Monday, June 18, 2012

ပထမဦးဆုံးသော Nokia Care Center ကို ရန်ကုန်မြို့၌ ဖွင့်လှစ်မည်


Nokia မိုဘိုင်းဟန်းဆက် အသုံးပြုသူများအတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Nokia Care Center ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်သွားမည်ဟု MobilTel Distribution မှ CEO ကိုကျော်ထူးလင်းက ပြောသည်။ Nokia ၏ အာရှဒေသတွင်းဆိုင်ရာ ရုံးချုပ်နှင့်ပူးပေါင်း၍ Nokia Care Centerud ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး နည်းပညာအရ ပြုပြင်ထိန်းသိမ်းခြင်းများနှင်
့ ဆက်စပ်အပိုပစ္စည်းများကို Care Center မှ ဖြည့်ဆည်းပေးသွားမည်ဟု သိရသည်။ "အခုဆိုရင် အပိုပစ္စည်းတွေက တရုတ်ဘက်ကလာတဲ့ဟာ မဟုတ်ရင်တောင် ကြုံရာနဲ့ပဲ အစားထိုး ပြုပြင်ကြတယ်။ Care Center အနေနဲ့ Nokia ကထုတ်တဲ့ နည်းပညာပစ္စည်းတွေနဲ့ပဲ အစားထိုး ပြုပြင်သွားမည့်အပြင်
ဝန်ဆောင်မှုပေးတဲ့ လူတွေအကုန်လုံးကလည်း Nokia က လေ့ကျင့်သင်ကြားပေးထားတဲ့ လူတွေပါပဲ" ဟု ကိုကျော်ထူးလင်းက ဆိုသည်။ ပြည်တွင်း၌ Nokia ဟန်းဆက်များကို ကုမ္ပဏီအသိအမှတ်ပြု အာမခံများနှင့် လွန်ခဲ့သော နှစ်ပတ်ခန့်မှ စတင်ရောင်းချခဲ့ပြီး အဆိုပါကဲ့သို့ ကုမ္ပဏီအသိအမှတ်ပြု ဟန်းဆက်များအတွက် တစ်နှစ်တာကာလအတွင်း Care Center ၌ အခမဲ့ပြုပြင်လဲလှယ်ပေးမည် ဖြစ်သည်။ "Care Center ကို ဒီနှစ်မကုန်ခင်မှာ ရန်ကုန်မှာ ၂ ခု၊ မန္တလေးမှာ ၁ ခု ဖွင့်သွားဖို့ လုပ်နေတယ်။ နောက်နှစ်အတွင်းမှာ ဆိုရင်တော့ ၁၀ ခုလောက်အထိ ဖွင့်သွားဖို့ စီစဉ်ထားတယ်" ဟု ကိုကျော်ထူးလင်းက ပြောသည်။ Nokia ဟန်းဆက်အသုံးပြုသူများအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများနှင့် ဆော့ဖ်ဝဲလ်၊ ဟာဒ်ဝဲလ်ကို ဖြည့်ဆည်းပေးနိုင်ရန် ကုမ္ပဏီအသိအမှတ်ပြု Care Center များကို Nokia အနေဖြင့် နိုင်ငံတကာ၌ ဖွင့်လှစ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွက် Care Center ကိုမူ MobilTel နှင့် ပူးပေါင်း၍ ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "  
Forward Mail

0 ကွန်မန့်ရေးရန်:

Post a Comment