Tuesday, December 11, 2012

၂၀၁၂ တွင် ကမ္ဘာပျက်မည်ဟူသော ကောလာဟလများ အခြေအမြစ်မရှိကြောင်း နာဆာမှ ပြန်လည်ချေပ


http://www.news-eleven.com/index.php?option=com_content&view=article&id=460:2009-11-02-07-41-47&catid=76:miscellanous&Itemid=145



https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash4/481716_568317899861186_549228495_n.jpg

၂၀၁၂ တွင်ကမ္ဘာပျက်မည် ဟူ သောကောလာဟလများမှာ အခြေ အမြစ်မရှိကြောင်းအမေရိကန်အမျိုး သားအာကာသအေဂျင်စီ(နာဆာ) မှ ထိပ်တန်း သိပ္ပံပညာရှင်တစ်ဦးက တုံ့ပြန်ချေပခဲ့သည်။နာဆာမှ Ask an Astrobiologist အစီအစဉ်၏အကြီးအကဲဖြစ် သူ ဒေါက်တာဒေးဗစ်မောရစ်ဆင် က ယင်းကောလာဟလနှင့်ပတ် သက်ပြီးစိုးရွံ့ကာ မေးမြန်းမှုပေါင်း ထောင်နှင့်ချီ လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း တို့အနက်မှ ထိပ်တန်းမေးခွန်း ၂၀ အား Astronomical Society of the pacific မှ ထုတ်ဝေသော ဆောင်း ပါးတစ်ပုဒ်တွင် ပြန်လည်ဖြေဆိုထား ခဲ့သည်။
အင်တာနက်တွင် ပျံ့နှံ့နေသော သီအိုရီများအရ မာယာရှေးဟောင်း ယဉ်ကျေးမှုလူ့အဖွဲ့အစည်းက သုံးစွဲ ခဲ့သောပြက္ခဒိန်ကို ယနေ့ ကမ္ဘာသုံး ပြက္ခဒိန်နှင့်ပြန်လည်တွက်ချက်လိုက် မည်ဆိုပါက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့အထိသာ ဖော်ပြ ထားပြီး ယင်းအချိန်တွင် ကမ္ဘာပျက် မည်ဟူသောကောလာဟလများပေါ် ထွက်လာခဲ့သည်။ ယင်းသံသယကို ပံ့ပိုးသည့်အနေဖြင့် ထင်ရှားသော သိပ္ပံဝတ္ထုရေးဆရာတစ်ဦးကလည်း သူ၏ ဆူမားမက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုအဖွဲ့အစည်းအကြောင်း ရေးသားသည့် သိပ္ပံဝတ္ထုတွင် ယင်း ရက်၌ နီဘီရုအမည်ရှိဂြိုဟ်တစ်လုံး က ကမ္ဘာကြီးကို ၀င်တိုက်မည်ဟု ဖော်ပြထားခဲ့သည်။ကမ္ဘာပျက်ကိန်း နှင့် ပတ်သက်သည့်နောက်ဆုံးထွက် ရုပ်ရှင်ကားဖြစ်သော 2012 အမည်ရ ဇာတ်ကားတွင်လည်း ၂၀၁၂ တွင် ကမ္ဘာကြီးသည် ဥက္ကာခဲများဝင် ရောက်တိုက်မိကာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ ပျက်စီးပုံကို ရိုက်ကူး ထားခဲ့သည်။
ယင်းဖြစ်စဉ်များပေါင်းစည်း ကာကောလာဟလမှပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာမောရစ်ဆင်က တစ်ချက်ချင်းပြန်လည်ဖြေရှင်းချက် ပေးထားခဲ့သည်။
