Tuesday, December 11, 2012

အကျယ်ချုပ်ကနေ အကျဉ်းချုပ်ခံရတဲ့ ဗိုလ်မှူးကြီး အောင်ကြီး


 ဗိုလ်မှူးကြီး အောင်ကြီး၊ ဓာတ်ပုံ- နိရဇ္ဇရာ
ငြိမ်းချမ်း ~ 

နစက ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကြီးကို ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းတွေကြောင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရိပ်သာတွင် အကျပ်ချုပ် ချုပ်ထားရာကနေ ဒီလ ၅ ရက်နေ့မှာ အကျဉ်းချုပ်ကို ပြောင်းရွှေ့ ချုပ်နှောင် ထားလိုက်ကြောင်း အမည်မဖေါ်လိုသော နစက ဌာနချုပ် စစ်ဦးစီးဌာန သတင်းရပ်ကွက်နဲ့ နီးစပ်သူ တဦးကပြောသည်။ 

“ကွက်ကဲရေးမှူးဟောင်းကို အမ်း နပခ အချုပ်မှာ ထားတယ်။ သူတပည့် ဒုအရာခံဗိုလ် အောင်မျိုးသွင် ကိုတော့ နစက ဌာနချုပ် တပ်တွင်းအချုပ်မှာ ထားပါတယ်။ အခုလောလောဆယ်တော့ အရပ်ဝတ် မလဲသေးပါဘူး။ သူတို့ကို စစ်ခုံရုံးမှာ ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်” ဟု ယင်း နီးစပ်သူ က ပြောသည်။ 

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး မိသားစုအနေဖြင့် နစကဌာနချုပ်မှာမရှိတော့ဘဲ။ ဒုအရာခံဗိုလ်  
အောင်မျိုးသွင်ရဲ့ မိသားစုတွေကတော့ နစက ဌာနချုပ် ဝန်ထမ်းအိမ်ဟာမှ ရှိနေသေးပြီး ဘယ် ပုဒ်မမျိုးနဲ့ စစ်ခုံရုံးတင်မယ်ဆိုတာတော့ မသိရသေးကြောင်း စစ်ဦးစီးဌာနနှင့် နီးစပ်သူက ဆိုသည်။ 

နစက ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကြီး ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်နှင့် ဘင်္ဂါလီများကို သက်ဆိုင်ရာ အာဏာပိုင်များက ခေါ်ယူစစ်ဆေးနေသည့်အတွက် မောင်တောမြို့ တောင်ပိုင်းရှိ ဘင်္ဂါလီ စီးပွါးရေး လုပ်ငန်းရှင်တချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း မောင်တောမြို့ လေးမိုင် ရွာသားတဦးကပြောသည်။ 

“ဗိုလ်မှူးကြီးအောင်ကြီးကို ဖမ်းသွားပြီးတဲ့နောက်ပိုင်း ၈ လပိုင်း၊ ၉ လပိုင်းတွေမှာ ရခိုင်တွေကိုရော ဘင်္ဂါလီတွေကိုပါ ခေါ် စစ်တာတွေရှိတယ်။ အဲ့ဒီအချိန်ကတော့ တချို့ ဘင်္ဂါလီစီးပွါးရေးသမားတွေ ထွက်ပြေးနေတာတွေရှိတယ်။ အခုတော့ အဲ့ဒီပြသနာက ဒီမှာနည်းနည်းအေးနေတယ်” ဟု သူက ဆိုသည်။ 

ဇွန်လ ၈ ရက်နေ့က အဓိကရုဏ်း ဖြစ်ပွါးချိန်တွင် နစကအဖွဲ့နေဖြင့် အချိန်မှီ မဖြေရှင်းနိုင်သည့် အတွက် ရခိုင်ကျေးရွာ ၂၀ ကျော် မီးလောင်ပြီး ဒုက္ခသည် သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရမှုအပေါ် ဒေသခံတို့ ရခိုင်တွေအနေနဲ့ မကြေနပ်မှု တွေဖြစ်ပွါးခဲ့ကြောင်း မောင်တောမြို့ခံတဦးကပြောသည်။ 


“သူ (ဗိုလ်မှူးကြီးအောင်ကြီး) က နည်းနည်းလျှော့တွက်လိုက်တဲ့သဘော ရှိတယ်။ သူ့ ဆီကိုလာပြီး ခွင့် 
တောင်းတုန်းကတော့ ငြိမ်းချမ်းစွာ ဆုတောင်းဖို့ ဆိုတော့ သူကလည်း ဒီလောက်ထိဖြစ်မယ် မထင်ဘူး 
လေ။ တကယ်တကယ်ဆိုလာလို့ ဘူးသီးတောင် စစ်တပ်ကို အကူအညီတောင်းတော့ အချိန်နောက်ကျ သွားပြီးလေ အဲ့ဒါကြောင့် ရခိုင်တွေ ထင်ထာက နစက ကွပ်ကဲရေးမှူးက ဘင်္ဂါလီတွေဆီက ငွေစားပြီး လုပ်တယ်လို့ စွတ်စွဲကြတာပေါ့” ဟု မောင်တောမြို့ခံကပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment