Monday, June 18, 2012

မြန်မာနိုင်ငံမှာပဲ အခြေချ နေထိုင်တော့မယ့် အောင်သူရ


ဆွစ်ဇာလန်မှာ နေထိုင်နေတဲ့အောင်သူရက မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Thura Swiss  ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို တစ်ပတ် ကြာလာရောက်ခဲ့ပါတယ်။ အောင်သူရက မြန်မာပြည်ပဲ ပြန်လာချင်တဲ့အတွက် ဆွစ် ဇာလန်က ဘဏ်အရာရှိကနေ နုတ်ထွက် စာတင်ခဲ့ပြီး ဆွစ်ဇာလန်ဘဏ်ကလည်း မထွက်စေချင်ဘဲ ညှိနှိုင်းမှုတွေလုပ်တဲ့တွက် ဇွန်လကုန်ထိ လုပ်ပေးပြီး ဂျူလိုင်လဆန်းမှာ မြန်မာနိုင်ငံကို အပြီးပြန်လာတော့မှာဖြစ် ကြောင်း ပြောပါတယ်။ ဆွစ်ဇာလန်မှာ ဘဏ်လုပ်ငန်း အတွေ့အကြုံများစွာ ရှိခဲ့တဲ့ အောင် သူရက မြန်မာပြည်မှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ စဉ်းစားနေဆဲဖြစ်ကြောင်းကို ”ကျွန်တော်အမျိုးမျိုးတော့ စဉ်းစားထား ပါတယ်။ ဘဏ်တွေမှာအကြံပေးအနေနဲ့ လုပ်ပေးစေချင်တယ်။
ကျွန်တော်ကလည်း ဘဏ်မှာလုပ်လာတာကြာတော့ ဒါကို ကျွမ်းကျင်တယ်။ မြန်မာပြည်က ဘဏ်တွေက လည်း အကြံဥာဏ် ပေးချင်တယ်။ နည်းပညာပိုင်းတွေ ကူပေးစေချင်တယ်။ နိုင်ငံခြားက ဘဏ်လုပ်ငန်းလုပ်တဲ့ လူတွေနဲ့စကားပြောဖြစ်တယ်။ သူတို့ကလည်း ကျွန်တော် ကတစ်ဆင့် ဝင်ချင်တယ်ပြောတယ်။ မြန်မာပြည်မှာ  Banking Software တွေ ပြန်ရောင်းချင်ကြတယ်။ သူတို့နဲ့ဆွေးနွေးတုန်း၊ ညှိတုန်းပါပဲ”လို့ ပြောပါတယ်။ အောင် သူရက နောက်ပိုင်းမှာ Thura Swiss ကုမ္ပဏီအတွက်ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး လိုအပ်တယ်ဆိုရင် ဥရောပ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံများမှ လုပ်ငန်းရှင်များနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ကျန်တဲ့အချိန်တွေမှာတော့ မြန်မာနိုင်ငံမှာပဲ နေထိုင် သွားမှာဖြစ်ကြောင်းပြောပါတယ်။ အခုဆိုရင်တော့ နိုင်ငံခြားသားတွေ က မြန်မာဆိုရင် ပိုပြီး စိတ်ဝင်စားမှုတွေ ရှိလာကြောင်းကို အောင်သူရက..”အခုဆိုရင် လူတိုင်းလိုလိုက မြန်မာပြည်ကို စိတ်ဝင်စားကြတယ်။ ပြီးခဲ့တဲ့ နှစ် ၂ဝ လောက်က သတင်းစာတွေထဲမှာ မြန်မာပြည်အကြောင်းတွေ မတွေ့ရဘူး။ အခုတော့ သတင်းစာထဲမှာ နေ့တိုင်းလိုလို တွေ့နေတော့ လူတွေက စိတ်ဝင်စားကြတယ်။ ကျွန်တော် ကလည်း မြန်မာဆိုတာသိတော့ အကုန်လုံးက မေးကြတယ်။ အခြေအနေဘယ်လိုလဲ အပြောင်းအလဲက တကယ်မှန်ရဲ့လား။ ကျွန်တော်က ဒီအစိုးရက ပြောင်းစေချင် တယ်ဆိုတာ ယုံတယ်။ တိုင်းပြည်ကိုလည်း တိုးတက်သွားစေချင်တယ်ဆိုတာ ယုံတယ်။ ကိုယ်တိုင်လည်း ဒီလိုယုံလို့ အင်တိုက်အားတိုက်နဲ့ မြန်မာပြည်ကို ပြန်လာခဲ့ တာပါ”လို့ ပြောပါတယ်။ အောင်သူရက အခွင့်သာတယ်ဆိုရင်တော့ ရုပ်ရှင်တို့၊ဗီဒီယိုတို့ကို ပြန်လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ လတ်တလော အတွင်းမှာပဲ အောင်သူရ က မြန်မာပြည်မှာ ရုပ်ရှင်ရိုက်ကူးတဲ့အကြောင်းကို နာမည်ကြီး ဆွစ်ဇာလန်သတင်းစာတစ်ခုမှာ ပါတော့မှာဖြစ်ပြီး၊ ဆွစ်ဇာလန်ရုပ်သံတစ်ခုကလည်း မြန်မာပြည်ကို တစ်ခေါက်လာပြီး အောင်သူရနဲ့ Documentary ရိုက်ဖို့ လာပြောထားကြောင်း သိရပြီး ဘယ်တော့ရိုက်ဖြစ်မလဲတော့ မသိသေးကြောင်း အောင်သူရက ပြောပါ တယ်။ မေလ၂ဝရက်နေ့က မြန်မာနိုင်ငံ ပြန်လာတဲ့ အောင်သူရက မေလ၂၈ရက်မှာ ဆွစ်ဇလန်ကို  ပြန်သွားခဲ့ပါတယ်။
ခိုင်ဝေလွင်

0 ကွန်မန့်ရေးရန်:

Post a Comment