ်တော့ ငါးမွေးထားတယ်ဗျ အလုပ်တဖက်နဲ.၊ ပြီးတော့ ကိုယ့်အိမ်မှာလဲမဟုတ်တော့ အခြားအကောင်တွေမွေးမရဘူးဖြစ်နေတယ်..
ကဲ..လေရှည်နေတာများသွားပြီ.. ကျနော် အခုရှဲချင်တာက ငါးမွေးတာဝါသနာပါတဲ့သူတွေအတွက်ဗျ..
ငါးတွေက အိမ်မွေးတိရိစ္ဆာန် တွေထဲမှာစိတ်ဝင်စားဖို.အကောင်းဆုံးထဲမှာပါတယ်ဗျ .. ဘာလို.လဲဆိုတော့ ကိုတွေနဲ.မတူတဲ့ သူတို.ရဲ. သဘာဝပတ်ဝန်းကျင်ကို ပြုလုပ်ဖန်တီးပေးပြီးမွေးမြူရတာဆိုတော့..
အခု ကျနော် လေ့လာသိရှိသလောက်ထဲက ငါးဝါသနာပါတဲသူငယ်ချင်းများ စတင်မွေးမြူချင်တဲ့သူများအတွက် သိသင့်တဲ့အချက်လေးတွေပါ... (ငါးမွေးတာ ကျွမ်းကျင်တဲ့သူငယ်ချင်းများလဲ ဖတ်ပြီးလို. လိုအပ်တာရှိရင် အကြံပေးကြပါဗျ)

၁) ငါးကန်
     ပထမဆုံး ငါးမွေးတော့မယ်ဆိုရင်တော့ မရှိမဖြစ်လိုအပ်တာ ငါးကန်ပါ။ ငါးကန်ဆိုတာမှာလဲ အမျိးအစားမျိုးစုံရှိတဲ့အတွက် ကိုယ်နဲ.သင့်တော်မယ့် ကိုကြိုက်နှစ်သက်တဲ့ ငါးကန်မျိုးကို ရွေးချယ်ဖို.လဲ လိုအပ်ပါတယ်။
ပုံစံတွေအားဖြင့်တော့ - ဖန်အိုးပုံသဏ္ဍာန်၊ လေးထောင့်ငါးကန်နဲ. ထောင့်လုံး ငါးကန်တွေဖြစ်ပါတယ်။

-ဖန်အိုးပုံသဏ္ဍန်ငါးကန်ကတော့ အမြင်မှာတော့ လှတယ်ဗျ ငါးအစဦးဆုံး မွေးချင်တဲ့ သူအများစုကလဲ ဒီဖန်အိုးလေးတွေနဲ.မွေးချင်ကြတာများတယ်ဗျ .. ကျနော်ငယ်ငယ်ကလဲ အဲ့ဒါလေးနဲ.မွေးဖူးတယ်။ ဒါပေမယ့် တကယ်တန်း ငါးမွေးတဲ့အခါ သိပ် မသင့်တော်ပါဘူး ဘာလို.လဲဆိုတော့ ဧရိယာကျဉ်းတဲ့အတွက် ငါး အရေအတွက်နဲ. အမျိုးအစားရွေးချယ်မှူ.မှာ သိပ်များများစားစား ရွေးချယ်လို.မရနိုင်ပါဘူး။ ငါးစမွေးမယ့် သူငယ်ချင်းများကိုလဲ အဲ့လိုကန်မျိုးရွေးဖို. သိပ်အားမပေးချင်ဘူး ခဗျ။

-ကောင်းတာကတော့ လေးထောင့်ပုံသဏ္ဍန်ငါးကန်တွေကသာအကောင်းဆုံးပါ။ ထောင့်လုံးငါးကန်ဆိုတာလဲ ကျနော်ဘယ်လိုခေါ်ရမှန်းမသိလို. အဲ့လိုရေးလိုက်တာဗျ။ ပုံစံကတော့ လေးထောင့်ပဲ ဒါပေမယ့် ထောင့်တွေကို စီလီကွန်နဲ. ဆက်ထားတာမျိုးမဟုတ်ပဲ ဖန်တသားထဲ ထောင့်ကိုကွေးပြီးလုပ်ထားတဲ့ကန်မျိုးပါ အမြင်မှာ ပိုလှပြီး ကော်ဆက်ရာပိုနည်းတဲ့အတွက်လဲ ရေယိုစိမ့်နိုင်မှူ.ပိုနည်းပါတယ်။ ရိုးရိုးကန်တွေထက်တော့ ဈေးပိုများတယ်ဗျ။