ပထမဆုံးအနေဖြင့်ကမ္ဘာကြီး ကို နီဘီရုဆိုသောဂြိုဟ်က၀င်တိုက် မည်ဆိုခြင်းနှင့်ပတ်သက်ပြီးယင်း ဂြိုဟ်မှာ အမှန်တကယ်ရှိမည်ဟုပင် မယူဆရကြောင်း ဖြေရှင်းခဲ့သည်။ ကမ္ဘာအနားတွင်ရောက်နေပြီးမမြင် ရခြင်းဖြစ်သည် ဆိုခြင်းမှာလည်း လုံးဝမဖြစ်နိုင်ဟုဆိုသည်။ အစိုးရ က လူများမသိစေချင်သောကြောင့် ဖုံးကွယ်ထားသည်ဆိုခြင်းမှာလည်း မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။ အစိုးရကယင်းသို့ပြုလုပ်လိုလျင်ပင် နက္ခတ်ဗေဒပညာရှင်သောင်းနှင့်ချီ ရှိသောကြောင့် လျို့ဝှက်ထားနိုင်ရန် မဖြစ်နိုင်ဟုဆိုသည်။ ပညာရှင်များ သာမက အပျော်တမ်းနက္ခတ်ဝါသ နာအိုးများပါရှိသောကြောင့် တစ်ဦး တစ်ယောက်က တွေ့ခဲ့လျင်ချက်ချင်း ကမ္ဘာအနှံ့ပြန့်သွားမည်သာဖြစ်သည် ဟုဆိုသည်။
နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်း အကြောင်းကို မိမိ သိရှိကြောင်း၊ အမိန့်ပေးလျင်ပင် မလိုက်နာဘဲနေ မည်ဖြစ်သောကြောင့်နေအဖွဲ့အစည်း အတွင်းဂြိုဟ်ကြီး တစ်လုံး ၀င်လာ သည်ကိုမသိဘဲနေမည်မဟုတ်ကြောင်း ချေပခဲ့သည်။
မာယာ ယဉ်ကျေးမှုခေတ်က ပြက္ခဒိန်အရ ရက်ကုန်သွားပြီဆိုခြင်း ကိုလည်းပြန်လည်ရှင်းလင်းခဲ့သည်။ရှေးခေတ် ပြက္ခဒိန်များမှာ သမိုင်း ပညာရှင်များအတွက် စိတ်ဝင်စား ဖွယ်ရာဖြစ်သော်လည်း ယနေ့ခေတ် အချိန်အထိ သုံးစွဲနိုင်ရန် မဖြစ်နိုင် တော့ကြောင်း၊ ပြက္ခဒိန်တွင် ရက် ကုန်၍သာ ကမ္ဘာပျက်ကြေးဆိုလျင် မိမိစားပွဲပေါ်မှပြက္ခဒိန်မှာ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကုန်ပြီ ဖြစ်ကြောင်းတုံ့ပြန်ခဲ့သည်။
နဂါးငွေ့တန်းကြယ်စင် အတွင်း ဂြိုဟ်များ၏လမ်းကြောင်းတိမ်းစောင်း ကာ ကမ္ဘာ့ဆွဲငင်အားကို နှောင့်ယှက် ပြီး ကမ္ဘာကြီးကို ပြောင်းပြန်လည်စေ၊ တိမ်းစောင်းစေနိုင်သည်ဆိုသည်မှာ လည်း တွက်ချက်မှုများအရ မဖြစ်နိုင် ကြောင်း ချေပခဲ့သည်။
ကမ္ဘာကြီး၏ သံလိုက်စက် ကွင်း ၀င်ရိုးစွန်းမှာ အနှစ် ၄၀၀၀၀၀ ကြာလျင် တစ်ကြိမ်အပြောင်းအလဲ ရှိသော်လည်း ထောင်စုနှစ်များစွာ အတွင်းယင်းသို့ မဖြစ်နိုင်သေးသလို ဖြစ်လာလျင်လည်း မည်သို့မျအန္တ ရာယ်မရှိကြောင်း အချက်အလက် များကို ကိုးကား၍ ချေပခဲ့သည်။
2012 ရုပ်ရှင်မှာလည်း ဇာတ် လမ်းမျသာဖြစ်ပြီး အခြေအနေအမှန် နှင့်ခွဲမြင်ရန် လိုကြောင်း သုံးသပ်ခဲ့ သည်။

0 ကွန်မန့်ရေးရန်:

Post a Comment