-ကျနော်မြင်ဖူးတဲ့ အင်းစိန်က ငါးသားဖောက်ဒိုင်တွေကတော့ အကောင်ရေအများကြီးမွေးရတဲ့အတွက် သစ်သားနဲ. ကန်ဘောင်အကြီးကြီးတွေရိုက်ပြီး မှန်သားတွေကို သစ်သားဘောင်မှာ ပွဲညှက် တွေနဲ.ကပ်ပြီးကန်လုပ်သားဖောက်ကြပါတယ်။ အဲ့လိုလုပ်ချင်သူများ တစ်ချက်သတိထားရမှာတော့ အဲ့လိုကန်မျိုး (ကန်အသစ်ဆိုရင်) ငါးမထဲ့ခင် ရေအပြည့်ဖြည့်ပြီး တပတ်လောက် ပွဲညှက်ဓါတ်တွေမရှိတော့အောင် စိမ်ထားပေးဖို.လိုပါမယ်။

-နောက်တမျိုးကတော့ အုပ်ဘောင်တွေနဲ. ငါးကန်လုပ်ပြီးသားဖောက်ကြပါတယ်။ ဒီလိုကန်ကြီးမျိုးတွေက စီးပွားဖြစ်သားဖောက်လုပ်ငန်းတွေမှာသာ အသုံးများကြတာပါ။ ဒါကြောင့် သာမန်မွေးမြူသူတွေအနေနဲ.တော့ အဲ့ဒီကန်တွေမလိုအပ်ပါဘူး။
-ကိုယ်တိုင် တပိုင်တနိုင်သားဖောက်ချင်သူများအတွက် အကောင်းဆုံး သားဖောက်ကန်လုပ်နည်းလေးကိုလဲ ရှဲချင်ပါတယ်။ ကိုယ်တိုင်လဲ လုပ်ဖူးလို. ငွေကြေးအကုန်အကျသက်သာပြီး အဆင်ပြေပါတယ်၊
လုပ်နည်းကတော့ ။ ။ ကိုယ်နှစ်သက်ရာ ကန်အရွယ်အစားကိုအရင်စဉ်းစားပါ။ (အိမ်နောက်ဖေးမြေကွက်လပ်ရှိသူများမှာပိုအဆင်ပြေပါတယ်)။ ပြီးရင် အဲ့ကန်အရွယ်အစားအတိုင်း မြေကို လက်တမိုက် (၆လက်မ၀င်းကျင်လောက် လေးထောင့်တူးလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီလေးဖက်လေးလံမှာ သစ်သားတိုင် ခိုင်ခိုင် လေးတိုင်စိုက်လိုက်ပါ။ ဒါဆိုရင်ပဲ ကန်က ပြီးသလောက်ဖြစ်သွားပြီဗျ။ ပြီးရင်တော့ water proff ဖျင်စ ကို အဲ့ဒီအပေါ်ကနေအုပ်ခင်းပြီး ကြမ်းပြင်ထောင့်တွေအထိ လေးထောင့်ပုံစံဖြစ်အောင် သေချာ ပုံစံချပါ ပြီးရင်တော့ ထောင့်တွေကို သံရိုက် အနားတွေခိုင်အောင်တုပ်လိုက်ရင် ငါးကန်တကန်ဖြစ်ပါပြီ။ ကျနော်ကတော့ ရေပိုလုံအောင်လို. အဲ့ဒီအပေါ်ကနေ ပလပ်စတစ် အကြည်စအထူကို နောက်တထပ်ထပ်အုပ်လိုက်တယ်ဗျ။ အဲ့ဒီနည်းနဲ. ငါးသားဖောက်ကန်ကို အကုန်အကျနဲနဲ နဲ.လုပ်နိုင်ပါတယ်။
မြေကွက်လပ်မရှိသူများကလဲ အိမ်မှာ ရှိတဲ့ စားပွဲခုံအဟောင်းများကို ပက်လက်လှန်ပြီး အပေါ်ကပြောတဲ့နည်းအတိုင်းလုပ်ပြီး အဖိုးနည်း သားဖောက်ကန်လုပ်ယူနိုင်ပါတယ်။
ငါးကန်ပုံစံ တွေးကြည့်ရင်တော့ ရီစရာကြီးဗျ။ ဒါပေမယ့် အဲ့ဒါ တကယ် အလုပ်ဖြစ်တယ်။ သုံးချင်တဲ့အခါခင်းလိုက် မသုံးချင်ရင် ပြန်ဖြုတ်သိမ်းထားလိုက် ဘယ်လောက်မိုက်လဲး) (ဒီနည်းကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က အကြံပေးခဲ့တဲ့ အင်းစိန်ရွာမက ငါးဒိုင်ကအန်တီ့ကိုလဲ ကျေးဇူးတင်ပါတယ်း) )
၂) အောက်စီဂျင်စနစ်
     ငါးကန် တကန်အတွက် အရေးအကြီးဆုံးက အောက်စီဂျင်စနစ်ပါ ... ငါးတွေက သဘာဝမှာလိုမဟုတ်ပဲ ဒီရေကန်လေးထဲ မှာပဲ အချိန်အကြာကြီးနေကြရတာဆိုတော့ ဒီမှန်ကန်လေးထဲက ရေမျက်နှာပြင်က သူတို.အတွက်လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို ပျော်ဝင်စေနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် အလှမွေးငါးကန်တကန် စတင် တပ်ဆင်တဲ့နေရာမှာ အောက်စီဂျင်စနစ်က မရှိမဖြစ်ကိုအရေးကြီးပါတယ်။ အောက်စီဂျင်စက်ဝယ်တဲ့အခါမှာလဲ လေများကို မုတ်ထုပ်ပေးသော air pump နဲ. ကန်ရေစစ်စနစ်ပါတဲ့ အောက်စီဂျင်စက် ဆိုပြီး အကြမ်းမျဉ်း ၂မျိုးရှိပါတယ်။

-Air pump ကတော့ ရေထဲကို အောက်စီဂျင်ပျော်ဝင်စေဖို.အတွက် လေများကို မှုတ်ပေးသေားစက်ဖြစ်ပြီး

= ရေစစ်စနစ်ပါတဲ့ဟာကတော့ အောက်စီဂျင်အတွက်ပါမကပဲ ကန်အတွင်းမှ ရေကို ကြည်လင် သန်.စင်စေရေးအတွက်ပါ လုပ်ငန်း၂မျိုး လုပ်ဆောင်နိုင်ပါတယ်။
ဒီစက်များကိုလဲ ကန်အရွယ်အစားပေါ်မူတည်ပြီး သူရဲ. power အနဲအများကြည့်ပြီးဝယ်ရပါမယ်။ Air pump များအတွက်ကတော့ လေအား အနည်းအများ ထိန်းချုပ်နိုင်ပြီး ကန်ရေစစ်စနစ် (Filteration) ပါသောစက်တွေဝယ်ရင်တော့ ကန်ကြီးပြီး power နဲနေရင် ကန်အတွက် မထိရောက်သလို၊ ကန်သေးပြီး power များနေရင်လဲ ရေလည်ပတ်မှူ.အားများပြင်းပြီး ငါးတွေအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ.ကန်အတွက် power ဘယ်လောက်လိုလဲမသိရင် စက်ရဲဗူးပေါ်က အသေးစိတ်ကိုဖတ်ကြည့်၊ ဒါမှမဟုတ် ဆိုင်မှရောင်းသောသူတယာက်ယောက်ကို မေးပြီး ၀ယ်နိုင်ပါတယ်ခဗျ။
ဒီတစ်ခေါက် ပို.စ် ကိုတော့ ဒီလောက်နဲ.ပဲဖြတ်လိုက်မယ်ဗျ အရမ်းရှည်နေရင် ဖတ်ရတာပျင်းစရာကြီးး)
ဝါသနာပါသူ သူငယ်ချင်းများအတွက် တစိတ်တပိုင်း အထောက်အကူပြုနိုင်ရင် ၀မ်းသာပါတယ်ဗျာ။
နောက်ထပ် ကျန်သေးတဲ့အချက်တွေကိုလဲ အဆင်ပြေရင်ပြေသလို တင်သွားပါမယ်။
သူငယ်ချင်းများကလဲ အလှမွေးငါးနဲ.ပတ်သက်လို. သိချင်တာရှိရင် ဘာပဲဖြစ်ဖြစ် အောက်က ကွန်းမန်.မှာမေးနိုင်ပါတယ်ဗျ။ ကျနော်သိသလောက် ပြန်ဖြေပေးပါ့မယ် ကျနော် မသိတဲ့ဟာတွေဆိုရင်လဲ ကျနော့်အသိ ၀ါရင့် ငါးမွေးသူများကို မေးပြီး ကြိုးစားပြန်ဖြေပေးပါမယ်။
သူငယ်ချင်းများအားလုံး ကိုယ်ဝါသနာပါရာကို အဆင်ပြေပြေ အောင်အောင်မြင်မြင်လုပ်နိုင်ပြီး ပျော်ရွင်နိုင်ကြပါစေ။
 ...............................................*******************.....................................................
Ref: All images are from Google Image.

4 ကွန်မန့်ရေးရန်:

သို.
ကိုပဲလေး
အခု အပေါ်မှာ အကိုတင်ထားတဲ့ post က ကျနော် ဧဒင်ဥယာဉ် blog မှာ Mark ဆိုတဲ့နာမည်နဲ. တင်ထားခဲ့တဲ့ post ပါ။ ကျနော် ရေးကထည်းက ဘယ်သူ.အတွက်လို. ရည်ရွယ်ပြီးရေးတာမဟုတ်ပဲ ၀ါသနာပါတဲ့သူငယ်ချင်းတွေအားလုံးအတွက် ရေးခဲ့တာဆိုတော့ အကိုအခုလို အကို. blog မှာ ကူးယူဖော်ပြတာလဲ တမျိုးတော့ကောင်းပါတယ်။ ဒီ blog ကိုလာဖတ်ရှု.တဲ့ သူငယ်ချင်းတွေပါဖတ်လို.ရတာပေါ့။
ဒါပေမယ့် ကိုယ်ကိုယ်တိုင်ရေးတဲ့ ကိုယ်ပိုင် သတင်းအချက်အလက် ဓါတ်ပုံ တစုံစရာ မဟုတ်ပဲ အခြားဆီက ကူးယူ မှီညမ်း ဖော်ပြတယ်ဆိုရင် အဲ့ဒီ ရဲ.အောက်မှာ Reference ဆိုပြီးတော့ မူရင်းကူးယူတဲ့နေရာကိုတော့ဖော်ပြဖို.တော့ မဖြစ်မနေလိုအပ်ပါတယ်။ (ကျနော်ကိုယ်တိုင်ရေးထားတဲ့ post အောက်မှာလဲ ပုံတွေကို ကိုယ်တိုင်ကိုယ်ကျ ရိုက်တာမဟုတ်ပဲ အင်တာနက်ကကူးယူဖော်ပြထားလို. Ref ထဲ့ထားပါတယ်)။
ကျနော့် အနေနဲ.တော့ အကို အခုတင်ပြီးသား post အတွက် ဘာမှမပြောလိုပေမယ့် နောက်အခါ အခြားသူတွေရဲ. post တွေကို မှီညမ်းပြီး post တခု တင်မယ်ဆိုရင်တော့ အဲ့ဒီ post ရဲ.အောက်မှာ မူရင်း post ရဲ. link ကို Reference ဖော်ပြဖို.တော့ မဖြစ်မနေလိုအပ်ပါတယ်ဆိုတာကို ခင်မင်မှူ.နဲ. သတိပေးလိုပါတယ်ဗျ။

အထက်ပါ ပို့အား ဧဒင်ဥယျဉ်မှ Mark ရေသားသည်

ရေးထားတာကောင်းပါတယ်။ကျနော်ရဲ. ဖေ.ဘွက်ကအလှမွေးငါးချစ်သူများ ဂရုမှာ ရှယ်ခွင်.ပြုပါ။

ရေးထားတာကောင်းပါတယ်။ကျနော်ရဲ. ဖေ.ဘွက်ကအလှမွေးငါးချစ်သူများ ဂရုမှာ ရှယ်ခွင်.ပြုပါ။

Post a Comment